လင်းခန့်
အမည်ရင်းမှာ ဝေယံဖြိုး ဖြစ်သည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် အဖ ဦးတင်မောင်ဝင်း၊ အမိ ဒေါ်သန်းသန်းဆွေတို့မှ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးဖွားသည်။ ၂၀ဝ၅ ခုနှစ်တွင် ကျိုက်လတ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်ခဲ့သည်။
၂၀ဝ၉ ခုနှစ်တွင် မအူပင်ကွန်ပျူတာတက္ကသိုလ်မှ Bachelor of Computer Technology ဘွဲ့ကို ရရှိခဲ့သည်။ ပထမဆုံး ပုံနှိပ်စာမူမှာ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကျော်စွာ(ဆေး-၂)၊ ကောင်းမြတ်လွန်းသော်တို့နှင့်အတူ ထုတ်ေ၀ခဲ့သော “ကမ္ဘာကျော်တို့၏ ဝတ္ထတိုများ”စာအုပ်ပါ စတီဖင်ကင်း၏ ဝတ္ထုတိုများဖြစ်သည်။
ပထမဆုံး ဘာသာပြန်လုံးချင်းဝတ္ထုအဖြစ် Patrick Ness ၏ A Monster’s Call ကို “သစ်မိစ္ဆာခေါ်သံ” အမည်ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ကံ့ကော်၀တ်ရည်စာအုပ်တိုက်မှ ထုတ်ေ၀ခဲ့သည်။ စာဖတ်ခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းကို အလွန်နှစ်ခြိုက်ပြီး ရွှေဥဒေါင်း၊ ကြည်အေး၊ မင်းလူ၊ ဂျူးတို့မှာ အကြိုက်ဆုံး စာရေးဆရာများ ဖြစ်သည်။ ေ၀ါင်ကာေ၀းနှင့် ဂျိမ်းစ်ကင်မရွန်းတို့လို ရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်သော်လည်း လက်ရှိတွင်
ဘ၀ကို ပျော်ချင်ယောင်ဆောင်၍ ဖြတ်သန်းလျက် ရှိသည်။
ထွက်ရှိပြီးသော စာအုပ်များ
၂၆။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းအနုပညာ (Know Your Worth by Thea Easterby)
၂၅။ အချစ်ဆူးနဲ့ မူးရီရီ (Vertigo by Boileau-Narcejac)
၂၄။ ဖုန်းဆိုးမြေ (‘Salem’s Lot by Stephen King)
၂၃။ သေချင်နေပေမယ့် တော့ပုကီလေးတော့ စားချင်သေးတယ် (I Want to Die But I Want to Eat Tteokbokki by Baek Se-hee)
၂၂။ ငွေလရောင်ကျိန်စာ (Cycle of the Werewolf – Stephen King)
၂၁။ ကြမ္မာမုန်တိုင်း ၃ အတွဲ (၇) စိတ်ပုပ်တဲ့ရွာ (A Series Of Unfortunate Events Book 7 – Lemony Snicket )
၂၀။ ရေမွှေး (Perfume: The Story of a Murderer by Patrick Süskind) (ဒုတိယအကြိမ်)
၁၉။ ကြမ္မာမုန်တိုင်း ၂ (A Series Of Unfortunate Events Book 4, 5, 6 – Lemony Snicket )
၁၈။ ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ (Gump & Co. – Winston Groom)
၁၇။ ဖောရက်စ်ဂမ့် (Forrest Gump – Winston Groom) (ဒုတိယအကြိမ်)၁၆။ ငယ်သူမို့ (Lie With Me – Philippe Besson)၁၅။ တစ္ဆေတန်းနှင့် ခေတ်ပြိုင်တရုတ်သိပ္ပံဝတ္ထုတိုများ
၁၄။ ဇော (Pet Sematary – Stephen King)
၁၃။ ဒဏ္ဍာရီ (Big Fish – Daniel Wallace)
၁၂။ နိုင်းမြစ်ပေါ်က လူသတ်မှု (Death On The Nile – Agatha Christie)
၁၁။ စတီဖင်ကင်း၏ ဝတ္ထုတိုများ
၁၀။ မေ့ရင်သွေး (Rosemary’s Baby – Ira Levin)
၉။ အံ့ဖွယ်မှတ်တမ်း (The Spiderwick Chronicles – Holly Black & Tony DiTerlizzi)
၈။ ကြမ္မာမုန်တိုင်း (A Series Of Unfortunate Events Book 1, 2, 3 – Lemony Snicket )
၇။ ဂျွိုင်းလန်း (Joyland – Stephen King)
၆။ ဖောရက်စ်ဂမ့် (Forrest Gump – Winston Groom)
၅ ။ ဂျူမန်ဂျီး ( Jumanji – Chris Van Allsburg)
၄။ မြူ (The Mist – Stephen King)
၃။ ရေမွှေး (Perfume : The Stoy Of A Murderer – Patrick Suskind)
၂။ သစ်မိစ္ဆာခေါ်သံ (A Monster’s Call – Patrick Ness)
၁။ ကမ္ဘာကျော်တို့၏ ဝတ္ထုတိုများ (ကောင်းမြတ်လွန်းသော်၊ ကျော်စွာ (ဆေး-၂)၊ လင်းခန့်)
အခြားဝတ္ထုတို/ဆောင်းပါးများ
၄။ Your Life Your Choice ဘဝနေနည်း စာစုများ
– မိမိကိုယ်ကိုယ် ထိန်းကျောင်းခြင်း အနုပညာ
၃။ စာဖတ်ခြင်းအနုပညာ
– စာဖတ်ချိန်ရယူနည်း
၂။ ဇလပ်နီဝတ္ထုတိုများ အမှတ် (၄)
– ဖုန်းဆက်ခေါ်လို့ ရတဲ့ မိန်းမ (Call Girl)
၁။ ကမ္ဘာကျော်တို့၏ ဝတ္ထုတိုများ
– ဗီရိုထဲက သရဲ (The Boogeyman)
– ပန်းချစ်သူ (The Man Who Loved Flowers)