နေဝန်းနီ(နတ်မောက်)
အမည်ရင်း ဦးနေသူရဦးဖြစ်ပြီး ကလောင်အမည်မှာ နေဝန်းနီ (နတ်မောက်) ဖြစ်သည်။ အဖ ဦးကျော်ဌေးဦး၊ အမိ ဒေါ်မြင့်မြင့်ကြည်က (၂၆.၄.၁၉၉၇) ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြို့မ ရပ်ကွက်၌ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး ပခုက္ကူ ပညာရေးကောလိပ် ဆက်တက်ကာ ၂၀၁၅ ခုနှစ်တွင် ဆရာအတတ်ပညာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။
ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူရင်း ၂၀၁၈ ခုနှစ်တွင် ပညာရေးဘွဲ့ (B.Ed.) ရရှိခဲ့သည်။
ထို့နောက် နတ်မောက်မြို့၊ အ.ထ.က(၂) (ယခင် တန်းလတ် ကျောင်း)တွင် အထက်တန်းပြ အဖြစ်လည်းကောင်း၊ ကျောင်းစာကြည့်တိုက် မှူးအဖြစ်လည်းကောင်း နှစ်နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် Academic Weekly Education Journal ပါ (မြန်မာစာ၊ မြန်မာစကား ကွယ်ပျောက် တော့မှာလား} ဟူသည့် ပညာရေးဆောင်းပါးဖြင့် စာပေနယ်သို့ ပထမဆုံး ခြေချခဲ့သည်။
ထို့နောက် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာတို့တွင် အက်ဆေး၊ ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့သည်။
၂၀၁၇ ခုနှစ်တွင် သူငယ်ချင်းများ စုပေါင်းပြီး ]ကဗျာပန်းတို့ လန်းရာမြေ} ကဗျာစာအုပ် တက္ကသိုလ်တက်ရင်း စိတ်ရူးပေါက်ပြီး ထုတ်ခဲ့ဖူးသည်။ ထို့နောက် အက္ခရာသစ်စာပေက စီစဉ် သည့် တက္ကသိုလ်ဝင်တန်း အဆိုအချေ အရေးအသားများ၊ တက္ကသိုလ် ဝင်တန်း နမူနာ စာစီစာကုံးများ၊ ကြာပွင့်ချိန် ရသစာတန်းစာအုပ်တို့တွင် အားဖြည့် ရေးသားခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် Academic Weekly ပညာရေးဂျာနယ်၌ ရေးသားခဲ့သည့် ပညာရေးဆောင်းပါးများကို စုစည်း၍ ]ပညာရေးအတွေးလက်ဆောင်} လုံးချင်းစာအုပ် ထုတ်ဝေထားပါသည်။
ယခုအခါတွင် မြန်မာပြည်၏ အရှေ့တောင်ဘက် လာအိုရွှေတြိဂံရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စားပွဲထိုးလုပ်ရင်း အသက်မွေး ဝမ်းကျောင်း လျက်ရှိသည်။