ဆရာမ သဲဆုမွန် ရဲ့ အတိတ်ရဲ့ အခြားတစ်ဖက်မှာ စာအုပ်ဖတ်ပြီးတာ ကြာပါပြီ
ဒီရက်ပိုင်း ဒီစာအုပ်ထဲက မေလွင် ကို သွားသွားသတိရမိလို့ မိဘတွေ အိမ်ထောင်ပြိုကွဲသွားပေမယ့် ကိုယ့်အလှည့် မှာ ဘာအကြောင်းအရာနဲ့မှ အိမ်ထောင်မပြိုကွဲနိုင်ဘူးလို့ မေလွင် ရဲ့ အိမ်ထောင်ရေး ဒုက္ခပင်လယ်ထဲမှာ ရုန်းကန် ခံစားရပုံ ကို ရေးဖွဲ့ထားတာပါ အမေ ကို ဆန့်ကျင်ပြီး စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ အိမ်ထောင်တစ်ခု ပြုခဲ့ပေမယ့် သူမတွေးထင်ထားတဲ့သာယာ တဲ့အိမ်ထောင်ရေး တစ်ခုမဖြစ်ခဲ့ပဲ ၊ လင်ယောကျ်ား ဖြစ်သူ့ကလဲ ကိုယ့်ဘက်က မားမားမတ်မတ်မရပ်တည် ၊ ယောက္ခမတွေ နဲ့ ယောင်းမတွေကလဲ မိန်းမသားချင် မစာနာစွာ ဆက်ဆံ နဲ့ အဆိုးအဆုံး တွေကို ရင်ဆိုင်ခဲ့ရတဲ့ မေလွင် ကို ကြည့်ပြီး စာဖတ်သူမှာ စိတ်မွန်းကျပ်ရပါတယ် အမေ ဖြစ်သူ့ကို သူ့မ အဖေ ကို ထားခဲ့လို့ မကျေပ်ရန်မူခဲ့တဲ့ မေလွင်ဟာ သူ့ကိုယ့်တိုင် အိမ်ထောင်ပြုခဲ့တဲ့ အခါမှ ဒီဒဏ်တွေကို ခံစားနားလည်မိတော့တယ် မေလွင် က သူ့မ အမေကို အိမ်ထောင်ပြိုပျက်အောင်လုပ်ခဲ့လို့ မကျေမနပ် ပြန်ပြောတော့ အမေ ဖြစ်သူ့က “နင် ခရီးဆောင်အိတ်တစ်လုံးကို တစ်ယောက်တည်း အကြာကြီး သယ်ကြည့် ၊ လေးလာရင် ပစ်ချချင်လာမှာပဲ “ “ အေး မိသားစု ဆိုတဲ့စိတ်နဲ့ ခရီးတစ်လျှောက်လုံး သယ်ခဲ့တာပဲ ၊ ဒါပေမယ့် အဲဒီအိတ်နဲ့ကပ်ပါလာတဲ့ အရာအားလုံးဟာ အကုန်လေးနေတော့တာ ၊ နင့်ကိုယ်နင်ပဲပြန်ကြည့် ၊ လင်တစ်ယောက်ယူတာ တစ်မျိုးလုံးကို ရင်ဆိုင်နေရပြီ မဟုတ်လား ၊ အိမ်ထောင်ရေးဆိုတာယောကျ်ားနဲ့မိန်းမ တစ်ခြင်ထောင်တည်း အတူအိပ်လိုက်ရုံနဲ့ ပြီးသွားတာ မဟုတ်ဘူး ၊ အတူတူ နားလည်မူယူပြီး ကျော်ဖြတ်ရမှာတွေ အများကြီး ၊ အဲဒီလို မဟုတ်ပဲ မိန်းမတစ်ယောက်ယူပြီး မိသားစု ပြသာနာတွေကို ခေါင်းရှောင်တာဟာလည်း ယောကျ်ားတစ်ယောက်တာဝန်မကျေတာပဲ “
ကျွန်တော်တို့ လူမူပတ်ဝန်းကျင်မှာ အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြိုကွဲရင် လူပြောခံရမယ် ၊ လူအထင်သေးခံရမယ် စတဲ့ စကားလုံးပေါင်းစွာ အကြည့် တွေ နဲ့ ဆိုးရွားတဲ့ အိမ်ထောင်ရေးထဲမှာ အမျိုးသမီးများ ကို အကျဉ်းချထားကြတယ် ။ ဒီထဲမှာ ကျွန်တော်ကြိုက်တာ တခု ရှိပါတယ် ။ မေလွင် သူယောကျ်ား အိမ်ထောင်ရေးဖောက်ပြားတာကိုသိရှိသွားတော့ တစ်ဖက် မိန်းကလေးဆီသွားပြီး သူ့ယောကျ်ားလို လူစားမျိုး ကို မကြိုက်သင့်ကြောင်း သူ့လိုမျိုးဒုက္ခတွေ ခံစာရမှာမလို့ မိန်းကလေးချင်း ကိုယ့်ချင်းစာနာစွာဖြင့် သွားပြောတဲ့ အခန်းအကြိုက်ဆုံးပဲ နောက်ထပ် မေလွင် ရဲ့ ဇာတ်ကောင်စရိုက်ပိုကြွလာအောင် လုပ်ပေးရတဲ့ ဇာတ်ကောင်က မေလွင် ယောက္ခမ ဒေါ်မယ်တင် ပဲ ။ ဒေါ်မယ်တင် ရဲ့ မထိတထိ ပြောဆိုမှု ၊ မကြားဝံ့မနာသာ ပြောဆိုမှု မျက်နှာအမူအရာနဲ့ ဇာတ်ကိုကြွအောင် လုပ်ပေးရတဲ့ အလှုပ်ဇာတ်ကောင်ပဲ ။ ဒီ စာအုပ်ထဲမှာ အလှုပ်ဇာတ်ကောင်တွေ တွေ့ရတယ် ။ သူတို့ လှုပ်ပေး ပြောပေးလို့ ဇာတ်ကကြွတက်နေတာ မေလွင် ခံစားချက်တွေကို စာဖတ်သူ့က ပိုခံစားမိသနားမိတာ ။ ဆရာမ သဲဆုမွန် ရဲ့ နောက်ထပ်လက်ရာလေးတွေလဲမျှော်နေပါမယ် ။ ဆရာမ စာအုပ်တွေ အကုန်စုထားတယ် ။ ထုတ်ဝေပေးတဲ့ မဟာစာပေကိုလဲ ကျေးဇူပါသည် ။ စာပေကောင်းများဆက်၍ထုတ်ဝေနိုင်ပါစေ ဖီးမွေးနေ့စာအုပ်လက်ဆောင်အစီအစဉ်လေးမှာ ဒီစာအုပ်လေးပါမယ်နော် ❤️ #ဖီး
Phee Lay
Published May 3, 2026 • Views 10
အတိတ်ရဲ့ အခြားတစ်ဖက်မှာ

Reader comments
Share your thoughts about this review.
0 comments
No comments yet
Be the first reader to comment on this review.
