ရသစာပေအတွက် သဲတပွင့်လောက် ပါဝင်ခွင့်ရရင်တောင် ကျေနပ်ပါပြီ
Hotline09450623383Video
ဝါသနာပါလို့ ဒီလိုစာအုပ်မျိုးတွေကို ဘာသာပြန်ဖြစ်သွားတာပါလို့ ရှင်းပြပေးလာတဲ့ ဆရာကိုနေ(Y.I.E)
Published May 7, 2026
Story
စီးပွားရေးသင်ခန်းစာတွေ
ကိုနေ (Y.I.E) (မြန်မာပြန်)
THE GREATEST BUSINESS DECISIONS OF ALL TIME
VERNE HARNISH
စာမျက်နှာ - 160
တန်ဖိုး ၆၀၀၀ ကျပ်
အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက်ဆက်သွယ်ရန် - 09450623383 ၊ 09450623384
မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 
လူသားတိုင်း၊ အဖွဲ့အစည်းတိုင်း ဘဝမှာ မလွဲမသွေ ကြုံတွေ့ရမှာက ဆုံးဖြတ်ချက်တွေပါ။ ရှောင်လို့ မရမှာက ဆုံးဖြတ်ချက်တွေ ချဖို့ပါ။ ဆုံးဖြတ်ချက်တွေဟာ မှန်ကန် ကောင်းမွန်ခဲ့ရင် အောင်မြင်မှုဆီသွားမယ့် လမ်းပေါ်ရောက်နိုင်သလို လွဲမှား ချွတ်ချော်ခဲ့ရင်တော့ ကျရှုံး ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအတွက် လုပ်ငန်းကြီးသည်ဖြစ်စေ၊ လုပ်ငန်းငယ်သည်ဖြစ်စေ၊ မည်သူမဆို မိမိတို့ရဲ့ လုပ်ငန်း အဖွဲ့အစည်းတွေမှာ ဆုံးဖြတ်ချက်တွေ ချဖို့ ဖြစ်လာရင် အလောတကြီး မဆုံးဖြတ်ဘဲ အသေအချာ အလေးအနက်ထား တွေးခေါ် စဉ်းစားပြီးမှ ဆောင်ရွက်ကြပါတယ်။ ဒီလို တွေးခေါ် စဉ်းစားတဲ့ အပိုင်းမှာ မိမိတို့ရဲ့ ရှေ့က လုပ်ငန်းကြီးတွေ အောင်မြင်မှု အကြီးကြီး ရအောင် ဘယ်လို ပြုမူခဲ့သလဲ၊ ဘာတွေ လုပ်ခဲ့လို့ အောင်မြင်မှု သရဖူကို အကြာကြီး ဆောင်းနိုင်ခဲ့သလဲ ဆိုတာ အစဉ်အမြဲ လေ့လာနေရပါမယ်။
Verne Harnish ရေးသားတဲ့ The Greatest Business Decisions of All Time ကို ကိုနေ (Y.I.E) ဘာသာပြန်တဲ့ သမိုင်းထဲမှ အကောင်းဆုံး ဆုံးဖြတ်ချက်တွေပေးတဲ့ စီးပွားရေး သင်ခန်းစာတွေ စာအုပ်မှာ ကမ္ဘာပေါ်က အင်မတန် ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်လာတဲ့အခါ ဘာတွေကို ဘယ်လို ဆုံးဖြတ်ခဲ့လဲ ဆိုတဲ့အကြောင်းတွေ လေ့လာဖတ်ရှုရပါမယ်။
အောင်မြင်မှု ရရှိချင်ရင် အောင်မြင်သူတွေ ဘယ်လို လုပ်ခဲ့လဲ၊ အောင်မြင်မှုတွေ ရအောင် ဘာတွေ ဆုံးဖြတ်ခဲ့လဲ ဆိုတာ သိကို သိနေရပါမယ်။ မိမိတို့ ရှေ့က စီးပွားရေး လုပ်ငန်းကြီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ အောင်မြင်ခဲ့သလဲ သိရှိခွင့်ရတာဟာ သိပ်ကို တန်ဖိုး ကြီးမားလှပါတယ်။ Fortune Magazine Editor ဖြစ်သူ Verne Harnish ရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်ကြောင့် ဒီလို တန်ဖိုးကြီးမားလှတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို သိရှိခွင့် ရခဲ့ပါပြီ။ ဒီစာအုပ်မှာ ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဆုံးဖြတ်ချက် သက်သက်ချည်းသာ ဖတ်ရှုရမှာ မဟုတ်ဘဲ လုပ်ငန်းတို့ရဲ့ သဘောသဘာဝ၊ ဖြတ်သန်းလည်ပတ်ပုံအချို့၊ ဘာအတွက် ဒီလို ဆုံးဖြတ်ချက်တွေ ချဖို့ ဖြစ်လာရလဲ၊ စတဲ့ အဖိုးတန် အချက်အလက်တွေကိုပါ လေ့လာဖတ်ရှုနိုင်မှာပါ။ ဒီအတွက် ကုမ္ပဏီများရဲ့ အုပ်ချုပ်မှု ဒါရိုက်တာများသာမက လုပ်ငန်းတစ်ခုလုံးက ရာထူးအဆင့်ဆင့် ရှိသူတိုင်း လေ့လာဖတ်ရှုပြီး အမြဲတမ်း ဆောင်ထားရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
