အောင်မြင်သူတို့ခရီးလမ်း
အောင်မြင်သူတို့ခရီးလမ်း |
|
🖊 စာရေးဆရာ | ကိုနေ (Y.I.E) |
---|---|
📖 စာပေအမျိုးအစား | စီးပွားရေးနှင့် ငွေကြေး |
စာမြည်းဖတ်ရန် | View PDF |
🗒 စာမျက်နှာ | 184 |
ပုံနှိပ်မှတ်တမ်း | ပထမအကြိမ် |
အရွယ်အစား | 5.3 x 8.3 |
💸 တန်ဖိုး | Ks 9,500 |
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384 |
Scott Galloway ရဲ့ The Four စာအုပ်ကို ကိုနေ (Y.I.E) က ‘အောင်မြင်သူတို့ရဲ့ ခရီးလမ်း’ အမည်နဲ့ ဘာသာပြန်ထားတဲ့စာအုပ်မှာ ကမ္ဘာကျော်ကုမ္ပဏီကြီးလေးခုဖြစ်တဲ့ အက်ပဲလ်၊ အမေဇွန်၊ ဖေ့စ်ဘွတ်၊ ဂူးဂဲလ် တို့ရဲ့ သရုပ်မှန်ကို အကောင်း၊ အဆိုး မျှတစွာ ဘက်မလိုက်ဘဲ ဖော်ပြထားတယ်လို့ ဘာသာပြန်သူက ဆိုပါတယ်။ စာရေးသူ Scott Galloway ဟာ NYU Stern School of Business မှာ Marketing ပါမောက္ခတစ်ဦးဖြစ်ပြီး သူ့ရဲ့ ထိုးထွင်းဉာဏ်ရှိတဲ့ သုံးသပ်ချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်တဲ့ စတိုင်ကြောင့် လူသိများသူပါ။The Four စာအုပ်မှာ မူရင်းစာရေးသူ Scott Galloway ဟာ အစိုးရကိုယ်တိုင်က ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးရတဲ့အထိ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ကုမ္ပဏီကြီးလေးခုရဲ့ ကမ္ဘာပေါ် မသိမသာ အင်အားချဲ့ထွင်ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေ ရောင်းစားခံရမှာကို သိသိကြီးနဲ့ ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုအောက်က မလွန်ဆန်နိုင်ပုံတွေကို အားမနာတမ်း ချပြထားတယ်။အဲဒီနည်းပညာဘီလူးကြီးလေးခုဟာ ပျော်ရွှင်မှု၊ လူတစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်မှု၊ ကြွယ်ဝမှုနှင့် ရှာဖွေတွေ့ရှိမှုတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ပြီးတော့ လစာငွေမြင့်မားတဲ့ အလုပ်အကိုင်ပေါင်းများစွာ၊ အိမ်မှာနေရင်း လုပ်ကိုင်နိုင်တဲ့ Online Shop တွေများစွာကိုလည်း ဖန်တီးပေးခဲ့တယ်။ ဒီလိုဆိုတော့ The Four ဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေခဲ့တာကို ငြင်းမရပါဘူး။
ဒါပေမဲ့ Scott Gallowayကတော့ ဖြစ်လာနိုင်ချေရှိတဲ့ အဆိုးတွေကိုလည်း The Four မှာ စစ်ထုတ် ရေးသားထားပြန်တယ်။ စာအုပ်ရဲ့ အစပိုင်းမှာ လုပ်ငန်းတစ်မျိုးခြင်းစီရဲ့ နည်းဗျူဟာတွေကို ပွင့်ပွင့်လင်းလင်း တင်ပြတယ်။ ဒီကုမ္ပဏီကြီးလေးခုဆီက လေ့လာသင်ယူနိုင်မယ့် အကြောင်းအရာတွေကိုလည်း ထောက်ပြထားသေးတယ်။ The Four ကိုဖတ်ကြည့်ရင်း သူတို့ဟာ လူသားတို့ရဲ့ စိတ်ထဲကို ဘယ်လို ထိုးထွင်းဝင်ရောက်ပြီး လွှမ်းမိုးချုပ်ကိုင်နေကြသလဲ ဆိုတာကိုလည်း သိမြင်လာလိမ့်မယ်။မိတ်ဆွေအနေနဲ့ နည်းပညာဟာ နောင်တစ်ချိန်မှာ လူသားတွေအပေါ် ဘယ်လောက်ထိ အကျိုးပြုဦးမလဲ၊ ဒါမှမဟုတ် လူသားတွေအပေါ် ဘယ်လို ချုပ်ကိုင်အသုံးချလာမလဲဆိုတာကို စိတ်ဝင်စားသူတစ်ဦး ဆိုရင်တော့ ကိုနေ (Y.I.E) ဘာသာပြန်တဲ့ ‘အောင်မြင်သူတို့ရဲ့ ခရီးလမ်း’ဟာ အချိန်ပေးရတာနဲ့ ထိုက်တန်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါလိမ့်မယ်။