နေထွန်းလင်း
၁၉၈၈ ခုနှစ်က ရန်ကုန်တွင် မွေးဖွားခဲ့သည်။ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ B.A (English), Cambridge Education မှ Business Management ဘာသာရပ်တို့ဖြင့် ဘွဲ့ရရှိခဲ့ပြီး၊ ဘွဲ့လွန်တန်းကို International Relation မေဂျာဖြင့် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ Gospel For Myanmar ကျမ်းစာကျောင်းတွင် M.A (Theology) တက်ရောက်လျက် ရှိသည်။
Myanmr Flower International School ၏ စီးပွားရေး ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ အကြံပေး၊
› Chinland Football Club ၏ Executive Committee Member
› My Glass Application ၏ အမှုဆောင် ဒါရိုက်တာအဖြစ် စီးပွားရေးလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်လျက် ရှိသည်။
၂၀၂၂ ခုနှစ်တွင် မဟာစာပေမှ ထုတ်ဝေသော မိုက်သွေးစာအုပ် ဖြင့် စာပေလောကအတွင်း စတင် အခြေချခဲ့သည်။
၂၀၂၂ မှ ၂၀၂၄ ခုနှစ်အတွင်း ဘာသာပြန် စာအုပ် ဆယ်အုပ်ကို စာပေတိုက် အသီးသီးမှ ထွက်ရှိခဲ့သည်။ ယခု စာအုပ်သည် စာရေးသူ၏ ဆယ့်တစ်အုပ်မြောက် စာအုပ် လည်း ဖြစ်သည်။