Photo
ဆရာမငွေတီဦး၏ #လုံခြုံရာ
Published May 7, 2026
Story
ဆရာမငွေတီဦး၏ #လုံခြုံရာ
......
ဆရာမငွေတီဦးဟာ စာရေးကောင်းသူတစ်ယောက်ပါ။ လုံခြုံရာ စာအုပ်မှာ အောင်မြင်ရေးတွေ၊ တိုးတက်ရေးတွေကို စာဖတ်သူတို့ ဖတ်ရမှာ မဟုတ်ပါဘူး။
လူတိုင်းရဲ့ ဘဝဖြတ်သန်းမှုတွေမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ အတားအဆီးတွေ ရှိကြမှာပဲ။ အဲ့ဒီလို ကိစ္စမျိုးတွေ ကြုံလာတဲ့အချိန်ကျရင် မိမိကိုယ်ကိုယ် အကောင်းဆုံး ဘယ်လို ပြန်လည်တည်ဆောက်ကြမလဲဆိုတာကို ဆရာမရဲ့ ဘဝအတွေ့အကြုံလေးတွေနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်ပြထားတဲ့စာအုပ်ပါ။
လူတိုင်းအတွက် လုံခြုံရာတစ်ခုတော့ လိုအပ်တာပဲလေ။ စာဖတ်သူတို့အတွက် လုံခြုံရာ ဆိုတာ ဘယ်လိုမျိုး ဖြစ်နိုင်မလဲ။
လောလောဆယ်တော့ စာအုပ်က ထွက်မယ်လို့ မကြေငြာရသေးဘူး။ Pre Order က အုပ်ရေ ၅၀၀ ကျော် ၁၀၀၀ နီးပါးရှိနေပြီ။
Congratulation ပါ ဆရာမငွေတီဦး
