ကမ္ဘာ့ဂန္ထဝင် ၁၀
ကမ္ဘာ့ဂန္ထဝင် ၁၀ |
|
🖊 စာရေးဆရာ | ကျော်အောင် |
---|---|
📖 စာပေအမျိုးအစား | အက်ဆေး (ဘာသာပြန်), အတ္ထုပ္ပတ္တိစာအုပ်များ |
စာမြည်းဖတ်ရန် | View PDF |
🗒 စာမျက်နှာ | 419 |
ပုံနှိပ်မှတ်တမ်း | စတုတ္ထအကြိမ် |
အရွယ်အစား | 5.3 x 8.3 |
💸 တန်ဖိုး | Ks 13,000 |
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384 |
ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်လေးဟာ ကမ္ဘာကျော်စာရေးဆရာ ဝီလျံဆမ်းမားဆက်မွမ်က ကမ္ဘာကျော်ဝတ္ထုဆယ်ပုဒ်အကြောင်းကို စာရေးဆရာတို့ရဲ့ ဘဝဖြစ်စဉ်နဲ့ ထင်ဟပ်ဆန်းစစ်ပြထားတဲ့ စာအုပ်ကောင်း တအုပ်ပါ။ ဆမ်းမားဆက်မွမ်ဟာ ကိုယ်တိုင် ဝတ္ထုကောင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး အခြားဝတ္ထုကောင်းများကိုလဲ နက်နက်နဲနဲ ဖတ်ရှုလေ့လာဆန်းစစ်သူဖြစ်ပါတယ်။ သူ ဖတ်ရှုလေ့လာဆန်းစစ်ထားတဲ့ စာအုပ်ပေါင်းများစွာထဲကမှ စာဖတ်သူတို့အတွက် အကောင်းဆုံး ဖြစ်စေမယ်လို့ ယူဆတဲ့ စာအုပ်ဆယ်အုပ်အကြောင်း ကမ္ဘာ့ဂန္ထဝင် ၁၀ မှာ ပြန်လည်မျှဝေ ညွှန်းဆိုထားပါတယ်။
ဝီလျံဆမ်းမားဆက်မွမ် မျှဝေထားတဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်တွေက –
၁ – ဟင်နရီဖီးလဒင်း ၏ တွမ်ဂျုံး
၂ – ဂျိန်းအော်စတင် ၏ မာနနှင့် အာဃာတ
၃ – စတင်ဒယ် ၏ အနီနှင့်အနက်
၄ – ဗားလဇက် ၏ ဖခင်ဂိုရီယိုး
၅ – ချားဒစ်ကင်း ၏ ဒေးဗစ်ကော့ပါးဖီး
၆ – ဖလောဗဲယား ၏ မဒမ်ဗိုဗာရီ
၇ – ဟာမင်းမဲလဗီး ၏ မိုဗီဒစ်
၈ – အယ်မီလီဗရွန်တီ ၏ လေထန်ကုန်း
၉ – ဒေါ့စတာယက်စကီ ၏ ကာရာမာဇော့ညီအစ်ကိုများ
၁၀ – တော်လစတွိုင်း ၏ စစ်နှင့်ငြိမ်းချမ်းရေး တို့ ဖြစ်ပါတယ်။
ဆမ်းမားဆက်မွမ် ရွေးချယ်ထားတဲ့ ဝတ္ထုအမည်တွေကို ကြည့်တာနဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်ဟာ စာပေတန်ဖိုး မည်မျှရှိကြောင်း အထူးညွှန်းဆိုနေစရာ မလိုတော့ဘူး ထင်ပါတယ်။ ဒီစာအုပ် တအုပ်တည်းကို ဖတ်လိုက်ရုံမျှနဲ့ ကမ္ဘာ့ဂန္ထဝင် အကောင်းစား ဝတ္ထုဆယ်အုပ်အကြောင်းနဲ့တကွ ၎င်းဝတ္ထုတို့ကို ရေးသားသူ စာရေးဆရာ/ဆရာမကြီးတို့အကြောင်း၊ ဝတ္ထုအတတ်ပညာ၊ ဝတ္ထုဝေဖန်ရေး၊ ဝတ္ထုကောင်းတို့ရဲ့ ဂုဏ်အင်္ဂါ၊ စာပေအနုပညာတို့အကြောင်းတွေကိုပါ တဝကြီး ဖတ်ရှုလေ့လာရပါဦးမယ်။
ဝီလျံဆမ်းမားဆက်မွမ် ရေးသားပြီး ဆရာကျော်အောင် ဘာသာပြန်တဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ ကို ဖတ်ရှုပြီးတဲ့အခါ စာပေလေ့လာသူတို့အနေနဲ့ –
• ဝတ္ထုဘယ်နှမျိုးရှိလဲ၊
• ဝတ္ထုတိုင်း ဝတ္ထုပီသရဲ့လား၊
• ဘယ်လိုဝတ္ထုမျိုးက ဝတ္ထုကောင်းလဲ၊
• ဝတ္ထုကောင်းတွေရဲ့ အင်္ဂါရပ်က ဘာလဲ၊
• သူများပြောတိုင်း … နာမည်ကြီးတိုင်း … ဝတ္ထုကောင်းလား၊
• ဝတ္ထုရေးသူတိုင်း ဝတ္ထုရေးတဲ့ အတတ်ပညာကို တတ်ကြရဲ့လား … လိုက်နာရဲ့လား … ဆိုတဲ့ မေးခွန်းများအတွက် အဖြေများကို အကောင်းဆုံး ဆဝါးမိသွားစေမယ်လို့ ယုံကြည်ပါတယ်။
ဘာသာပြန်ဆိုသူ ဆရာကျော်အောင်က “ဤစာတမ်းများသည် ဝတ္ထုစာပေအဖွဲ့ကို ပို၍ သိနားလည်လာအောင် အထောက်အပံ့ပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်း” လို့ အမှာစာမှာ ဆိုထားပါတယ်။ ကမ္ဘာ့ဂန္ထဝင်စာပေကို လေ့လာသူ၊ ဝတ္ထုရေးသားခြင်းကို စိတ်ဝင်စားသူ၊ ဝတ္ထုများကို ပညာရပ်ဆန်ဆန် မည်သို့ညွှန်းဆိုထားသည်များကို လေ့လာလိုသူတို့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတအုပ် ဖြစ်ပါတယ်။