အပူသစ်နှင့် ရယ်ကြပါသည်


Featured Image

အပူသစ်နှင့် လူဖြစ်စေတတည်း#သံရည်ကျိုစက်ရုံဝန်ထမ်းဘဝ၊ ထိုအနီးနားဝန်းကျင်မှ လက်လုပ်လက်စား မိသားစုများ၏ တစ်နေ့တာ ဝမ်းစာဖြေရှင်းပုံ၊ဖခင်ဖြစ်သူ ကျန်းမာရေးဆေးဖိုးကြောင့် စက်ရုံဝန်ထမ်း လစာမှာ မလောက်ငသောကြောင့် အကြံအဖန်လုပ်မိသော အလုပ်သမားများ၊ အလုပ်ချိန်တွင် အလုပ်ကို စိတ်ပါဝင်စား တာဝန်ကျေပွန်စွာလုပ်တတ်သော်လည်း ၊အလုပ်ချိန်နှင့် ကင်းကွာ၍အိမ်ပြန်ချိန်ဘတ်စကားပေါ်တွင် ငွေကိုအလွယ်ရှာမိသော လူငယ်လေးတစ်ယောက်၏ အဆုံးသတ်နိဂုံး မကောင်းပုံ၊
အချစ်စစ်မှန်ရင် တစ်နေ့ပေါင်းရမည် ဖြစ်သော်လည်း ကျန်းမာရေးချူချာနေသောဖခင်နှင့် မွေးကတည်းက ဆေးနှင့်အသက်ဆက်နေရသော ညီမထွေးတို့ကိူ ထောက်ပံ့ရင်း မိမိတို့နှစ်ယောက်တစ်ဘဝ ဘယ်တော့များမှ တည်ဆောက်ရမည် မသိသော သိန်းထူးနှင့်အေးအေးမြင့် တို့မှာအချစ်ရေးထက်၊ ဝမ်းရေးနှင့် မိသားစုအရေးကိုသာ ဦးစားပေးနေကြရပုံ၊ စက်ရုံ အလုပ်သမားမိသားစုများ အလှူပြုလုပ်နိုင်ရန် လစာများထဲမှ အနည်းငယ်စီပါဝင်ကြရသော်လည်း အလှူရေးတွင် လှူရုံနှင့်မပြီး စားရေးသောက်ရေး ဧည့်သည်များဧည့်ခံရေးနှင့် ရှင်သာမ​ေဏများအတွက် အဝတ်အစားလိုအပ်ချက်သည်ကလည်း အရေးကြီးသောကြောင်း၊ လူမသေ ငွေမရှား ဘဝကြီးတွင် ရိုးသားဖို့ လိုအပ်ကြောင်း၊ အရပ်ကောင်းလျင် အလောင်းလှတယ်ဆိုတဲ့ စကားဟာ သိပ်မှန်ပါလားဆိုတာ သိလာစေပါတယ်။
📖ဆင်းရဲလို့ ဘဝကိုစိတ်ပျက်စရာမလို၊ အားငယ်နေစရာမလို၊ ကိုယ်လုပ်နိုင်တာကို စေတနာသန့်သန့်နဲ့လုပ်ရင် ဘဝဆိုတာ နေချင်စရာ ကောင်းပါလားလို့ မြင်တတ်လာလိမ့်မယ်။ဆင်းရဲလို့ ဘယ်တော့မှ လောကကိုစိတ်မနာပါနဲ့။
ရိုးဂုဏ်ဟာ စားမကုန်ဘူးလို့လဲ ကြားဖူးတယ်။
#မောင်စိန်ဝင်း (ပုတီးကုန်း)
……………………………………………………………….
မရယ်ရ၍ ရယ်ကြပါသည်
😊😊😊😊😊😊😊
ကျွန်တော်တို့လည်း တစ်ခါတလေ ဖြစ်ဖူးကြပါတယ် အကြောင်းပြချက်မရှိပဲ အကြောင်းအရာ တစ်ခုခုကိုတွေးမိရင်း ရယ်ခဲ့ဖူးကြမှာပါ။ထို့ကြောင့် ရယ်ခြင်းမှာ အဓိပ္ပါယ်ရှိသော်လည်း.၊ အကြောင်းပြချက်မရှိခဲ့……….
📖ပီယ#
ဟိုအလုပ်လည်း ငြင်း၊ ဒီအလုပ်လည်း ခေါင်းခါနဲ့ လုပ်ခဲ့တာဟာ
ဘာအလုပ်မှမလုပ်ချင်လို့မဟုတ်ပါဘူး၊ အဖေ မအောင်မြင်ခဲ့တဲ့ အလုပ်တစ်ခုကို သူ့အလှည့်မှာ အောင်မြင်ရမယ်ဆိုတဲ့ ရည်ရွယ်ရှိနေသူပါ။ ကဗျာဆရာ၊ စာရေးဆရာ ဖြစ်ချင်တာဟာ.သူ့ဘဝရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ခဲ့သည်။
အနုပညာသည်သူ့ဘဝ၊ အနုပညာသည် သူ့စိတ်နှင့် သူ့ခန္ဓာဝင်သက်၊ ထွက်သက်တိုင်းကို ပေးဆပ်ကာ နောက်ဘဆိုတာ ရလာရင်တောင် ဒီနိုင်ငံမှာအနုပညာပါရမီ ဖြည့်ပေးသူတစ်ယောက် ဖြစ်ချင်သည်အထိ ရူးသွပ်ခဲ့သော “ပီယ”တစ်ယောက် အနုပညာ၏အောင်မြင်သော နေရာတစ်ခုကိုရှာဖွေကာ၊ အနုပညာအပေါ်ထားသော သစ္စာနှင့် သမုဒယတို့တွယ်နှောင်ရာ အချစ်ဟု ခေါ်တွင်လာမည့် “သက်ပန်”နှင့် တွေ့ကြသောအခါ………
အနုပညာနှင့် အချစ် ဒွန်တွဲလာသောအခါ……
📖📖ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)နှင့် ဆရာဟိန်းဆက်သွင်တို့ နှစ်ဦးပေါင်း၍ ထွက်လာသော ဝတ္ထုလတ်အမျိုးအစားစာအုပ်လေးပေါ့၊ တစ်ပုဒ်ကို ပြည့်ဝသော ရသတစ်ခုစီပေးစွမ်းသည်။
ဘဝတစ်ခုဟာ အမြဲအဆင်ပြေနေတာ မရှိနိုင်ဘူး၊ ဒါကြောင့် ဖြစ်ပျက်နေမှုအပေါ် အားငယ်နေစရာမလို၊ ကိုယ်လုပ်နိုင်တာကို အရိုးသားဆုံး လုပ်တတ်ဖို့လိုကြောင်း၊ အချစ်သည် ဘဝတစ်ခုဖြစ်ခဲ့သော်လည်း၊ မိမိလက်ခံရုံကြည်ထားသော ခံယူချက်ကြောင့် မိမိချစ်သောအနုပညာသည် ဘယ်တော့မှသစ္စာဖောက်သွားမည်မဟုတ်
ထို့ကြောင့် အရာရာကို အရယ်မျက်နှာဖြင့်ကြည်မိပါတော့လေသတည်း……..။
📖📖#EI KYAWKT

Main Menu