ဘာသာပြန်တွေ မဖတ်ဖြစ်တာ နည်းနည်းကြာပြီ
ဒီနှစ်အတွင်း ဒါက (၁၁) အုပ်မြောက်ဖတ်ဖြစ်တဲ့ဘာသာပြန်စာအုပ်ပါပဲ ။
မူရင်းစာရေးသူက ဂျာမန်စာရေးဆရာ ။ သူ့ရဲ့ မိဘတွေကလည်း စာပေလောကထဲကပါပဲ ။ ၁၉၈၅ ခုနှစ်မှာ ဒီစာအုပ်ကို စရေးခဲ့ပြီး နိုင်ငံတကာထိ ထိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။ ( သူအရင်ပြဇာတ်တွေရေးတာပါ)
စာပေဆုတွေအများကြီးရပေမယ့် စာရေးသူဟာ ဆုတွေကိုယူခြင်းမရှိခဲ့ပါဘူးတဲ့ ။ နှစ်ဆယ်ရာစုအတွင်းရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်ပြီး ဘာသာပေါင်း ၄၉ မျိုးနဲ့ ဘာသာပြန်ရေးသားခံရတဲ့ စာအုပ်ကောင်းတစ်အုပ်လည်းဖြစ်တယ် ။
စာအုပ်ထဲမှာက ဂန်နွီဆိုတဲ့ အမျိုးသားဟာ မွေးကတည်းက ပါရမီထူးကဲစွာမွေးဖွားလာတာ ။ ပါရီမြို့ရဲ့ လူနေထူထပ်တဲ့ တစ်နေရာကနေ ငါးစိမ်းသည် မိခင်ဆီ ဝင်စားမွေးဖွားလာခဲ့တယ်။
သူမွေးတဲ့နေ့မှာပဲ သူ့မ်ခင်ဟာ ကြိုးမိန့်ပေးခံလိုက်ရပါတယ် ။ ဒီလိုနဲ့ နို့တိုက်သမတွေဆီကြီးပြင်းလာရင်း သူ့ဆီမှာ ဘာအနံ့အသက်မှ ရှိမနေတာဟာ မကောင်းဆိူးဝါးပါ ဆိုတဲ့ စွပ်စွဲချက်နဲ့ မကြာခဏ စွန့်ပစ်ခြင်းခံရပါတယ် ။
အသက် (၈) နှစ်အရွယ်လောက်ကတည်းက သူ့ရဲ့ ပါရမီဟာ တဖြေးဖြေး သိသာထင်ရှားလာပါတယ်။
အနံ့တွေကို ခွဲခြားနိုင်စွမ်းဟာ မထင်မှတ်ထားလောက်အောင် ကောင်းမွန်လွန်းပါတယ်။
ရာသီဥတုအခြေနေကအစ တိရိစ္ဆာန်တွေရဲ့ အနံ့တွေအဆုံး ဘာဖြစ်မယ် ၊ ဘယ်ကလာတယ်ဆိူတာကို ကောင်းကောင်းကြီးခွဲခြားတတ်ပါတယ်။ အသက် (၁၃) နှစ်အရွယ်လောက်မှာတော့ သူဟာ ရေမွှေးတွေ လုပ်ဖို့ စတင်ပါတော့တယ်။
အဲ့ဒီအချိန် သူတိူ့နိုင်ငံမှာ ရေမွှေးပညာရှင်က (၁၃) ဦးရှိပါတယ် ။ တစ်ဦးဆီမှာ ပညာယူကျွန်ခံရင်း သူ့ရဲ့ ရေမွှေးဖန်တီးရေးလုပ်ငန်းစပါတော့တယ်။
မထင်မှတ်ထားလောက်တဲ့ သူ့ရဲ့ ပါရမီတွေ ၊ စိတ်သဘောထားတွေနဲ့ ပြစ်မှုတွေ အကြောင်းကိုလည်း နောက်ပိုင်းအခန်းတွေမှာ စိတ်ဝင်တစားဖတ်ရှုလိုက်ရပါတယ်။
#ရေမွှေး
#လင်းခန့်
Naw Eh Wah Phaw
တင်ထားသည့်ရက် ၃/၅/၂၀၂၆ • ကြည့်ရှုမှု ၁၈
ရေမွှေး

စာဖတ်သူမှတ်ချက်များ
ဤစာညွှန်းအပေါ် သင့်အမြင်ကို မျှဝေပါ။
0 မှတ်ချက်
မှတ်ချက်မရှိသေးပါ
ဤစာညွှန်းတွင် ပထမဆုံးမှတ်ချက်ရေးသူ ဖြစ်လိုက်ပါ။
