အမေ့အိမ်မှာ မနေချင်တော့တာနဲ့ အချစ်ဆိုတာ သေချာနားမလည် ရည်းစားတောင် ပီပီပြင်ပြင် မထားရသေးဘဲ ခိုးရာလိုက်ပြေးခဲ့တဲ့ မေလွင်...
အချစ်အကြောင်း မပြော...
အိမ်ထောင်ပြုခြင်း အိမ်ထောင်ကွဲခြင်း နောက်အိမ်ထောင် ထပ်ပြုခြင်း။ အိမ်ထောင်ကွဲ တခုလပ်မိန်းမဆိုရင် ပတ်ဝန်းကျင်က ဘယ်လို သဘောထားသလဲ။ ယောက်ကျားသားတွေက ဘယ်လို မြင်ကြသလဲ နောက်အိမ်ထောင်ပြုရင်ရော သားသမီးတွေ ဘယ်လို ခံစားရလဲ သူတို့လေးတွေ စိတ်ဒဏ်ရာ မရအောင် ကာကွယ်မွေးမြူနိုင်လား single mother တယောက်ဟာ သားသမီးကို စိတ်ဒဏ်ရာမရ (နည်း)အောင် မွေးမြူနိုင်လား ဝတ္ထုနောက်ခံကာလက 2010 မတိုင်မီကပါ ၁၅ နှစ်ခန့်ကြာသော်... ဆိုတဲ့ ဇာတ်သိမ်းမှာ စာရေးဆရာက အထက်ပါ မေးခွန်းတွေရဲ့ အဖြေတချို့ကို ပြသွားတယ် အဝေးသင်နဲ့ ကျောင်းပြီးစ အသက် ၂၀ မပြည့်ခင် ခိုးရာလိုက် ခဲ့မိတဲ့ မေလွင်... မွန်းကြပ်မှုတွေထဲကနေ ရုန်းထွက်ပြီး အသက်ဝဝ ရှူနိုင်တဲ့ လွတ်လမ်းကို ရွေးချယ်နိုင်ခဲ့ပါသလား
သဲဆုမွန် အတိတ်ရဲ့ အခြားတစ်ဖက်မှာ
# ပထမအကြိမ်- 2025 Mar.
Than Zaw Nyunt
တင်ထားသည့်ရက် ၃/၅/၂၀၂၆ • ကြည့်ရှုမှု ၇
အတိတ်ရဲ့ အခြားတစ်ဖက်မှာ

စာဖတ်သူမှတ်ချက်များ
ဤစာညွှန်းအပေါ် သင့်အမြင်ကို မျှဝေပါ။
0 မှတ်ချက်
မှတ်ချက်မရှိသေးပါ
ဤစာညွှန်းတွင် ပထမဆုံးမှတ်ချက်ရေးသူ ဖြစ်လိုက်ပါ။
