ကိုနေ (Y.I.E)
အမည်ရင်း နေလင်းအောင်ဖြစ်ပြီး ၁၉၈၁ တွင် ရန်ကုန်မြို့တွင်မွေးဖွားပါသည်။ မိဘ များမှာ ဦးမြင့်အောင် ၊ ဒေါ်နုနုရီ တို့ဖြစ်ကြပြီး မွေးချင်း နှစ်ယောက်အနက် သားအကြီး ဖြစ်ပါသည်။
အထက (၂) ကလောတွင် မူလတန်းမှ အလယ်တန်းထိ၊ အထက (၂) မင်္ဂလာဒုံတွင် အလယ်တန်းမှ အထက်တန်းအထိ ပညာ သင်ကြားခဲ့ ပါသည်။ အထက်တန်းအောင်ပြီးနောက် ရေကြောင်းပညာသိပ္ပံတွင် တက် ရောက် ခဲ့ပါသည်။ ၂၀၀၁ မှ ၂၀၀၄ တွင် အင်္ဂလိပ်စာမေဂျာဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပါသည်။
၂၀၀၀ မှ ၂၀၀၉ အထိ မြန်မာ့ ကြယ်ငါးပွင့် ကော်ပိုရေးရှင်း တွင် လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ တွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းစတင်ခဲ့ပါသည်။
၂၀၁၁ မှ ၂၀၁၃ အထိ ရန်ကုန် စီးပွားရေးတက္ကသိုလ်မဟာတန်း တွင် တက်ရောက်ခဲ့ပြီး စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ ရရှိခဲ့ပါသည်။
လက်ရှိ တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇနီး မမေသက်နီ ၊ သားနှစ်ယောက်နှင့် အတူ နေထိုင် လျက်ရှိပါသည်။