မဧကံ
၁၉၈၄ ခု၊ နိုဝင်ဘာလ၊ ၁၅ ရက် ကြာသပတေးနေ့ နံနက်ခင်းတွင် ရန်ကုန်မြို့ ဂျာမခါနာ၌ အဘ ဦးမြသိန်း၊ အမိ ဒေါ်လှိုင်လှိုင်တင်ဝင်းတို့မှ ဖွားမြင်သည့် မွေးချင်းမရှိ တစ်ဦးတည်းသော သမီးဖြစ်၏။
အမည်အရင်း မြတ်သော်ခိုင်မင်း ဖြစ်ပြီး မိဘများ အစိုးရဝန်ထမ်းတာဝန်ဖြင့် အောင်လံမြို့နယ်(ယခုမြေထဲမြို့နယ်)မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ကမ်းနဖူးရှိ အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံတွင် တာဝန်ကျသဖြင့် ငယ်စဉ်ဘဝကို အညာဒေသတွင်ကုန်ဆုံးခဲ့ ၏။
ငယ်စဉ်ကပင် စာဖတ် စာရေးဝါသနာကြီးလှပြီး မိခင်သင်ကြားမှုဖြင့် အသက် ၇ နှစ်အရွယ် ဒုတိယတန်း၌ပင် မြန်မာစကားပြေဝါကျများအား သဒ္ဒါအထားအသို ကောင်းစွာ တည်ဆောက်ရေးသားနိုင်ခဲ့လေသည်။ မိဘများကား ပညာရေး မျှော်လင့်ချက် ကြီးမားလေရာ အနေအစား ခြိုးခြံစုဆောင်း၍ ထိုစဉ်ခေတ်၌ အခေါင်အဖျားအညာဒေသနေ သာမန်ဝန်ထမ်းလူတန်းစားအနေဖြင့် ဝယ်ယူရန်ခက်ခဲသော နိုင်ငံခြား Comic Book များ၊ English ဘာသာ သင်ကြားရေးစာစောင်များ၊ ဗီဒီယိုတိတ်ခွေများအစရှိသည်တို့အား ရန်ကုန်ရှိ သင်္ဘောသားမိတ်ဆွေများမှတစ်ဆင့် ငွေကုန်ကြေးကျခံမှာယူကာ ကြည့်မြင်ဖတ်ရှု လေ့လာစေခဲ့၏။
အခြေခံပညာမူလတန်းအား စက်ရုံတွင်းရှိ အစိုးရကျောင်းတွင် တက်ရောက်ခဲ့ပြီး ၎င်းဝန်ထမ်းအိမ်ရာအခြေစိုက် ကတ်သလစ်ခရစ်ယာန်သာသနာပြုများထံ၌ အစဉ်မပြတ် English အရေး၊ အဖတ်၊ အပြော၊အကြား စသည်တို့အား အပတ်တကုတ်သင်ယူခဲ့ရ၏။အသက် (၁၁) နှစ်အရွယ်မှစ၍ မိဘများဇာတိဖြစ်သော ရန်ကုန်တိုင်း၊ သန်လျင်မြို့နေ ဖခင်၏နှမရင်းဖြစ်သူ အဒေါ်မှ ခေါ်ယူကျွေးမွေးစောင့်ရှောက်ခဲ့သဖြင့် အခြေခံပညာ အထက်တန်းအထိ အ-ထ-က (၁) သန်လျင်၌ သင်ယူခဲ့၏။
၂၀ဝ၁ ခုနှစ်တွင် ၎င်းကျောင်းမှပင် ဂုဏ်ထူး (၂) ဘာသာဖြင့် ဒသမတန်း အောင်မြင်ကာတိုင်းအဆင့် English အမှတ်အများဆုံးရရှိခဲ့လေသည်။ သို့သော် သင်္ချာ ဘာသာရပ်၌ အလွန်ဝါသနာနည်းကာ မြန်မာစာနှင့် English သမိုင်းဘာသာရပ်စသည် တို့၌သာ စိတ်ပါဝင်စားထွန်းပေါက်သဖြင့် စိတ်ပညာအထူးပြု၍သော်လည်းကောင်း၊ English စာအထူးပြုသော်လည်းကောင်း တက္ကသိုလ်တက်ရောက်ရန် ဆန္ဒရှိခဲ့သော်ငြား မိဘများ၏ဆန္ဒအရ သန်လျင်နည်းပညာကောလိပ်သို့သာ ဆက်လက်တက်ရောက်ခဲ့ရ၏။
ကောလိပ်တက်ရောက်စဉ်ကာလ၌ အထက်တန်းစာမေးပွဲဝင်မည့် ကျောင်းသား များအား ကျူရှင်သင်ကြားခြင်း၊ မူလတန်းကျောင်းသားငယ်များအား English စာသင်ကြားခြင်းစသည်ဖြင့် အပိုဝင်ငွေရရှိရန် လုပ်ကိုင်ခဲ့၏။
စိတ်ပါဝင်စားခြင်းမရှိသဖြင့် ကောလိပ်၌ စာစောင်များရေးခြင်း ကဗျာစာအုပ် များထုတ်ခြင်း စသည်တို့၌သာအချိန်ကုန်လျက် အလွန်ညံ့ဖျင်းခဲ့ပြီး ဒုတိယနှစ် ဗွွှှု စာမေးပွဲ ကျရှုံးသောကြောင့် ကျောင်းထွက်ကာ ပြင်ပကျူရှင်သင်ကြားခြင်းအလုပ်အား အချိန်ပြည့် လုပ်မည်ဟုဆိုရာ ဖခင်မှ ]ကိုယ့်ဆုံးဖြတ်ချက်ကိုယ် တာဝန်မယူနိုင်သူ}ဟု ရှုံ့ချဆူပူသည်ကို မခံချင်စိတ်ဖြင့် ၎င်းစာမေးပွဲအား နောက်တစ်နှစ်ထပ်မံဖြေဆိုခဲ့၏။ ထိုနှစ်၌ သင်တန်းသား ၁၀ဝ ကျော်၌ အဆင့် ၃ ဖြင့်အောင်မြင်လေသည်။
စာတိုပေစများ စာရေးတတ်စကပင် ရေးသားခဲ့သော်ငြား အကျိုးအကြောင်း မတိုက်ဆိုင်သဖြင့် လွန်စွာဝါသနာကြီးသော စာရေးခြင်းအလုပ်၊ English ၀တ္ထုများအား ဘာသာပြန်ခြင်းအလုပ်တို့ဖြင့် အသက်မွေးရန်အခြေအနေကား မပေးခဲ့ချေ။
၂၀ဝ၇ ခုနှစ်တွင် မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိကာ ၎င်းနှစ်၌ပင် စင်ကာပိုနိုင်ငံသို့ အလုပ်လုပ်ကိုင်ရင်း ပညာဆက်လက်သင်ယူရန် ထွက်ခွာခဲ့ပြီး ၂၀ဝ၈ ခုနှစ်၌ Nangyang Technological University ၌ M.Sc ဘွဲ့ရယူရန်လျောက်ထားရာ တက်ရောက်ခွင့်ရရှိခဲ့ သော်ငြား ကျောင်းစရိတ်အခက်အခဲကြောင့် တစ်နှစ်အကြာတွင် ကျောင်းမှထွက်ခဲ့ပြီး အချိန်ပြည့်လုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့လေသည်။ လုပ်ငန်းခွင်တစ်ဖက်ဖြင့် Building & Construction Academy Singapore မှ ၂၀၁၂ ခုနှစ်တွင် Construction Contract Management ဘာသာရပ်ဖြင့် ဒီပလိုမာဘွဲ့ ရရှိခဲ့၏။
၎င်းကာလများ၌ Forum များ၊ Blog များ ၌အပျော်တမ်းဝတ္ထုတိုများ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဆောင်းပါးများ အား အချိန်အားသည်နှင့် ရေးသားခဲ့လေသည်။
စင်ကာပိုနိုင်ငံ၌ အိမ်အကူစသော အခြေခံအလုပ်အကိုင်များ လာရောက် လုပ်ကိုင်ကြရသည့် မြန်မာအမျိုးသမီးငယ်များ၏ လူမှုဘဝအခက်အခဲများအား သရုပ်ဖော် ရေးသားသည့် ]ခုနစ်ထပ်မှာနေသည်} ဟူသော ဝတ္ထုတိုမှာ ထိုကာလတွင် ြူသါ ဖတ်သူများအကြား အလွန်လူကြိုက်များ ရေပန်းစားခဲ့ပြီး အခြားနာမည်ရ စာရေးသူတစ်ဦးမှ ကူးယူဖော်ပြနာမည်ခံခဲ့သဖြင့် အချေအတင်ငြင်းခုံခဲ့ရသောကြောင့် စိတ်ပျက်ကာ စာရေးခြင်း အားရပ်နား၍ မိမိ Job များအား ပိတ်သိမ်းခဲ့၏။
စင်ကာပိုနှင့် ဒူဘိုင်းတွင် Multinational Company များ၌ အချိန်ပိုင်းနှင့် အချိန်ပြည့် Site Engineer, Project Engineer, Quantity Surveyor အဖြစ် ၉ နှစ် လုပ်ကိုင်ခဲ့ပြီး ၎င်းဘဝပုံစံတွင်မပျော်ပိုက်သဖြင့် ၂၀၁၅ ခုနှစ်၌ မြန်မာပြည်သို့ပြန်ရန် ဆုံးဖြတ်ကာ ရန်ကုန်ဆောက်လုပ်ရေးလောက၌ ရင်းနှီးမြှုပ်နှံ၍ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး စာပေရေးသားခြင်းနှင့် နှစ်အတန်ကြာအဆက်ပြတ်ခဲ့လေသည်။
၂၀၁၀ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်၌ သမီးကြီးကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်၌ သားအငယ်ကိုလည်းကောင်း ဖွားမြင်၍ ယခုအခါ သန်လျင်မြို့၌ အခြေချနေထိုင်လျက်ရှိ၏။ သားအငယ်မှာ ဖွံ့ဖြိုးမှုနှောင့်နှေးသော ှစနခငေူ နြနိ ရှိသည့် ကလေးဖြစ်သဖြင့် ၂၀၂၂ ခုနှစ်မှစတင်ကာ အချိန်ပြည့် မိခင်အဖြစ် သားသမီးများ အားစောင့်ရှောက်ရင်း တစ်ဖက်တစ်လမ်းမှ အလွန်မြတ်နိုးလှသော စာပေရေးသားခြင်း အလုပ်အား ဆက်လက်လုပ်ကိုင်လျက်ရှိလေသည်။
၁၉၈၄ ခု၊ နိုဝင်ဘာလ၊ ၁၅ ရက် ကြာသပတေးနေ့ နံနက်ခင်းတွင် ရန်ကုန်မြို့ ဂျာမခါနာ၌ အဘ ဦးမြသိန်း၊ အမိ ဒေါ်လှိုင်လှိုင်တင်ဝင်းတို့မှ ဖွားမြင်သည့် မွေးချင်းမရှိ တစ်ဦးတည်းသော သမီးဖြစ်၏။
အမည်အရင်း မြတ်သော်ခိုင်မင်း ဖြစ်ပြီး မိဘများ အစိုးရဝန်ထမ်းတာဝန်ဖြင့် အောင်လံမြို့နယ်(ယခုမြေထဲမြို့နယ်)မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ကမ်းနဖူးရှိ အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံတွင် တာဝန်ကျသဖြင့် ငယ်စဉ်ဘဝကို အညာဒေသတွင်ကုန်ဆုံးခဲ့ ၏။
ငယ်စဉ်ကပင် စာဖတ် စာရေးဝါသနာကြီးလှပြီး မိခင်သင်ကြားမှုဖြင့် အသက် ၇ နှစ်အရွယ် ဒုတိယတန်း၌ပင် မြန်မာစကားပြေဝါကျများအား သဒ္ဒါအထားအသို ကောင်းစွာ တည်ဆောက်ရေးသားနိုင်ခဲ့လေသည်။
မိဘများကား ပညာရေး မျှော်လင့်ချက် ကြီးမားလေရာ အနေအစား ခြိုးခြံစုဆောင်း၍ ထိုစဉ်ခေတ်၌ အခေါင်အဖျားအညာဒေသနေ သာမန်ဝန်ထမ်းလူတန်းစားအနေဖြင့် ဝယ်ယူရန်ခက်ခဲသော နိုင်ငံခြား Comic Book များ၊ English ဘာသာ သင်ကြားရေးစာစောင်များ၊ ဗီဒီယိုတိတ်ခွေများအစရှိသည်တို့အား ရန်ကုန်ရှိ သင်္ဘောသားမိတ်ဆွေများမှတစ်ဆင့် ငွေကုန်ကြေးကျခံမှာယူကာ ကြည့်မြင်ဖတ်ရှု လေ့လာစေခဲ့၏။
အခြေခံပညာမူလတန်းအား စက်ရုံတွင်းရှိ အစိုးရကျောင်းတွင် တက်ရောက်ခဲ့ပြီး ၎င်းဝန်ထမ်းအိမ်ရာအခြေစိုက် ကတ်သလစ်ခရစ်ယာန်သာသနာပြုများထံ၌ အစဉ်မပြတ် English အရေး၊ အဖတ်၊ အပြော၊အကြား စသည်တို့အား အပတ်တကုတ်သင်ယူခဲ့ရ၏။အသက် (၁၁) နှစ်အရွယ်မှစ၍ မိဘများဇာတိဖြစ်သော ရန်ကုန်တိုင်း၊ သန်လျင်မြို့နေ ဖခင်၏နှမရင်းဖြစ်သူ အဒေါ်မှ ခေါ်ယူကျွေးမွေးစောင့်ရှောက်ခဲ့သဖြင့် အခြေခံပညာ အထက်တန်းအထိ အ-ထ-က (၁) သန်လျင်၌ သင်ယူခဲ့၏။
၂၀ဝ၁ ခုနှစ်တွင် ၎င်းကျောင်းမှပင် ဂုဏ်ထူး (၂) ဘာသာဖြင့် ဒသမတန်း အောင်မြင်ကာတိုင်းအဆင့် English အမှတ်အများဆုံးရရှိခဲ့လေသည်။ သို့သော် သင်္ချာ ဘာသာရပ်၌ အလွန်ဝါသနာနည်းကာ မြန်မာစာနှင့် English သမိုင်းဘာသာရပ်စသည် တို့၌သာ စိတ်ပါဝင်စားထွန်းပေါက်သဖြင့် စိတ်ပညာအထူးပြု၍သော်လည်းကောင်း၊ English စာအထူးပြုသော်လည်းကောင်း တက္ကသိုလ်တက်ရောက်ရန် ဆန္ဒရှိခဲ့သော်ငြား မိဘများ၏ဆန္ဒအရ သန်လျင်နည်းပညာကောလိပ်သို့သာ ဆက်လက်တက်ရောက်ခဲ့ရ၏။
ကောလိပ်တက်ရောက်စဉ်ကာလ၌ အထက်တန်းစာမေးပွဲဝင်မည့် ကျောင်းသား များအား ကျူရှင်သင်ကြားခြင်း၊ မူလတန်းကျောင်းသားငယ်များအား English စာသင်ကြားခြင်းစသည်ဖြင့် အပိုဝင်ငွေရရှိရန် လုပ်ကိုင်ခဲ့၏။
စိတ်ပါဝင်စားခြင်းမရှိသဖြင့် ကောလိပ်၌ စာစောင်များရေးခြင်း ကဗျာစာအုပ် များထုတ်ခြင်း စသည်တို့၌သာအချိန်ကုန်လျက် အလွန်ညံ့ဖျင်းခဲ့ပြီး ဒုတိယနှစ် ဗွွှှု စာမေးပွဲ ကျရှုံးသောကြောင့် ကျောင်းထွက်ကာ ပြင်ပကျူရှင်သင်ကြားခြင်းအလုပ်အား အချိန်ပြည့် လုပ်မည်ဟုဆိုရာ ဖခင်မှ ]ကိုယ့်ဆုံးဖြတ်ချက်ကိုယ် တာဝန်မယူနိုင်သူ}ဟု ရှုံ့ချဆူပူသည်ကို မခံချင်စိတ်ဖြင့် ၎င်းစာမေးပွဲအား နောက်တစ်နှစ်ထပ်မံဖြေဆိုခဲ့၏။
ထိုနှစ်၌ သင်တန်းသား ၁၀ဝ ကျော်၌ အဆင့် ၃ ဖြင့်အောင်မြင်လေသည်။
စာတိုပေစများ စာရေးတတ်စကပင် ရေးသားခဲ့သော်ငြား အကျိုးအကြောင်း မတိုက်ဆိုင်သဖြင့် လွန်စွာဝါသနာကြီးသော စာရေးခြင်းအလုပ်၊ English ၀တ္ထုများအား ဘာသာပြန်ခြင်းအလုပ်တို့ဖြင့် အသက်မွေးရန်အခြေအနေကား မပေးခဲ့ချေ။
၂၀ဝ၇ ခုနှစ်တွင် မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိကာ ၎င်းနှစ်၌ပင် စင်ကာပိုနိုင်ငံသို့ အလုပ်လုပ်ကိုင်ရင်း ပညာဆက်လက်သင်ယူရန် ထွက်ခွာခဲ့ပြီး ၂၀ဝ၈ ခုနှစ်၌ Nangyang Technological University ၌ M.Sc ဘွဲ့ရယူရန်လျောက်ထားရာ တက်ရောက်ခွင့်ရရှိခဲ့ သော်ငြား ကျောင်းစရိတ်အခက်အခဲကြောင့် တစ်နှစ်အကြာတွင် ကျောင်းမှထွက်ခဲ့ပြီး အချိန်ပြည့်လုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့လေသည်။ လုပ်ငန်းခွင်တစ်ဖက်ဖြင့် Building & Construction Academy Singapore မှ ၂၀၁၂ ခုနှစ်တွင် Construction Contract Management ဘာသာရပ်ဖြင့် ဒီပလိုမာဘွဲ့ ရရှိခဲ့၏။ ၎င်းကာလများ၌ Forum များ၊ Blog များ ၌အပျော်တမ်းဝတ္ထုတိုများ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဆောင်းပါးများ အား အချိန်အားသည်နှင့် ရေးသားခဲ့လေသည်။
စင်ကာပိုနိုင်ငံ၌ အိမ်အကူစသော အခြေခံအလုပ်အကိုင်များ လာရောက် လုပ်ကိုင်ကြရသည့် မြန်မာအမျိုးသမီးငယ်များ၏ လူမှုဘဝအခက်အခဲများအား သရုပ်ဖော် ရေးသားသည့် ]ခုနစ်ထပ်မှာနေသည်} ဟူသော ဝတ္ထုတိုမှာ ထိုကာလတွင် ြူသါ ဖတ်သူများအကြား အလွန်လူကြိုက်များ ရေပန်းစားခဲ့ပြီး အခြားနာမည်ရ စာရေးသူတစ်ဦးမှ ကူးယူဖော်ပြနာမည်ခံခဲ့သဖြင့် အချေအတင်ငြင်းခုံခဲ့ရသောကြောင့် စိတ်ပျက်ကာ စာရေးခြင်း အားရပ်နား၍ မိမိ ြူသါ များအား ပိတ်သိမ်းခဲ့၏။