ဒီတစ်ခေါက် ဖတ်ဖြစ်တဲ့ စာအုပ်လေးကတော့ ဆရာမခတ္တာခင်ရဲ့ "ရေဒီယိုပန်းဆိုင်" ဆိုတဲ့ စာအုပ်လေးပါ။
ဒီစာအုပ်လေးထဲမှာ မိဘတွေအဆင်မပြေလို့ မိခင်မေတ္တာချို့တဲ့ခဲ့ရတဲ့ "နွေဦး"ဆိုတဲ့ ကောင်မလေးအကြောင်းဟာ စာဖတ်သူကို ဝတ္ထုရဲ့ စ၊လယ်၊ဆုံးအထိ တငြိမ့်ငြိမ့်နဲ့ တဖြည်းဖြည်းချင်း ဆွဲခေါ်သွားပါလိမ့်မယ်။
ဆရာမရဲ့ စကားပြေအဖွဲ့အနွဲ့တွေကိုလဲ အတော်သဘောကျမိပါတယ်။လုပ်မယ်၊မလုပ်ဘူး။ပြောမယ်၊မပြောဘူးဆိုပြီး စိတ်နှစ်ခွဖြစ်တတ်တာလေးတွေကို ထည့်ရေးထားတာ မိုက်တယ်။
ဇာတ်ကောင်တွေဟာ သွားမယ်၊လာမယ်၊စားမယ်ကြည့်မဟုတ်ဘဲ ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကြောင်း တစ်ခုကို ထည့်ရေးထားတာလေးကလဲ စာဖတ်သူကို စိတ်ဝင်းစားစေမိပါတယ်။
ရေဒီယိုသီချင်းတစ်ပုဒ်၊ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်လို ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ နားထဲသို့စီးဝင်ပြီး အတွေးအာရုံအထိ သာသာယာယာ ဖတ်ရှုခံစားရပါတယ်။
စာအုပ်အမည် - ရေဒီယိုပန်းဆိုင်
စာရေးသူ - ခတ္တာခင်
စာအုပ်တိုက် - မဟာစာပေ
တန်ဖိုး - ၁၅၀၀၀ကျပ်
စာမျက်နှာ - ၃၂၇မျက်နှာ#ရေဒီယိုပန်းဆိုင်
#ခတ္တာခင်
#reviewbyကိုးကိုး
See less
— feeling grateful.

