ဒီစာအုပ်က အမျိုးသမီးတွေအတွက်ဆိုရင်မမှားပါဘူး။
ဒါမှမဟုတ် ရသဝတ္ထုကောင်းကောင်းတစ်ပုဒ် မျှော်လင့်နေတဲ့သူတွေအတွက်ဆိုလည်းမှားမှာမဟုတ်ပါဘူး။ ဇာတ်လမ်းကဖတ်ရင်းမောလာရသလို ဒေါသလည်းထွက်လာရပါတယ်။ မေလွင်လို အိမ်ထောင်ရေးကံမကောင်းတဲ့အမျိုးသမီးတွေအများကြီးပဲရှိမှာပါ။ ဒါပေမယ့် ဆရာမရဲ့ အရေးအသားနဲ့အဖွဲ့အနွဲ့တွေကြောင့်ဇာတ်လမ်းက ပိုကြွ၊ ပိုရင်နာစရာကောင်းပြီး တအားခံပြင်းရတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။ ဆရာမကို သိနေတဲ့သူဖြစ်တော့ ဇာတ်လမ်းကိုဖတ်နေရင်း ဆရာမကိုပြေးမြင်လိုက်၊ ဆရာမကိုချီးကျူးလိုက်နဲ့ ရင်ထဲမှာလည်းမခံမရပ်နိုင်အောင်ဖြစ်ရပါတယ်။
နောက်ပြီး အမျိုးသမီးတွေအပေါ်ထားတဲ့ ဆရာမရဲ့မေတ္တာကိုလည်းခံစားမိပါတယ်။ ဒီအထဲမှာမေလွင်ဘဝကိုပဲမြင်တာမဟုတ်ဘဲ အမျိုးသမီးတွေရဲ့ဘဝပေါင်းများစွာကိုမြင်မိပါတယ်။ နောက်တစ်ခုက မိသားစုကံမကောင်းတဲ့အမျိုးသမီးတွေဟာ ငါအလှည့်ကြရင်အခုလိုမဖြစ်စေရဘူး၊ ငါသားသမီးကိုမိတကွဲ ဖတကွဲမထားဘူးဆိုပြီးခံယူချက်ပြင်းတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်းအိမ်ထောင်ရေးဘဝပေးကံတွေမတူကြတဲ့အခါ ဇွတ်မှိတ်ကြိတ်ခံခဲ့တဲ့ ဒဏ်ရာတွေပဲခံစားရတာပဲအဖက်တင်ပါတယ်။
မေလွင် သူယောကျာ်းကိုထားခဲ့တာ နောက်ကျတယ်လို့တောင်ပြောလို့ရတယ်။ ကျွန်မသာဆိုရင်တော့ စောစောကွာပစ်လိုက်မယ်လို့တွေးမိတယ်။ မကွာလိုက်တာကလည်း ဝတ္ထုကိုပိုကြွစေတဲ့ အပိုင်းဖြစ်ခဲ့ပါတယ်။ ကျွန်မတော့နောက်ဆုံးအပိုင်းလေးမှာ မျက်ရည်ပါးပါးလေးတစ်ချက်ဝေ့သွားတဲ့ ဖတ်နေတဲ့တစ်လျှောက်လုံးကတော့ ခံပြင်းခဲ့ရပြီးအားမရခြင်းတွေဖြစ်ခဲ့ပေမယ့် မေလွင်ဆုံးဖြတ်ချက်မှန်ကန်တယ်လို့ယူဆပါတယ်။
အိမ်ထောင်ပြိုပျက်တာ၊ အိမ်ထောင်ကွဲတာ ကျွန်မတို့အမျိုးသမီးထုရဲ့တာဝန်တစ်ခုဖြစ်နေတာမဟုတ်သလို တစ်ခုလပ် အိမ်ထောင်ကွဲဆိုပြီး စိတ်စမ်းချင်တဲ့ ဦးနှောက်အောက်ကျနေတဲ့လူတွေလို့ပဲမြင်ပါတယ်။ အမျိုးသမီးလို့မြင်တာနဲ့လိင်စိတ်ကိုသာပြေးမြင်တတ်တဲ့ယောကျာ်းသားတစ်ချို့နဲ့ အထင်သေးတဲ့လူပတ်ဝန်းကျင်မှာ ဘယ်လိုဖြစ်ဖြစ်ရှင်သန်နေထိုင်တဲ့ အမျိုးသမီးတိုင်းကိုကိုယ်ချင်းစာပါတယ်။ ကောင်းတာမို့ ဖတ်စေချင်မိတာပါပဲ။ ဆရာမကိုလည်း ဒီစာအုပ်မှာ အရမ်းအားရကျေနပ်ပါတယ်လို့၊နောက်တစ်ခုက ဆရာမ Thae Hsu Mon ကို အရမ်းအောင်မြင်စေချင်မိတာပဲ။
😍 #ChawSuHlaing #သဲစုမွန် #အတိတ်ရဲ့အခြားတစ်ဖက်မှာ
Chaw Su Hlaing
Published May 3, 2026 • Views 12
အတိတ်ရဲ့ အခြားတစ်ဖက်မှာ

Reader comments
Share your thoughts about this review.
0 comments
No comments yet
Be the first reader to comment on this review.
