ငွေတီဦး
အမည်ရင်းမှာ ငွေတီဦးဖြစ်ပြီး ဒေါက်တာဦးတင်မောင်ဦးနှင့် ဒေါ်တီတီတို့မှ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်တွင် အငယ်ဆုံးသမီးဖြစ်ပြီး အစ်မဖြစ်သူမှာ ဆွေတီဦး ဖြစ်၍ အစ်ကိုဖြစ်သူမှာ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး ဖြစ်ပါသည်။ M.B.,B.S ဘွဲ့ကို ၂၀ဝ၇ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁)မှ ရရှိခဲ့သည်။ Master of Public Health (MPH) ဘွဲ့ကို ၂၀၁၁ ခုနှစ်တွင် Mahidol University (Thailand) မှ ရရှိခဲ့သည်။ MBA ဘွဲ့ကို ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သည်။
Pfizer Pharmaceutical Company တွင် Medical Representative အဖြစ်လည်းကောင်း၊ Sanofi Pharmaceutical Company တွင် Product Manager အဖြစ်လည်းကောင်း၊ Clinique Myanmar (Han Ideal Company Ltd.) တွင် Brand Manager အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Post Production Company ဖြစ်သည့် Sliver Egg Company Ltd. ကို တည်ထောင်ခဲ့ပြီး မြန်မာရုပ်ရှင်ဇာတ်ကား များနှင့် စင်္ကာပူဇာတ်ကားတချို့၊ မလေးရှားဇာတ်ကားတချို့ကို ဝန်ဆောင်မှု ပေးခဲ့ပြီး လက်ရှိအချိန်ထိ ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ၊ ကြော်ငြာများအား ဝန်ဆောင်မှုပေးလျက်ရှိသည်။
ထို့နောက် ၂၀၂၃ ခုနှစ် တွင် Silver Egg Online Cinema ကို စတင်ခဲ့ပြီး မြန်မာရုပ်ရှင်ကားများနှင့် ဇာတ်လမ်းတွဲများကို Silver Egg Application မှ ပြသပေးနေပါသည်။
“အတိတ်ရဲ့အလွန်” စာအုပ်ဖြင့် စာပေလောကသို့ ပထမဆုံး ရောက်ရှိလာခဲ့ပြီး ယခု ထုတ်ဝေသော “အမုန်းနှင့်လမ်းခွဲခြင်း” သည် စာရေးသူ၏ ဒုတိယမြောက် စာအုပ်ဖြစ်ပါသည်။