နိုင်ဇော် ( Lazy Club)
၁၉၆၉ ခုနှစ်သြဂုတ်လ၃၀ရက်ညတွင်ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၅၂လမ်း ဆေးရုံမှမွေးဖွားခဲ့ပါသည်
အဖ ဦးခင်ထွန်း(လက်ထောက်ညွန်ကြားရေးမှုး ဗဟိုစာရင်းရုံး) အမိဒေါ်မြစမ်းတို့၏သားသမီး၆ယောက်တွင်အငယ်ဆုံးသားဖြစ်ပါသည်။
အမက၉ပုဇွန်တောင်တွင်စတင်ပညာသင်ကြားခဲ့ပြီးဒုတိယတန်းမှ အခြေခံပညာအဆင့်မြင့်တန်းအထိ အထက၄ပုဇွန်တောင်တွင် ပညာသင်ယူခဲ့ပါသည်။ ၁၉၈၆ ၈၇ တွင်၁၀တန်းအောင်မြင်ခဲ့ပြီး ၁၉၈၈တွင်ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် ဥပဒေဘာသာရပ်စတင်သင်ယူခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်တွင်ဥပဒေပညာသင်ယူစဥ် ဂစ်တာသမားအဖြစ် အနုပညာလောကထဲသို့စတင်ဝင်ရောက်ခဲ့ပြီး ရွှေသံစဥ်တေးဂီတအဖွဲ့တွင် second lead သမားအဖြစ်စတင်ခဲ့ပါသည်။
ဥပဒေမေဂျာအတူတူတက်ကြသည့်သူငယ်ချင်းများနှင့်လဲအဆောင်ဒင်နာများမေဂျာပွဲများတီးကြသလိုရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှဂီတသမားများနှင့်လည်းပူးပေါင်းပါ၀င်ခဲ့ပါသည်။ ဥပဒေဘွဲ့ရပြီး LAZYCLUB အဖွဲ့ဖြင့် အနုပညာလောကထဲခြေစုံပစ်၀င်ခဲ့ပါသည်။
JUKE-BOXနာမည်ဖြင့်သူငယ်ချင်းများနှင့်အဆိုတော်မာရဇ္ဇနှင့်ပူးပေါင်းပြီးသီချင်းခွေများ Showများဖန်တီးခဲ့ကြပါသည်။
၂၀၀၀ခုနှစ်မှာမသူဇာမိုးနှင့်လက်ထပ်ခဲ့ပြီး သမီး မမိုးဖြူစင်ဇော် သား မောင်မိုးအာကာဇော် တို့ကိုမွေးဖွားခဲ့ပါသည်။
၂၀၀၇ ခုနှစ်မှာ နံနက်ခင်းဂျာနယ်တွင် ကျနော်နှင့်ဂျေမောင်မောင်စာစုကိုစတင်ရေးသားပြီး အပါတ်စဥ်ပင်တိုင်စာမျက်နှာ
ယူပြီးဆောင်းပါးများစွာရေးသားခဲ့ပါသည်။
ကျနော်နှင့်ကျနော့်ပါတ်၀န်းကျင်(အာကာဖြူစင်စာပေ)၊ ကျနော်နှင့်ကျနော့်ကမ္ဘာ ကျနော်နှင့်ကျနော်အလက်ာ (ကံ့ကော်၀တ်ရည်စာပေ)၊ အမေရိကားအနုပညာဒိုင်ယာရီ ကြယ်စင်စုခရီး (ကံ့ကော်ဝတ်ရည်စာပေ)၊ ပြသနာအက်ဆေးများ (စိတ်ကူးချိုချိုစာပေ)၊ ထာ၀ရအလင်းတန်းစာစုများ (လင်းလွန်းခင်စာပေ)၊ ကျနော်နှင့်ကိုယ်တွေ့သူရဲခြောက်ခံရသူများ ကျနော်နှင့်ရေဘ၀ဲစားသူများ (အာကာဖြူစင်စာပေ)၊ စသည့်စာအုပ်များကိုထုတ်ဝေဖြန့်ချိခဲ့ပါသည်။
Book House စာအုပ်တိုက်မှလည်း ရဲမွန်ထောရေးသားသည့် နိုင်ဇော်အကြောင်းနိုင်ဇော်ပြောသည် စာအုပ်ကိုလည်း ထုတ်ဝေခဲ့ပါသည်။
ယခုအခါ ArtRobots bandကိုခေါင်းဆောင်အဖြစ်တေးသီချင်းများဆက်လက်ဖန်တီးလုပ်ကိုင်နေရင်း ပုဇွန်တောင်တွင် မိသားစုနှင့်အတူနေထိုင်လျက် အနုပညာအလုပ်များကိုလုပ်ကိုင်လျှက်ရှိပါသည်။