အာကာခေတ်ပိုင်
နာမည်အရင်းမှာ ဒေါက်တာဝင်းထိုက် ဖြစ်သည်။ မကွေးတိုင်းဒေသကြီးတွင် အဖ ဦးသာဂျမ်း နှင့် အမိ ဒေါ်မြဆယ်တို့မှ မွေးဖွားသော သားသမီး (၅) ဦးအနက်မှ အငယ်ဆုံးသား ဖြစ်သည်။
၂၀၀၁ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ် – မန္တလေးမှာ ဆေးပညာဘွဲ့ ရရှိခဲ့သည်။
၂၀၁၂ ခုနှစ်ဧပြီလထုတ် ဇီဝက ကျန်းမာရေးမဂ္ဂဇင်းမှာ ဖော်ပြခံရသည့် မေတ္တာနှောင်ကြိုး( ဝတ္ထုတို) ဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်တွင် နှင်းဆွတ်လေပြည် (လုံးချင်း) ၂၀၁၉ ခုနှစ်တွင် တိမ်ဝှက်ခံရတဲ့ကြယ် (လုံးချင်း) ၂၀၂၀ ခုနှစ်တွင် ကျားဖောင် (လုံးချင်း) ၂၀၂၂ ခုနှစ်တွင် တောင်မှာမိုးတွေညို့ရင် (မဂ္ဂဇင်းဝတ္ထုတို စုစည်းမှု) ၂၀၂၃ ခုနှစ်တွင် အလွမ်းများငြိမ်းစေ (လုံးချင်း) စာအုပ်များ ထုတ်ဝေခဲ့သည်။
ယခုအချိန်တွင် ဇနီးဒေါ်ယဉ်မေသိန်း နှင့် သား မောင်မင်းမြတ်ထူးသာတို့နှင့်အတူ အေးချမ်းစွာနေထိုင်လျက် ရှိသည်။