ဂျပန်သမိုင်းကိုပြောရင် ဆာမူရိုင်းတွေရဲ့ သစ္စာစောင့်သိမှုနဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်တွေကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒီဇာတ်လမ်းဟာ ဘူရှီဒိုရဲ့ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ် ၄၇ ဦးက သူတို့ရဲ့ တရားမျှတပြီးဖြောင့်မတ်တဲ့ စံပြပုဂ္ဂိုလ်အာဆာနိုရဲ့ သေဆုံးမှုမှာ အကျင့်ပျက်ခြစားတဲ့ အရှင်ကီရာကို သတ်ပစ်လိုက်တဲ့ ဇာတ်လမ်းပါ။ ဂျပန်သမိုင်းမှာ အကျော်ကြားဆုံးဖြစ်တဲ့ ရိုနင် ၄၇ ဦးရဲ့ လက်စားချေမှုဖြစ်စဉ်မို့ လူကြိုက်များတဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်အဖြစ် ခုချိန်ထိတည်ရှိနေခဲ့ပြီး အဖြစ်မှန်အတွက်လဲ ရှုပ်ထွေးနေဆဲပါပဲ။ ကိုယ့်သခင်ကို သေဒဏ်ပေးလိုက်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ ဆာမူရိုင်းတွေဟာ အရှင်သခင်မရှိတော့တဲ့ ရိုနင်တွေ ဖြစ်သွားကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ အရှုံးပေးမသွားဘဲ သခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ဖို့နဲ့ လက်စားချေဖို့အတွက် နှစ်နဲ့ချီပြီး စနစ်တကျ လျှို့ဝှက်ကြံစည်ကြပုံတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုရမှာပါ။

ကောင်းမွန်သော လုပ်ငန်းခွင်
ထင်ဇော်မှူးသင်
Ks 6,000



