မြစ်ကျိုးအင်း
သန်လျင်မြို့နေ ဖခင် ဦးစိုးလင်းနှင့် မိခင် ဒေါ်ကြည်ကြည်ဝင်းတို့မှ ၁၉၈၁ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။
မွေးချင်း ခုနစ်ဦး အနက် ဆဋ္ဌမမြောက် သားဖြစ်သည်။
စီးပွားရေးတက္ကသိုလ် တက်ရောက်နေရင်း တတိယနှစ်တွင် နိုင်ငံ ရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်သည်။ အားလပ်ချိန်နှင့် အင်တာ နက်အလွယ်တကူရရှိသည့် နိုင်ငံရပ်ခြားတွင် ၂၀ဝ၈ ခုနှစ်မှစ၍ မြစ်ကျိုးအင်း ဟု အမည်ပေးထားသော ြူသါ တစ်ခု စတင်ဖန်တီးရာမှ စာရေးသားဖြစ်ခဲ့ သည်။ ရသဝတ္ထုတိုများရေးသားခြင်းကို အားသန်သူဖြစ်၍ Blog ပေါ်တွင် ဝတ္ထုတိုများတင်ဆက်ပေးရာမှ ဘလော့ဂ်ဂါဘဝသို့ ရောက်ရှိသည်။
၂၀ဝ၉ ခုနှစ်အတွက် အကောင်းဆုံး ရသဘလော့ဂ်အကယ်ဒမီဆု ရရှိသည်။
၂၀၁၁ ခုနှစ်၊ မေလထုတ် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း၏ ဘလော့ဂ်ဂါဒိုင်ဂျက်အခန်းကဏ္ဍအတွက် ကမ္ဘာပျက်ခြင်းဝတ္ထုတိုဖြင့် ပုံနှိပ် စာပေလောကသို့ ရောက်ရှိသည်။ Blog အမည်ကိုသာ ကလောင်အမည် အဖြစ် ဆက်လက်သုံးစွဲခဲ့ရာမှ စာရေးဆရာမြစ်ကျိုးအင်းဟု အမည်တွင်သွားတော့သည်။
၂၀၁၂ ခုနှစ်၊ သြဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် အငုံ့စိတ် ဝတ္ထုတိုစတင်ဖော်ပြခံရပြီးနောက် ရွှေအမြုတေမဂ္ဂဇင်းတွင် ပုံမှန်ရေးသားသူ ဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်အတွက် ရွှေအမြုတေဝတ္ထုရှည် စာပေဆုကို ကြံဖတ်များဝတ္ထုရှည်ဖြင့် ရရှိခဲ့သည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် မျှော်လင့်ခြင်းကို မျှားတဲ့ညနေ ရသဝတ္ထုတိုစုစာအုပ်ကို ပထမဆုံးထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ဖြင့် ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ဝတ္ထုတိုဆု ရရှိခဲ့သည်။
လက်ရှိတွင် မွေးရပ်မြေ သန်လျင်မြို့တွင်နေထိုင်ရင်း စိတ်ပါလက်ပါ ရှိချိန်များ၌ စာရေးသားလျက်ရှိသည်။