မိုးကျော်ဇင်ဟာ လုံးချင်းဝတ္ထုရှည်၊ ဝတ္ထုတို၊ အက်ဆေး စတဲ့ စာပေအနုသုခုမတွေကို တီထွင် ဖန်တီးနိုင်တဲ့ လက်ရာရှင်တစ်ဦးဖြစ်ပြီး သူဖန်တီးတဲ့ အနုပညာတွေဟာ ခံစားသူတို့ ရင်တွင်းကို ထိစေပါတယ်။ မိုးကျော်ဇင်ရဲ့ ဇာတ်လမ်းတွေက ကလောင်သွားထက်မှာ မျိုးစုံ ဘယ်လိုပဲလှုပ်ရှားပါစေ၊ လူသားဘဝနဲ့ အနီးစပ်ဆုံးတွေကို ဖန်တီးထားတာဖြစ်တဲ့အတွက် ဖတ်ရှုသူတိုင်းရဲ့ သဘောကျနှစ်သက်မှုကို ရနေတယ်ဆို မမှားပါဘူး။ ယခု ထုတ်ဝေလိုက်တဲ့ မိုးကျော်ဇင် - ဝတ္ထုတိုပေါင်းချူပ်မှာ ၂၀၁၅ ကနေ ၂၀၂၁ အထိ ဆရာ့ရဲ့ ဝတ္ထုတိုလက်ရာ ၁၅ ပုဒ်ကို တစ်စုတည်း စုစည်းထားတာ ဖတ်ရှုရမှာဖြစ်ပြီး ရသဖန်တီးမှုကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ ဝတ္ထုတိုများလည်းဖြစ်ပါတယ်။

ဒေါ်လာတစ်ထောင် ဓါးတစ်ချောင်းနှင့် သင်္ဘောပေါ်က လူသတ်မှု
အေထူးအောင် (အဏ္ဏဝါ)
Ks 9,000



