မောင်စိန်ဝင်း
အမည်အရင်း - ဦးစိန်ဝင်း
အဖအမည် - ဦးထွန်းကြွယ်၊ ဒေါ်ချည် ဇာတိ - ပြည်ခရိုင်၊ ပုတီးကုန်းမြို့၊ မဲဇလီတိုင်းရွာ
မွေးသက္ကရာဇ် - ၁၀ - ၅ - ၁၉၅၀
ပညာအရည်အချင်း - ဘီအီး (စက်မှု) ၊ M.O.T Second Class Part (A)
အလုပ်အကိုင် - (၁၉၈၈ ) အထိ အင်ဂျင်နီယာ
စာပေဘဝ
- R.I.T ကျောင်းသားဘဝ ကဗျာစာအုပ်ငယ် သုံးအုပ် ထုတ်ဝေခဲ့။
- နှစ်ပတ်လည် မဂ္ဂဇင်း၊ အပတ်စဉ်ထုတ် စက်မှုသတင်းစဉ်တို့ကို ဦးစီးထုတ်ဝေပြီး စာပေလှုပ်ရှားမှုများ ပြုလုပ်ခဲ့။
- ၁၉၆၅ ၊ သြဂုတ်လ ရုပ်ရှင်အောင်လံ မဂ္ဂဇင်းမှ စတင်ပြီး ကဗျာရေးသားကာ လစဉ်ထုတ် မဂ္ဂဇင်းကြီး များတွင် ကဗျာများကို စဉ်ဆက်မပြတ် ရေးသားခဲ့။
- ၁၉၈၃ ၊ နိုဝင်ဘာလမှာ '
ခြွေရက်ပေ့ ပုလဲညှာရယ်' လုံးချင်းဝတ္ထုဖြင့် လုံးချင်းလောကကို ဝင်ရောက်ခဲ့။
လုံးချင်းဝတ္ထုရေးသက် သုံးဆယ်အတွင်း စာအုပ်ပေါင်း (၉၀) ခန့် ရေးသားထုတ်ဝေခဲ့။
- ဝတ္ထုတို လုံးချင်း (၆) အုပ်၊ လက်ရွေးစင် ဝတ္ထုတိုများ (၁) အုပ် ထုတ်ဝေခဲ့။
ဆောင်းပါးစာအုပ်၊ မှတ်စုစာအုပ်များ (၄) အုပ် ထုတ်ဝေခဲ့။
- ကဗျာစာအုပ် (၁၀) အုပ် ထုတ်ဝေခဲ့ရာ 'သောကခြေရာ ရတနာ ကဗျာများ' (၁၃) ကြိမ်၊ 'သမုဒယ ဝတ်ရည် ကဗျာများ' ၊ ' ချစ်သူရဲ့ နှင်းဆီပြာ ကဗျာများ' စသည်တို့ကို သုံးကြိမ်စီ ထုတ်ဝေနိုင်ခဲ့။
-
၂၀၁၃ ၊ အာဆီယံ ကဗျာဆု (2013 SEA WRITE AWARD) ကို လက်ခံရရှိခဲ့။
စာပေဗိမာန် စာပေဆုနှင့် အမျိုးသားစာပေဆု (ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်) ရွေးချယ်ရေးအဖွဲ့ဝင် အဖြစ် (၂၀၁၆) ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့။
- နောက်ဆုံး ထုတ်ဝေသည့် စာအုပ်မှာ 'စွယ်တော်တန်းက အလွမ်းခြေရာ' စာအုပ် ဖြစ်သည်။
- ယခုအခါ စာပေရေးသားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ မရမ်းကုန်းမြို့နယ်တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။