ကျော်အောင်
ပခုက္ကူမြို့ ပေါင်းလောင်းရှင်ရပ် အဖ ဦးကြင်မောင်၊ အမိ ဒေါ်တင်မြင့် တို့က ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မွေးဖွားသည်။ ငယ်မည်မှာ အောင်ကြည်၊ အမည်ရင်း ဦးကျော်အောင်ဖြစ်သည်။
ငါးနှစ်အရွယ်မှ ရှစ်တန်းအောင်သည်အထိ ပခုက္ကူမြို့ ဝက်စလီ ကျောင်းတွင် ပညာသင်ကြားသည်။
ရှစ်တန်းအောင်သည့်နှစ်တွင် စစ်ဖြစ်သည်။ ၁၉၄၆ တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်သည်။ သို့သော် နောက်ပိုင်းတွင် ဝိဇ္ဇာပညာရပ်သို့ ပြောင်းလဲ သင်ကြားသည်။ ၁၉၅၄ တွင် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရရှိသည်။
၁၉၄၄ ခုနှစ်တွင် ဗမာ့တပ်မတော်သို့ဝင်သည်။ ပဉ္စမပတ် ဗိုလ်သင်တန်းတက်သည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၁) ၁၀၃ တပ်ရင်း၌ ပါဝင်တိုက်ခိုက်ခဲ့သည်။
ပခုက္ကူခရိုင် ပြည်သူ့ရဲဘော်အဖွဲ့ အတွင်းရေးမှူး (၁၉၄၆)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအမှုဆောင် (၁၉၄၇-၁၉၄၉)၊ စာပေသစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင် (၁၉၅၀)၊ မြန်မာ-ဆိုဗီယက်ယဉ်ကျေးမှုအသင်း၏ အတွင်းရေးမှူး (၁၉၅၂-၅၃)၊ တက္ကသိုလ် ဘာသာပြန်ဌာန (၁၉၅၅-၅၆)၊ သမိုင်းကော်မရှင် (၁၉၅၆-၅၇)၊ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန (၁၉၅၇-၈၇) တို့တွင် တာဝန်ထမ်း ဆောင်ခဲ့သည်။
မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ပခုက္ကူဦးအုံးဖေစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဌ (၂၂-၆-၁၉၉၈ မှ ၁၃-၂-၂၀ဝ၀ ထိ) ဆောင်ရွက်ခဲ့သည်။
၁၉၄၇ တွင် ပြည်သူ့ရဲဘော်ဂျာနယ်၌ စာ စတင်ရေးသည်။ ပင်ကိုရေးဝတ္ထုများတွင် နိဗáာန်ဘုံပျောက်ဆုံးခြင်း၊ အနီထဲက ကြယ်ဖြူပွင့် နှင့် သမဂ္ဂအလံတော်အောက်ဝယ် တို့သည်လည်းကောင်း၊ ဘာသာပြန်ဝတ္ထု များတွင် ကူလီ၊ မြစ်ကမ်းပေါ်က စက်ရုံကလေး၊ အမှောင်ခေတ်က ချစ်သူများ၊ နှလုံးလှဆရာဝန်၊ ချုံကင်း၊ မာကိုပိုလို၊ အကောင်းမြင်သမား တို့သည် လည်းကောင်း၊ ခရီးသွားမှတ်တမ်းအဖြစ် ဓားလွတ်ကိုင် ဆာမူရိုင်း၏ ကိုကာ ကိုလာယဉ်ကျေးမှု နှင့် ဟောင်ကောင်နွေဦးညများသည်လည်းကောင်း၊ ကျမ်းစာအုပ်များတွင် မတ်ဝါဒလမ်းညွှန်၊ လူ့သမိုင်း၊ ကမ္ဘာ့ဂ္တဝင် တစ်ဆယ်နှင့် ကမ္ဘာကျော် ၁၀ဝ (ညွှန့်ကြူး၊ မင်းကျော်တို့နှင့် ပူးတွဲရေး)တို့သည် လည်းကောင်း ထင်ရှားသည်။
တောရိုင်းမြေ ဟ၁၉၆၇ အမျိုးသားစာပေဆု (ဘာသာပြန်)]၊ အရေးကြီးပြီ သွေးစည်းကြစို့ ဟ၁၉၇၁ အမျိုးသားစာပေဆု (ဝတ္ထုရှည်)]၊ အို ဂျေရုဆလင် ဟ၁၉၉၅ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ)]၊ နေဝင်ဘုရင်များ ဟ၁၉၉၈ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ)]၊ ရရှိခဲ့သည်။ ၁၉၈၆ တွင် နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်၊ ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် အရှေ့တောင်အာရှစာပေဆု (S.E A Writers Award) ချီးမြှင့်ခံရသည်။
၂၀ဝ၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။