ဖိုးနိုင်လင်း
၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ၁၉၉၆ ခုနှစ်တွင် ကွန်ပျူတာဂျာနယ်၌ နည်းပညာဆိုင်ရာဆောင်းပါးများရေးသားပြီး စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ “မျိုးဆက်”ဂျာနယ်ကို စီစဉ်ထုတ်ဝေခဲ့ပြီး စာနယ်ဇင်းလောကသို့ ရောက်ရှိခဲ့သည်။
ထို့နောက် “မော်ကွန်း”ဂျာနယ်နှင့် “ရွှေမြန်မာ”ဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် ၂၀ဝ၀ ပြည့်နှစ်အထိ တာဝန်ယူခဲ့သည်။ ၂၀ဝ၁ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်အထိ “နက္ခတ္တရောင်ခြည် မဂ္ဂဇင်း”တွင် အယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀ဝ၉ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ Popular News ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဆရာမောင်ဝံသ ဥက္ကဌအဖြစ်တာဝန်ယူကာ အသစ်ပြန်လည်ဖွဲ့စည်းသော “မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)”တွင် အတွင်းရေးမှူး-၁ အဖြစ်လည်းကောင်း၊ Myanmar Media Library တွင် Chairman အဖြစ်လည်းကောင်း ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ဟက်ကာ နှင့် ဖိုးနိုင်လင်း ကလောင်များဖြင့် ဆောင်းပါးများ၊ ပင်ကိုယ်ရေးများနှင့် ဘာသာပြန်များ ရေးသားခဲ့၊ ရေးသားဆဲဖြစ်ကာ ကြောင် ကိုးကောင်နှင့် အတူတကွနေထိုင်လျှက်ရှိသည်။