ပွဲဦးထွက်စာပေဆောင်းပါးများ

ပွဲဦးထွက်စာပေဆောင်းပါးများ

🖊 စာရေးဆရာ
📖 စာပေအမျိုးအစား
စာမြည်းဖတ်ရန် View PDF
🗒 စာမျက်နှာ 112
ပုံနှိပ်မှတ်တမ်း ဒုတိယအကြိမ်
အရွယ်အစား 5.3 x 8.3
💸 တန်ဖိုး Ks 6,000
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384

In stock

“တစ်ခါတစ်ရံ စာဖတ်သူအချင်းချင်း စာကြောင်းပေကြောင်း ဆွေးနွေးရသည်မှာ အရသာတစ်မျိုး ဟု ထင်ပါသည်”

ဆရာ(ဦး)အောင်သင်းဟာ ရသစာပေများ၊ လူငယ်အကျိုးပြုစာပေများ အပါအဝင် စာပေလက်ရာမျိုးစုံကို ရေးသားပြုစုခဲ့တဲ့ စာရေးဆရာတစ်ဦးဖြစ်ပြီး ဆရာရဲ့ စာပေဆိုင်ရာ လေ့လာချက်ဆောင်းပါးတွေဟာလည်း လူကြိုက်များ ကျော်ကြားလှပါတယ်။ ဆရာ(ဦး)အောင်သင်းဟာ ဒီစာအုပ်ပါ စာပေဆောင်းပါးတွေကို ၁၉၇၁ ခုနှစ်တဝိုက်မှာ စတင်ရေးသားခဲ့ပါတယ်။ စာပေဆောင်းပါးများ ဖြစ်သည်နှင့်အညီ ဝေဖန်ရေး၊ ထောက်ပြခြင်း၊ လေ့လာချက်၊ အညွှန်း စသည့်လက်ရာများ ပါဝင်ပြီး ဒီစာပေဆောင်းပါးတွေကို စတင် ရေးသားရာမှာ လက်ဖက်ဝိုင်းတစ်ခုကနေ အစပြုခဲ့ပါသတဲ့။ တက္ကသိုလ်မင်းမော်၊ ရှုမဝအယ်ဒီတာ မောင်မြင့်မြတ်၊ ဆရာ(ဦး)အောင်သင်း တို့ သုံးယောက် လက်ဖက်ရည်ဆိုင် ထိုင်ရင်း အဲ့ဒီအချိန်အခါတုန်းက အင်မတန် ဆွေးနွေးငြင်းခုံလို့ကောင်းတဲ့ ခေါင်းစဉ်ဖြစ်တဲ့ ကာရန်မဲ့ကဗျာများအကြောင်း ရောက်သွားတယ်။ ဆရာ(ဦး)အောင်သင်းက စကားဝိုင်းမှာ ကာရန်နဲ့ ကာရန်မဲ့အကြောင်း ပြောဆိုရာက ရှုမဝမဂ္ဂဇင်းမှာ “မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ” ဆိုတဲ့ ဆောင်းပါး ပါရှိလာပါတယ်။ အဲ့ဒီမှာ အများတွက်ဆ မထားတဲ့ အမြင်ရှုထောင့်တစ်ခုဟာ စာဖတ်ပရိသတ်များရဲ့ ရင်ကို ထိခတ်သွားခဲ့ရာက အောင်သင်းဟာ စာပေဆောင်းပါး ကလောင်ရှင်ဖြစ်လာခဲ့တယ်။

အဲ့ဒီကနေ “ရှေ့နေကောင်းနဲ့ သက်သေကောင်း” “အညာစာတမ်းတစ်စောင်ကို သုံးသပ်ခြင်း” စတဲ့ စာပေဆောင်းပါးတွေ ဆက်လက်ရေးသားခဲ့ပါတယ်။ ထို့နောက် ဝေဖန်ရေးဆောင်းပါး သုံးပုဒ် လေးပုဒ်တည်းနဲ့ နာမည်ကြီးသွားတဲ့ ကလောင်ရှင်ဟု ချီးကျူးမှုတွေ ရခဲ့သလို ပဋိပက္ခ ဆန်ဆန် အရေးအသားများ ရေးလေ့ရှိတာကြောင့် စာရေးဆရာ၊ အယ်ဒီတာ ဝင်းငြိမ်းကနေ “စာပေလူကြမ်းမင်းသား အောင်သင်း” လို့ ကင်ပွန်းတပ်ခဲ့တယ်။ ဘာကြောင့် စာပေလူကြမ်းမင်းသား ဖြစ်ရလဲဆို “လူကြမ်းဟု ဆိုသော်လည်း တမင်သက်သက် ပွဲဆူအောင် လုပ်ခြင်းမဟုတ်ဘဲ စာပေတိုးတက်ရန် စေတနာမှန်သောကြောင့် မင်းသားဟု ဆိုနိုင်ကြောင်း” ဆိုတာကို ထည့်သွင်း ရေးသားခဲ့တယ်။

ပွဲဦးထွက်စာပေဆောင်းပါးများ စာအုပ်မှာ ဆရာ(ဦး)အောင်သင်းရဲ့ ထိမိ စူးရှ သွက်လက် ထက်မြတ်တဲ့ စာပေဆောင်းပါး ၁၁ ပုဒ်ကို ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပြီး ခေါင်းစဉ်များက –
(၁) မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ
(၂) ရှေ့နေကောင်းနဲ့ သက်သေကောင်း
(၃) အညာစာတမ်းတစ်စောင်ကို သုံးသပ်ခြင်း
(၄) ဒဂုန်တာရာ၏ စာပေအယူအဆကို လေ့လာခြင်း
(၅) ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း
(၆) အညာစာတမ်း၏ နောက်ဆက်တွဲ
(၇) လောက၏ ခင်ပွန်းကောင်းကြီးများ
(၈) သူတို့ ဝေဖန်ရေး
(၉) မင်းသုဝဏ်၏ သူ့မှာတမ်း
(၁၀) ကြည်အေး၏ သစ္စာသစ်
(၁၁) ဇော်ဂျီ တွေးပုံ ရေးပုံ တို့ ဖြစ်ပါတယ်။

ဒီစာပေဆောင်းပါးတွေကို ဆရာ(ဦး)အောင်သင်းက စာပေပညာရှင်များ၏ သုံးသပ်ပုံချည်းပဲလည်း မဟုတ်၊ အလွတ်သဘော ပြောဆိုပုံလည်း မဟုတ်၊ စာပေသမားအချင်းချင်း ချက်ကျလက်ကျ ဆွေးနွေး ဝေဖန်သည့်ပုံစံများဖြင့် ရေးသားထားကြောင်းကို –
“ကျွန်တော်သည် စာပေဝေဖန်ရေးသမားတစ်ယောက်အနေနဲ့ ရေးခဲ့ခြင်း မဟုတ်ပါ။ မောက်မောက်မာမာလည်း မပြောခဲ့ပါ။ သရော်လှောင်ပြောင်မှုလည်း မပြုခဲ့ပါ။ လေးစားစွာ စကားဆိုခဲ့သည်။ စာရေးဆရာများကို လေးစားသော၊ စာပေကို မြတ်နိုးစွာဖတ်သော စာဖတ်သူတစ်ယောက်အနေနှင့်သာ ရေးခဲ့ပါသည်။ လေးစားလောက်သော စာပေဝေဖန်ရေးသမားတစ်ဦးဖြစ်ရန် မည်မျှ ခဲယဉ်းကြောင်း ကျွန်တော် သိပါသည်။ စာပေဝေဖန်ရေး၏ နက်နဲ ကျယ်ဝန်းမှုကိုလည်း ကျွန်တော်သိပါသည်” လို့ ရေးသားထားပါတယ်။

စာအုပ်ဟာ စာရေးဆရာဖြစ်လိုသူတို့အဖို့ စာပေဆောင်းပါးများ မည်သို့ရေးသားရမည်၊ အနုပညာလက်ရာ စာပေများကို မည်သို့ ချဉ်းကပ်လေ့လာရမည်၊ ဝေဖန်ရေး၏ အနက်အဓိပ္ပာယ် စတာတွေကို အသေးစိတ် နည်းနာယူ လေ့လာနိုင်မည် ဖြစ်သလို ရသစာပေ၊ သုတစာပေ ဖတ်ရှုသူတို့အတွက်လည်း စာပေဝေဖန်ရေး၊ လေ့လာချက်၊ အညွှန်း စတာတွေကို ကောင်းမွန်ထိမိစွာ ရေးသားထားတဲ့ ဆောင်းပါးများကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။

Main Menu

ပွဲဦးထွက်စာပေဆောင်းပါးများ

ပွဲဦးထွက်စာပေဆောင်းပါးများ

Ks 6,000

Add to Cart