ရသစာပေအတွက် သဲတပွင့်လောက် ပါဝင်ခွင့်ရရင်တောင် ကျေနပ်ပါပြီ
Hotline09450623383Photo
အပူသစ်နှင့်ရယ်ကြပါသည် စာအုပ်နှင့် ညီမလေး စာအုပ် မိတ်ဆက်ပွဲ
Published May 7, 2026
Story
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နှင့် ဆရာဟိန်းဆက်သွင်တို့နှစ်ဉီးရဲ့ ဝတ္ထုလတ်နှစ်ပုဒ်ဖြစ်သည့် #အပူသစ်နှင့်ရယ်ကြပါသည် စာအုပ်နှင့်
ဆရာမ မဧကံ၏ #ညီမလေး စာအုပ် မိတ်ဆက်ပွဲသို့ မိုးထဲရေထဲ တကူးတက လာရောက် အားပေးဝိုင်းရံခဲ့ကြသော စာပေမိတ်ဆွေအပေါင်းအား အထူးပင် ကျေးဇူးတင်ပါတယ်။
စာအုပ်မိတ်ဆက်ပွဲလေးကို လာရောက် အားပေးခဲ့ပါသော ဆရာမနှင်းဝေငြိမ်း၊ ဆရာဉီးသိန်းလွင်၊ ဆရာမင်းဝေဟင်၊ ဆရာဟန်သုသော်၊ ဆရာမထက်မြက်နိုင်ဇင်၊ ဆရာမခတ္တာခင်၊ ဆရာနေထွန်းလင်း၊ ဆရာမိုးသားလတ်၊ ဆရာမှော်ဝန်းသီဟ၊ တို့ကိုလည်း ကျေးဇူးတင်ရပါတယ်။
စာအုပ်မိတ်ဆက်ပွဲသို့ လာရောက်တဲ့ စာဖတ်သူတွေအတွက် ဒံပေါက်နဲ့ သောက်ရေသန့်တွေ လက်ဆောင် လာပေးခဲ့သော ဆရာမခင်ချမ်းမြေ့သူ၏ စေတနာကြောင့် စာဖတ်သူတွေကိုယ်စား မဟာစာပေမှလည်း ဆရာမ ခင်ချမ်းမြ့သူအား ကျေးဇူးတင်ကြောင်းလည်း ပြောကြားလိုပါတယ်။
မည်သူပင်ဆိုကာမူ ကလောင်သစ်တစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ အားပေးဝယ်ပေးခဲ့ကြသော စာဖတ်သူအပေါင်း၏ အသိအမှတ်ပြုမှုကို မဟာစာပေမှ ထပ်လောင်း ကျေးဇူးတင်ရှိပါကြောင်း။
၂-၁၀-၂၀၂၃
မဟာစာပေမိသားစု
