🕊 လူတိုင်းမှာမေ့မရတဲ့အမှတ်တရတွေ မေ့မရတဲ့အတိတ်တွေဆိုတာရှိကြတာပါပဲ.... ဒါတွေထဲကမှထုတ်ပြီးပြောရမယ်ဆို ကျွန်မတို့မိန်းကလေးတွေရဲ့ အတိတ်ကမြက်ခင်းတွေရဲ့ စွဲထင်ကျန်ခဲ့တဲ့ မှတ်ဉာဏ်တွေထဲကလို့ပဲပြောရမလား......
🕊 မိန်းမတစ်ယောက်ရဲ့တန်ဖိုး ဂုဏ်သိက္ခာဆိုတာ အဲ့ဒီမိန်းမနဲ့ပဲဆိုင်တယ်လို့ အများကထင်ကောင်းထင်ကြပါတယ်။ သိုဝှက်ထားတဲ့အရာတွေများပါတယ် မိန်းမတစ်ယောက်ရဲ့ထားရှိတဲ့စည်းတွေ တန်ဖိုးတွေ သိက္ခာတွေက အတိတ်ကပြုလုပ်ခဲ့ဖူးတဲ့ ပတ်သက်ခဲ့ဖူးတဲ့ ပတ်ဝန်းကျင်တွေ လူတွေ အရာဝတ္ထုတွေပေါ်မှာလည်းအများကြီးဆိုင်ပါတယ်။
🕊 ဇာတ်လမ်းထဲက ကိုအောင်နဲ့မေလွင့်လိုပေါ့ အားကိုးတကြီးလိုက်လာမိတဲ့မေလွင်တစ်ယောက် သူဝင်သွားခဲ့တဲ့ ပတ်ဝန်းကျင် ပြောဆိုဆက်ဆံရတဲ့ လူတွေက သူ့အပေါ်မကောင်းဘူးထင်တဲ့ မိခင်ထက်များပိုဆိုနေမလားတွေးနေမိသေး.... တကယ်တော့ ကိုယ်ရွေးချယ်မိတဲ့အရာတွေကပဲ ကိုယ့်ကိုဆွဲချတယ်ဆိုမလားပဲ..... 🕊 မေလွင့်လိုပဲ အတိတ်ကသူ့ကိုမချစ်ဘူးလို့ထင်တဲ့မိခင်ကိုဥပက္ခာပြုပြီး အတိတ်တွေရဲ့ အခြားတစ်ဖက်ခြမ်းမှာရှိတဲ့ ကိုအောင်ဆိုတဲ့ငယ်ရွယ်တဲ့အမျိုးသားတစ်ယောက်နဲ့ဘဝလမ်းကိုရွေးချယ်မိတဲ့အခါ သူ့ပစ္စုပ္ပန်ကအတိတ်ထက်ပိုပြီးသာယာချောမွေ့နေမလား ပိုကြမ်းတမ်းနေမလား ဘဝဆိုတာအတိတ်ကခါးသလောက်လက်ရှိမှာချိုချင်ချိုမယ် ခါးချင်ခါးမယ် ကြိုမသိနိုင်တဲ့အရာပဲမို့ အတိတ်တွေကိုမေ့ပစ်ပြီး လက်ရှိကိုပိုကောင်းအောင်လုပ်ရမလားပဲ.....
📔 အတိတ်ရဲ့အခြားတစ်ဖက်မှာ
🖊 သဲဆုမွန်
▶တန်ဖိုး - ၁၂၀၀၀ ကျပ်
▶ စာမျက်နှာ - ၂၃၆
📔 အတိတ်ရဲ့အခြားတစ်ဖက်မှာ
🖊 သဲဆုမွန်
▶တန်ဖိုး - ၁၂၀၀၀ ကျပ်
▶ စာမျက်နှာ - ၂၃၆

