သင်၏ သစ္စာမရှိသော...
မိသားစုအတွင်း ဖခင်(သို့မဟုတ်) မိခင်က အိမ်ထောင်ရေး
ဖောက်ပြန်တဲ့အခါ အိမ်ထောင်ရေး ပြိုကွဲတဲ့အထိ ဖြစ်နိုင်တယ်
အပြစ်မရှိတဲ့ သားသမီးတွေခမျာ စိတ်ဒဏ်ရာတွေရကြ...
လူမှုအသိုင်းအဝိုင်းမှာ သိမ်ငယ်ရှက်ရွံ့ကြရ...
သမီးရည်းစားတွေ၊ သူငယ်ချင်း မိတ်ဆွေတွေ၊ လုပ်ငန်းခွင်က
လုပ်ဖော်ကိုင်ဖက်တွေကြားမှာလဲ သစ္စာဖောက်မှု၊ နောက်ကျော
ဓားနဲ့ထိုးမှုတွေ ကြုံရတတ်တာပဲ
ဝေဝေခင်(ဝေ)ဟာ ပဲခူးနယ်က ရွာလေးတရွာမှာ မွေးဖွား
ကြီးပြင်းခဲ့တယ်။ မော်လမြိုင်မှာ သူနာပြုဆရာမလေး လုပ်ရင်း
သူ့ကို သိပ်ချစ်တယ်ဆိုသူနဲ့ ကြုံရတယ်
သူငယ်စဥ်မှာ မိဘတွေကြားက သစ္စာပျက်ယွင်းမှုကြောင့်
မိတကွဲ ဖတကွဲ နာနာကျင်ကျင် နေထိုင်ရှင်သန်ခဲ့ရတာရယ်။
သူ့ပတ်ဝန်းကျင်မှာ သစ္စာမဲ့မှု အဖြစ်အပျက်တွေ ကြုံရတာရယ်။
အဲဒါတွေကြောင့် ချစ်ပြီးမှ သစ္စာဖောက်ခံရမှာ၊ လက်ထပ်ပြီးမှ
ခင်ပွန်းဖြစ်သူ ဖောက်ပြန်သွားမှာတွေကို တွေးကြောက်နေသူ
ဝေတယောက်...
အချစ်စစ်ကို တွေ့ပါမလား
သစ္စာတရားကို အမြဲတမ်း ဦးထိပ်ပန်နိုင်ပါမလား
အချစ်နဲ့ သစ္စာတရားကြား တခုကိုသာ ရွေးကြရမယ်ဆိုတဲ့အခါ
သူ့နှလုံးသားနက်နက်မှာ ကိန်းအောင်းနေတဲ့ တဘဝစာ စိတ်ခံစား
မှုတွေကြောင့် ဘယ်အရာကို ရွေးရမယ်ဆိုတာ ဒွိဟမဖြစ်တော့ပါ
ချစ်ခိုင်စံ
ဝေ #
ပထမအကြိမ်- 2026 Feb.

