အေထူးအောင် (အဏ္ဏဝါ)
အမည်ရင်းမှာ အေထူးအောင်ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် အဖ ဦးအောင်ထွန်းသိန်း၊ အမိဒေါ်စန်းဌေးတို့မှ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ နယ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်အနက် အငယ်ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက(တိုက်ကြီး)မှ ၅ ဘာသာဂုဏ် ထူးဖြင့်အောင်မြင်ခဲ့သည်။ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ B.Sc(Hons)-Nautical Science ဘွဲ့ကို ရရှိခဲ့သည်။
ငယ်စဉ်ကတည်းက စာရေးစာဖတ်ခြင်းကို ဝါသနာပါ၍ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ အက်ဆေးများ ရေးသားခဲ့သည်။ ပထမဆုံး ပုံနှိပ်စာမူမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလထုတ် မင်္ဂလာမောင်မယ်စာစောင်တွင် ပါရှိသော ]ပြိုင်ဘက်} ဝတ္ထုတိုဖြစ်သည်။
၂၀၁၄-၂၀၁၅ ခုနှစ်၊ တော်ဝင်စင်တာက ကြီးမှူးကျင်းပသည့် စာရေးစာဖတ်နှင့် တင်ဆက်မှုစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည်။
“ပတ်သက်ခြင်း” ဝတ္ထုတို ဖြင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်း၊ ရွှေအသစ်ကဏ္ဍတွင် ရွေးချယ်ဖော်ပြခြင်း ခံရသည်။ ယခုအခါ PIL(Singapore) Shipping Line တွင် နိုင်ငံခြား သင်္ဘောအရာရှိ အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပြီး တစ်ဖက်တွင်လည်း ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားလျက်ရှိသည်။
အချစ်ရယ် ပြယ်တလွင့်သည် ပထမဆုံး လုံးချင်း ဝတ္ထုရှည်ဖြစ်သည်။