မိုးမင်းသိမ်း
အမည်ရင်း မိုးမင်းသိမ်းဖြစ်ပြီး ၆ ဖေဖော်ဝါရီ ၁၉၆၉ ၌ တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။ မိဘများမှာ ဦးထွန်းရင်နှင့် ဒေါ်စပ်မြဝင်း ဖြစ်သည်။ မွေးချင်းသုံးယောက်တွင် သားအကြီးဆုံးဖြစ်သည်။
တောင်ကြီးမြို့ အ.လ.က (၃)၊ အ.ထ.က (၅) နှင့် တောင်ကြီး တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် သိပံ္ပဘွဲ့ (သင်္ချာ) ရရှိခဲ့သည်။ ဧပြီ ၂၀ဝ၁ ခုနှစ်တွင် မစန္ဒာမွှေးနှင့် အိမ်ထောင်ပြုသည်။
ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံခဲ့ရသည့်စာမူမှာ စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ်-၁၀၊ အောက်တိုဘာ ၂၀ဝ၂ ၌ပါရှိသည့် ခေါင်မိုးပေါ်ကအရူး ဘာသာပြန်ပြဇာတ်ဖြစ်သည်။ ဂျပန်စာရေးဆရာ ကိကုချိကန် ရေးသားသည့် The Madman on the Roof ပြဇာတ်အား ဘာသာပြန်ဆိုခြင်းဖြစ်သည်။
ချယ်ရီ၊ ကလျာ၊ ရနံ့သစ်၊ မြန်မာသစ်၊ ရုပ်ရှင်တေးကဗျာ၊ ရုပ်ရှင် အမြုတေ၊ နှလုံးအိမ်၊ စာအုပ်လောက၊ လောကပါလ၊ နဘယံ၊ ဝိဇ္ဇာ၊ ရတနာပန်းခင်း စသည့် မဂ္ဂဇင်းများနှင့် ဂျာနယ်အချိုးတို့တွင် ဘာသာပြန် ဆောင်းပါးများနှင့် ဘာသာပြန်ဝတ္ထုတိုများကို မိုးသိမ်း၊ မိုးမင်းသိမ်း၊ မင်းထက်ကျော်အောင် စသည့် ကလောင်အမည်များဖြင့် ရေးသားခဲ့သည်။
တောင်ကြီးမြို့၌ မိသားစုဖြင့်နေထိုင်ကာ စာရေးသားခြင်းအလုပ် တစ်ခုတည်းဖြင့်သာ ရပ်တည်လျက်ရှိပါသည်။