အောင်လွင်ဦး(လွင်ဦး)က ကျွန်တော်နာမ်စားသုံးပြီး
ရေးဖွဲ့ထားတယ်
လွင်ဦးဟာ အသက် ၃၈ နှစ်အရွယ် ပန်းချီကျောင်းဆင်း
ပန်းချီဆရာ။ သူ့ဇနီးနဲ့ တက္ကသိုလ်တက်ရင်း တွေ့ဆုံချစ်ကြိုက်
ခဲ့ကြတာ။ အခု သားလေးတောင် ဆယ်နှစ်သား ဖြစ်နေပြီ
အိမ်ထောင်သက် ကြာလာတာနဲ့အမျှ နေ့စဥ်နေထိုင်မှု အကျင့်
စရိုက်တွေက အသွင်မတူ၊ ညှိမရဖြစ်လာကြတယ်။ ဇနီးဖြစ်သူက
သူ့ကိုချစ်ပေမယ့် ရေရှည်မှာ သည်းမခံနိုင်တော့ဘူး။ လမ်းခွဲဖို့
လုပ်လာတယ်
လွင်ဦးမှာ သူငယ်ချင်း ပန်းချီဆရာ ထွန်းနိုင်ရှိတယ်
ထွန်းနိုင့်ဆီမှာ သင်တန်းတက်နေတဲ့ ပန်းချီဝါသနာရှင်
ရည်မွန်နဲ့ လွင်ဦး သိကျွမ်းလာတယ်
လွင်ဦးဇာတိက ပင်လယ်ဘက်က။ အဲဒီမှာ အဖေ အမေနဲ့
ညီတယောက် နေထိုင်ကြတယ်။ အဖေက ပင်လယ်ငါးဖမ်း
လုပ်ငန်း လုပ်ကိုင်တယ်
ဒီနှစ်နေရာ၊ ဒီဇာတ်ကောင်တွေလောက်နဲ့ ဝတ္ထုကို တည်ဆောက်
ထားတယ်။ လွင်ဦးရဲ့ စိတ်ခံစားမှုတွေကို အဓိကထား အသေးစိတ်
ရေးဖွဲ့ပြထားတာပါပဲ...
ခတ္တာခင်
အလွမ်းမြစ်ရိုးတစ်လျှောက်
စီးမျောရင်း နစ်မြုပ်နေသော... #
ပထမအကြိမ်- 2024 May

