ပထမဆုံးပြောချင်တာကတော့ ဒီစာအုပ်လေးကို မိန်းကလေးတိုင်း ဖတ်သင့်တယ်ဆိုတာရယ် မိဘဖြစ်နေသူတွေအနေနဲ့လဲ အထူးဖတ်သင့်တယ်လို့ မြင်ပါတယ်။
မေလွင်ဆိုတဲ့ ကောင်မလေးဟာ ဖခင်ဖြစ်သူ အရက်သမားက သူမရဲ့ ဘဝကို လုံခြုံမှုမပေးနိုင် ၊ မိခင်ဖြစ်သူကလဲ နောက်အိမ်ထောင်ပြုပြီး သူမကိုနွေးထွေးမှုမပေးနိုင် ၊ မိဘတွေအပေါ် မုန်းတီးစိတ်တွေ အမြစ်တွယ်နေတဲ့ မေလွင်သာ ခဏတာ နွေးထွေးကြင်နာပြတဲ့ ကိုအောင်ကို ယုံကြည်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တစ်ခုထူထည်ခဲ့ပါတယ်။ အိမ်ထောင်တစ်ခုထူထောင်ခြင်းဟာ လူနှစ်ယောက်သာ ပေါင်းစည်းရခြင်းမဟုတ်ကြောင်းကို နောက်ကျမှ သိခွင့်ရခဲ့တဲ့ မေလွင် ၊ သူမမိခင်လို အိမ်ထောင်နှစ်ဆက်ရှိသူ မဖြစ်ချင်နဲ့ မေလွင်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက် ကြီးမားသူ မေလွင်၊ ပြည်စုံနွေးထွေးလုံခြုံသော မိသားစုဘဝကို တည်ထောင်ချင်သော မေလွင်၊ အားကိုးတကြီးဆွဲမိတဲ့ လက်စုံက မေလွင်မျှော်လင့်တာတွေကို ဖန်းတီးပေးနိုင်မလား ၊ မေလွင်ရဲ့ ရှေ့ဘဝခရီးဟာ ဘယ်လိုတွေ တွေ့ကြုံဖြတ်သန်းရမယ်ဆိုတာကို ဖတ်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။
စာအုပ်အမည် -အတိတ်ရဲ့ အခြားတစ်ဖက်
စာရေးသူ -သဲဆုမွန်
Review ရေးသူ -မယ်ကျွန်းမြစ်
Nway Nway
တင်ထားသည့်ရက် ၃/၅/၂၀၂၆ • ကြည့်ရှုမှု ၃
အတိတ်ရဲ့ အခြားတစ်ဖက်မှာ

စာဖတ်သူမှတ်ချက်များ
ဤစာညွှန်းအပေါ် သင့်အမြင်ကို မျှဝေပါ။
0 မှတ်ချက်
မှတ်ချက်မရှိသေးပါ
ဤစာညွှန်းတွင် ပထမဆုံးမှတ်ချက်ရေးသူ ဖြစ်လိုက်ပါ။
