ဆေးဆေး-ခိုတွယ်ရာ

-အိုင်တီပညာရှင်မြန်မာလူငယ်လေးတစ်ယောက်ရဲ့ ဒါမွန်းက စိတ်ဝင်စားဖွယ်ရာဇာတ်ကြောင်းလေး-
-ဖခင်ဆုံးပြီးမိခင်လောင်းကစားကြွေးတွေနဲ့ညီမလေးဖြစ် သူရဲ့ရှေ့ရေးကြောင့်သူ့ဘဝတစ်ခုလုံးမိသားစုရဲ့တာဝန်ကို ပုခုံးပြောင်းယူခဲ့ရရှာသူမင်းမာန်
-ယမကာနတ်ဆိုးကြောင့်သွေးဆိုးဒေါသဖြစ်ရပြီးသူ့ဘဝ တစ်ခုလုံးထင်မှတ်မထားတဲ့အပြောင်းအလဲများနဲ့ရင်ဆိုင်ရ။ လောကဓံတရားရဲ့ရိုက်ချက်ကကြောက်လန့်ဖွယ်ရာအတိပါ။
-သေမင်းတမန်ရှေ့ပြေးကော်ဖီတစ်ခွက်ကြောင့်သူ့ဘဝဟာ နိုင်ငံကြီးသားတို့ရဲ့အသုံးချခံဖြစ်ခဲ့ရတယ်။ အားနည်းသူဖြစ်ခဲ့ရတော့မြေနိမ့်ရာလှံစိုက်ဆိုသလိုကြားထဲကမြေဇာပင် ဘဝရောက်ခဲ့ရတယ်။ရေခြားမြေခြားကိုသွားရောက်လုပ်ကိုင် သူတွေရဲ့ဘဝ ဘဝတွေကိုစာနာ နားလည်သွားရပါတယ်။
-သူ့အတွက်ကသေလူနဲ့မခြားဘဝနဲ့ပါ။သေခြင်းမှာလူဟာ တစ်ခါပဲသေရပေမယ့်ရှင်လူမှာတော့ဘဝဟာအခါခါ သေဆုံးခံခဲ့ရတဲ့ခံစားမှုနဲ့ပါ။သူ့ဘဝဟာမိသားစုအတွက်သေခဲ့ရသလို အသုံးချခဲ့သူတွေရဲ့စွန့်ပစ်ခြင်းတွေမှာလည်းနာကျင်ရတယ်။ ကိုယ်ပိုင်ဘဝပျောက်ဆုံးတဲ့ရှင်သန်ခဲ့ရသူရဲ့ဘဝဟာပိုနာကျင်ရပါလားနော်။
– ဘယ်နေရာကမှ မလိုအပ်တော့တဲ့ရက်ရက်စက်စက်စွန့်ပစ်ခံရတဲ့နာကျင်မှုဟာ ဘယ်လောက်တောင်ခါးသီးသလဲဆိုတာကို သူ့နေရာဝင်ကြည့်မိရင်း ဝမ်းနည်းသွားရတဲ့အထိပါ။ သူ့အတွက် ခိုတွယ်ရာကခက်ခက်ခဲခဲနှင့်ရှင်သန်နေရခြင်းပါ။
-သူ့ရဲ့အခက်အခဲဆုံးနေ့ရက်တွေမှာလည်းသူ့ဖေဖေကို တမ်းတပုံလေး-
“ဖေဖေ….ဖေဖေပြောခဲ့သလို ပြဿနာရဲ့အဆုံးသတ်ကို
ရောက်ဖို့ ဘယ်လောက်အထိ ကျွန်တော်တောင့်ခံရမလဲ ဖေဖေ”
တဲ့ သနားဖွယ်ရာသူ့ဘဝလေးပါလေ။ေနာက်-ချစ်ရတဲ့မိုးနဲ့လည်းကွေကွင်းခဲ့ရတယ်။ရင်ထဲထိရှ
စာအုပ်လေးစကြော်ငြာဝင်ကတည်းကခိုတွယ်ရာ ဆိုတဲ့ခေါင်းစဉ်ကိုစိတ်ဝင်စားမိတယ်ပြောရမလားပဲ။ မှာပြီးစာအုပ်လေးရောက်လာတော့လည်းစာအုပ်ဒီဇိုင်း
လေးကိုနှစ်သက်မိပြန်ရော။စာအုပ်ဖတ်ရပြန်တော့လည်း ဆရာမရဲ့တမူထူးခြားဆန်းပြားတဲ့အရေးအသားတွေကြောင့် နှစ်သက်ရပြန်တယ်။အချိတ်အဆက်မိမိအလစ်အလပ်မရှိ ပိုင်ပိုင်နိုင်နိုင်နဲ့ရေးသားနိုင်တာကြောင့်လည်ချီးကျူးရပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ကလည်းအခိုင်အမာနဲ့ စိတ်ဝင်စားမှုအမြင့်ဆုံးရယ်ပါ။ကြောက်စရာလည်းကောင်းရတယ်။ အက်ရှင်ဇာတ်ကားတစ်ကားကြည့်ရသလို ဘာဖြစ်မလဲ ဘာဖြစ်မလဲ ရင်တမမနဲ့ကြည့်နေရသလိုပါ။
အဆုံးမှာဘာဖြစ်မလဲခန့်မှန်းလို့မရနိုင်တာကိုက ပိုနှစ်သက်ရတယ်လို့ဆိုရမလားပဲ။အကြိုက်ဆုံးပါလို့နော်။ မှတ်ချက်(စာအုပ်ဖတ်ပြီးမင်းမာန်နဲ့မိုးကို သနားလွန်းလို့သူတို့နှစ်ယောက်ရဲ့အချစ်သင်္ကေတ ပန်းလေးနဲ့စာအုပ်ပုံလေးရိုက်ပေးလိုက်ပါတယ်။ ပုန်းညက်ပန်းရယ်ပါ။ပန်းကတော့မိုးရာသီမှာပွင့်တာမို့အပင်လေး
နဲ့ပဲရိုက်ပြီးတင်ပေးလိုက်တယ်နော်)
KPCM
16.4.23