သမန်းဝံပုလွေ ဘယ်ကစ (***Spoiler Alert***)


Featured Image
နှင်းမုန်တိုင်းတွေ သည်းသည်းထန်ထန် တိုက်ခတ်နေတဲ့ တစ်ခုသော ဇန်နဝါရီညမှာ တာကာမေးစ်မြို့လေး ကျိန်စာစသင့်ခဲ့တယ်။ ပထမဆုံးသားကောင်က မီးရထားလမ်းပြ အာနီပဲ ဖြစ်ပါတယ်။ နောက်တော့ တစ်လမှာ တစ်ကြိမ် လူတွေ၊ တိရစ္ဆာန်တွေ ရက်ရက်စက်စက် အသတ်ခံရတယ်။ ဒီအထဲမှာ အသက်မသေဘဲ ထူးထူးခြားခြား ကံကောင်းခဲ့တာကတော့ ၀ှီးချဲနဲ့ နေရရှာတဲ့ ဒုက္ခိတလေး မာတီပါ။ လူယောင်ဆောင်နေတဲ့ သမန်းဝံပုလွေ ဘယ်သူမှန်း မာတီတစ်ယောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ သိသွားချိန်မှာပဲ သူ့အကြောင်း သိသွားမှန်း ရိပ်မိသွားတဲ့ အဲဒီလူဆိုးကလည်း မာတီ့ကို နှုတ်ပိတ်ဖို့ ကြိုးစားလာပါတော့တယ်။
ငွေလရောင်ကျိန်စာလို့ နာမည်ပေးထားတဲ့ Cycle of the Werewolf ကို ၁၉၈၃ နို၀င်ဘာမှာ Land of Enchantment စာအုပ်တိုက်ကနေ ပန်းချီဆရာ ဘာနီရိုက်စတန်ရဲ့ သရုပ်ဖော်ပုံတွေနဲ့ novella(၀တ္ထုလတ်)အဖြစ် ထုတ်‌ေ၀ခဲ့ပါတယ်။ Pet Sematary(ဇော) နဲ့ တစ်လတည်းအတူတူ ထွက်ခဲ့တာပါ။ ရုပ်ရှင်အဖြစ် ဖန်တီးတဲ့အခါမှာတော့ ဇာတ်လမ်းထဲက လူသတ်မှုတွေကို စာအုပ်ထဲကလို ဇန်နဝါရီကနေ ဒီဇင်ဘာအထိ တည်မထားဘဲ နွေဥ◌ီးကနေ ဟောလိုး၀င်းအထိပဲ ထားလိုက်တဲ့အတွက် Silver Bullet လို့ အမည်ပေးခဲ့ပါတယ်။ စာအုပ်မှာ ဇာတ်လမ်းကို ဇန်န၀◌ါရီကနေ ဒီဇင်ဘာအထိ လအမည်တွေ ပေးထားတဲ့ အခန်း ၁၂ ခန်း ရှိပြီး တစ်လကို ဇာတ်လမ်းတိုတစ်ခုအဖြစ် ရေးဖွဲ့ထားတာက ထူးခြားတဲ့ တင်ဆက်ပုံလို့ ပြောလို့ ရတယ်။
***Spoiler Alert***
ဒီဇာတ်လမ်းထဲမှာ သမန်း၀ံပုလွေက ဘယ်တုန်းက စဖြစ်နေသလဲဆိုတဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ ရုပ်ရှင်မှာ တိကျတဲ့ အဖြေပေးမထားပေမယ့် ၀တ္ထုထဲမှာတော့ နေသာကုန်းရဲ့ သုဿာန်ငယ်တစ်ခုနားက ပန်းတွေ ခူးရာက စတယ်လို့ ထင်တဲ့အကြောင်း ပါပါတယ်။ ကျနော့်စိတ်ကြိုက်အမြင်နဲ့ဆို အရပ်တစ်ပါးက ပြောင်းလာတဲ့ ခင်ကြီးတစ်ပါးအနေနဲ့ ယူဆချင်မိပါတယ်။

Main Menu