ကိုပေါက် (မန္တလေး)
အမည်ရင်းမှာ ဦးမြင့်သိန်းဖြစ်ပြီး အဘ ဦးအောင်သိန်း၊ အမိ ဒေါ်တင်ရီတို့မှ ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် မ္တလေးမြို့၌ မွေးဖွားခဲ့သည်။ မူလတန်းကို ဦးတင်ဦး (မူလတန်းကျောင်းနှင့် အမှတ်(၁၀) အ.ထ.က (ယခင် ဒိုင်အိုစီဇင်သံတဲ့ ကျောင်း)တို့တွင် တစ်နှစ်တစ်ကျောင်း နှုန်းဖြင့် ပညာသင်ယူခဲ့သည်။ အလယ်တန်းပညာကို အမှတ်၁၇ အထက် တန်းကျောင်းနှင့် အမှတ် (၉) အထက်တန်းကျောင်း(ယခင် စိန်ပီတာ သာသာနာပြုကျောင်း)တို့တွင် ပညာသင်ကြားခဲ့သည်။
မြန်မာပြည်တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်သော တက္ကသိုလ်စာပေးစာယူသင်တန်းကို ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် မ္တလေးတက္ကသိုလ်တွင် အနီးကပ်သင်တန်း တစ်လကို (၄)နှစ်တိတိ တက်ရောက်ခဲ့ပြီး B.Sc Physic (စာပေးစာယူ)ဘွဲ့ကို ရန်ကုန် တက္ကသိုလ်မှ ရရှိခဲ့သည်။
၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်ထိ မ္တလေးမြို့ရှိ မီးခြစ်စက်ရုံတွင် အောက်တန်းစာရေး ရာထူးဖြင့် လုပ်ကိုင်ခဲ့သည်။
၁၉၈၁ ခုနှစ်တွင် မီးခြစ်စက်ရုံမှအလုပ်ထွက်ပြီးသကာလ တေးသံသွင်းလုပ်ငန်း၊ စတိုးဆိုင် စာရင်းကိုင်၊ မုန့်ဖိုမန်နေဂျာ၊ ပွဲရုံ၊ ကုန်ပစ္စည်း လက္ကားအရောင်းဝန်ထမ်း အလုပ်များကို အဆင့်ဆင့်ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။ ယခုအခါတွင် ကုမ္ပဏီ အရောင်းဈေးသည်အဖြစ် အသက်မွေးဝမ်းကျောင်းပြုရင်း စိတ်အဆာပြေ စာပေရေးသားခြင်း၊ တစ်ခါတစ်ရံ အပျော်တမ်း ဓါတ်ပုံရိုက်ခြင်းဖြင့် အသက်ရှင် ရပ်တည်နေဆဲဖြစ်ပါသည်။