ရသစာပေအတွက် သဲတပွင့်လောက် ပါဝင်ခွင့်ရရင်တောင် ကျေနပ်ပါပြီ
Hotline09450623383Video
ဖိအားတွေကို လျော့ကျသွားအောင် လုပ်လို့ရမယ့် နည်းလမ်းတွေပါတဲ့ စာအုပ်ပါလို့ ပြောပြလာတဲ့ ဆရာနေထွန်းလင်း
Published May 7, 2026
Story
ဖိအားအောက်မှ ရုန်းထွက်ခြင်း
နေထွန်းလင်း (မြန်မာပြန်)
21 WAYS TO A HAPPIER DEPRESSION
SETH SWIRSKY
စာမျက်နှာ - ၈၀
တန်ဖိုး ၄၅၀၀ ကျပ်
အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။လူအများ ကြုံနေရတဲ့ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်း ၂၁ သွယ်။
ယနေ့ကမ္ဘာဟာ သမိုင်းတစ်လျှောက် အတိုးတက်ဆုံး ကာလကို ဖြတ်သန်းနေရတယ် ဆိုရင် မမှားပါဘူး။ ယခင့်ယခင်က အိပ်မက်ပင် မမက်ခဲ့ဖူးတဲ့ အံ့မခန်း တိုးတက်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင် ကြုံနေရပြီး အချိန်နဲ့အမျှ အသစ်အဆန်းတွေ တီထွင်ပေါ်ပေါက်လျက် ရှိနေတာပါ။ ဒီလို အရှိန်အဟုန် မြင့်မားစွာ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ ရှင်သန်နေရတဲ့ လူသားတွေဟာ အသစ်အသစ်သော ဆွဲဆောင်မှုတွေ၊ တောင်းဆိုမှုတွေ နောက်ကို အမှီလိုက်ရင်း၊ အမှီလိုက်ဖို့ ကြိုးစားရင်း ဖိအားတွေ အောက်ကျရောက်ကာ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေကို ရင်ဆိုင်ကြုံတွေ့လာရပါတော့တယ်။
ဖိအားတွေကတစ်ဆင့် ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေဟာ ဘာအတွက်မှ ကောင်းကျိုးမရှိပါဘူး။ ရုပ်ဝတ္ထု အသစ်အဆန်းတွေရဲ့ လှည့်ဖြားမှု မာယာနောက် လိုက်ရင်းလိုက်ရင်း ဇောနဲ့ အရှိန်တွေကို မသတ်နိုင်တဲ့အခါ မိမိရဲ့ စိတ်မှာ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေ ဝင်ရောက်လာမယ်။ အဲ့ဒီကနေ စိတ်ကျရောဂါအထိ ဖြစ်လာနိုင်ပြီး အသက်ဘေးကို ကြုံတဲ့အထိ အန္တရာယ် ရှိနိုင်လာပါတယ်။
ဒီအတွက် နေ့စဉ်ဘဝကို ရှင်သန်နေထိုင်ရင်း တိုးတက်အောင်မြင်ဖို့ ကြံစည်ရမှာ ဖြစ်သလို ဖိအားတွေအောက်က ရုန်းထွက်ဖို့လည်း လုပ်ဆောင်ရပါမယ်။ စိတ်ကျရောဂါ ဆိုတာဟာ ကျန်းမာရေးအခြေအနေ တစ်ရပ်ဖြစ်တာမို့ ဖိအားအောက်က ရုန်းထွက်တယ် ဆိုတာမှာလည်း စနစ်တကျနဲ့ နည်းမှန်လမ်းမှန် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ လမ်းလွဲနောက်ကို လိုက်မိရင် ပိုဆိုးသွားနိုင်တာမို့လို့ပါ။
ဒီစာအုပ်လေးမှာ စိတ်ဖိစီးမှုတွေကို ဖြစ်လာနိုင်စေတဲ့ ဖိအားအောက်က ရုန်းထွက်နည်း ၂၁ နည်းကို ဖော်ပြထားတာ ဖတ်ရှုလေ့လာရပါမယ်။ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေက လွယ်လွယ်ကူကူတွေပဲ ဖြစ်တာမို့ လုပ်ရတာ မခက်မခဲဘဲ ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်ပါတယ်။ ဥပမာအချို့ကို ဖော်ပြရရင် ပန်းချီဆွဲပါ၊ ဖိုင်တွေကို ပြန်စီပြီး ပြုံးလိုက်ပါ၊ မိမိကိုယ်ကို အားပေးပါ၊ နောက်ကျမှ ရေချိုးကြည့်၊ ကော်ဖီသောက်ချိန်လေး ပေးပါ၊ နံရံမှာ ပုံအသစ်တွေ ပြောင်းချိတ်ပါ၊ အိပ်ရာသိမ်းပါ၊ ဆံပင်ညှပ်လိုက်ပါ … စတာမျိုးလေးတွေဖြစ်ပြီး လုပ်ဆောင်သင့်တဲ့ အချက် ၂၁ ချက်ပါဝင်ကာ ဘာကြောင့် ဒါတွေကို လုပ်သင့်တယ် ဆိုတာကို ရှင်းလင်းလွယ်ကူစွာ ရေးသားထားတာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိတ်ဆွေတို့ရဲ့ ဘဝမှာ ကြုံနေရတဲ့ ဖိအားတွေအောက်က ရုန်းထွက်ဖို့ ဒီစာအုပ်လေးက အကောင်းဆုံး အကြံဉာဏ်တွေကို ပေးသွားမှာပါ။
#Mahar Sarpay
#ဖိအားအောက်မှ ရုန်းထွက်ခြင်း
.
.
မဟာစာပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက် လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner နှင့် မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်း စာကြည့်တိုက်တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
