အတိတ်ရဲ့ အခြားတစ်ဖက်မှာ ...
ဒီစာအုပ်ကို ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးတွေ ဖတ်မိရင် မိဘအပေါ် အရွဲ့တိုက်ချင်တဲ့ စိတ်နဲ့ဖြစ်စေ၊ စိတ်ထွက်ပေါက်အနေနဲ့ ဖြစ်စေ ယောက်ျားယူဖို့ကို ဘယ်တော့မှ စဉ်းစားမှာ မဟုတ်တော့ဘူး။ အိမ်ထောင်သည် အမျိုးသမီးတွေ ဖတ်မိရင်တော့ ဖြတ်သန်းနေရတဲ့ အိမ်ထောင်သည်ဘဝ အတွေ့အကြုံချင်း နှိုင်းယှဉ်မိလိမ့်မယ်။ တချို့နေရာတွေမှာ စာအုပ်ထဲက မေလွင်ဟာ ကိုယ်ဖြစ်ချင် ဖြစ်သွားနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း ငါဟာ မေလွင့်ထက်တော့ ကံကောင်းသေးတာပဲရယ်လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ကောင်း ဖြေသိမ့်နိုင်လိမ့်မယ်။
မေလွင် ကြုံခဲ့ရတဲ့ အိမ်ထောင်သည်ဘဝဟာ ဆရာမ မိုးမိုး(အင်းလျား)ရဲ့ "ပျောက်သောလမ်းမှာ စမ်းတဝါး" ထဲက လှိုင့်ထက် ပိုဆိုးပါတယ်။ ပျောက်သောလမ်းထဲက လှိုင်ဟာ ကိုကို့ဆီကနေ အချစ်ဆိုတာကို ခံစားမိပေမဲ့ မေလွင်ကတော့ ကိုအောင့်ဆီက အချစ်၊ ညှာတာမှု၊ သနားကြင်နာမှု ဘာဆိုဘာမှ မရခဲ့ဘူး။ ကိုအောင့်အိမ်မှာ နေရတဲ့ နေ့ရက်တိုင်းဟာ မေလွင့်အတွက် ငရဲပါပဲ။ ဆရာမ သဲဆုမွန်ဟာ မေလွင်ဆိုတဲ့ ဇာတ်ကောင်ရဲ့ ခံစားချက်တွေကို စိတ်နှစ်ရေးဖွဲ့ရတာ တော်တော်လေး ပင်ပန်းခဲ့မှာ သေချာပါတယ်။ တခုလပ်ဖြစ်ရမှာ အင်မတန်ကြောက်တဲ့ မိန်းမတစ်ယောက်ကို မိခင်စိတ် ပြည့်ဝတဲ့ Single Mother တစ်ယောက် ဖြစ်စေခဲ့တဲ့အတွက်လည်း မေလွင့်လို မိန်းကလေးတွေကိုယ်စား ဆရာမ သဲဆုမွန်ကို ကျေးဇူးတင်ရပါတယ်။
#အတိတ်ရဲ့အခြားတစ်ဖက်မှာ
#သဲဆုမွန် ၂၀.၅.၂၀၂၅
Su Wai Aung
တင်ထားသည့်ရက် ၃/၅/၂၀၂၆ • ကြည့်ရှုမှု ၇
အတိတ်ရဲ့ အခြားတစ်ဖက်မှာ

စာဖတ်သူမှတ်ချက်များ
ဤစာညွှန်းအပေါ် သင့်အမြင်ကို မျှဝေပါ။
0 မှတ်ချက်
မှတ်ချက်မရှိသေးပါ
ဤစာညွှန်းတွင် ပထမဆုံးမှတ်ချက်ရေးသူ ဖြစ်လိုက်ပါ။
