📖 တစ်ခါတုန်းက တပည့်တွေ နှင့် အခြားပင်ကိုရေးဆောင်ပါးများ
🖊 အောင်သင်း
🗒 စာမျက်နှာ - ၇၉
💸 တန်ဖိုး ၄၅၀၀ ကျပ်
.
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက်
ဆက်သွယ်ရန် - 09450623383 ၊ 09450623384
.
📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌
ဆရာဦးအောင်သင်းရဲ့ " တစ်ခါတုန်းကတပည့်တွေနှင့် အခြားပင်ကိုယ်ရေးဆောင်းပါးများ " ဆိုတဲ့ စာအုပ်ကလေးဟာ လူငယ်တွေနဲ့ စကားပြောဆိုခြင်းလို့ အမည်တပ်ရမလိုပါပဲ။ သူ့ဆောင်းပါးတွေထဲမှာ လူငယ်တွေကို အားကိုးလိုစိတ်၊ ကျေးဇူးတင်စိတ်၊ အမှားအမှန်ကို သင်ခန်းစာယူလိုစိတ်တို့ကို အဓိကထားပြီး ရေးဖွဲ့ထားတယ်။ အမှာစာကို ဖယ်လိုက်ရင် ဆောင်းပါးခြောက်ပုဒ် ဖတ်ရှုရပါမယ်။ ဆရာကြီးရဲ့ အရေးအဖွဲ့တွေထဲမှာ လူငယ်တွေရဲ့စိတ်ကို မြင်ရပြီး လူငယ်တွေရဲ့အသံကိုလည်း ကြားယောင်မိစေမှာပါ။
ဆရာကြီးဟာ ဆောင်းပါးတွေကို ရေးဖွဲ့ရာမှာ လူငယ်တွေရဲ့စိတ်ကို နားလည်ခံစားနိုင်အောင် အဓိကထား ရေးဖွဲ့ခဲ့ပေမယ့် စာဖတ်သူတွေအဖို့ ဆရာတစ်ယောက်ရဲ့ မေတ္တာ၊ စေတနာတွေကို လေးလေးနက်နက် ခံစားမိပါလိမ့်မယ်။ ဆရာဆိုတာ ပညာအပြင် စိတ်ကိုပါ သင်ကြားပေးရမယ်ဆိုတာ ဆရာဦးအောင်သင်းက ဒီစာအုပ်လေးရဲ့ စာမျက်နှာတွေပေါ်ကနေ အမွေပေးသွားခဲ့ပါတယ်။ ဆရာကြီးရဲ့ လူငယ်တွေအပေါ်ထားရှိတဲ့ စေတနာကို ဒီဆောင်းပါးတွေထဲမှာ ထိထိမိမိ ခံစားကြရမှာပါ။





