လက်ဝှေ့ လို့ ဆိုရင် ဘာကို အရင်ဆုံး မြင်မိကြသလဲ?
ဗလကောင်းကောင်း လက်ဝှေ့သမားကြီးတစ်ယောက်ဖြစ်ဖြစ်၊ ကြိုးဝိုင်းထဲ လူနှစ်ယောက် တိုက်ခိုက်နေတာဖြစ်ဖြစ်၊ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပြီးမှ အနိုင်ရတဲ့ အားကစားအဖြစ် မြင်မိကြမှာပါ။
ပြီးတော့ လက်ဝှေ့လို့ ဆိုလိုက်တာနဲ့ ယောက်ျားလေး(အမျိုးသား) ဆိုတာကို အကုန်လုံးနီးပါး တွဲမြင်ကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က အမျိုးသမီးတွေလည်း လက်ဝှေ့ ကစားကြပါတယ်။ ကွယ်လွန်သူ ဆရာအကြည်တော် ရေးသားထားခဲ့ပြီး မထုတ်ဝေရသေးတဲ့ စာအုပ်အသစ်တွေထဲကတစ်အုပ် ‘မယ်သီတာဂျိုကာ’မှာ အမျိုးသမီးလက်ဝှေ့မယ်အကြောင်း ဖတ်ရှုရပါမယ်။
အိမ်နီးချင်းနိုင်ငံတခုက နာမည်ကျော်လက်ဝှေးကစားသမား ခွန်းနက်ကို မယ်သီတာဂျိုကာ ဘယ်လို ယှဉ်ပြိုင်မလဲ? ကိုမင်းထင် မသိအောင်ရော ရေရှည် ဖုံးကွယ်နိုင်မှာလား? ဖတ်ရခဲတဲ့ အမျိုးသမီး လက်ဝှေ့နဲ့ ပတ်သက်တဲ့ ဝတ္ထုတစ်အုပ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ အချိတ်အဆက်မိမိ ရေးသားထားသလို ဆရာအကြည်တော်ရဲ့ စာအုပ်တွေအတိုင်း ဖတ်ရင်းနဲ့ ခွိခနဲ ပြုံးရ၊ ရယ်ရမယ့် ဇာတ်ကွက်တွေ ပေါင်းစပ်ထားတာမို့ မယ်သီတာဂျိုကာဟာ အကြည်တော်ရဲ့ ပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်ရစေဦးမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။





