ဖခင်ဦးချစ်လှိုင်၊ မိခင်ဒေါ်လှကြည်တို့မှ ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါသည်။ ညီအစ်ကို မောင်နှမ ၈ ယောက်အနက် အငယ်ဆုံးသော သားဖြစ်ပြီး ကလောင်အမည် ထွန်းတောက်ထွဋ်(သချာ်)၊ အမည်အရင်းမှာ ဝင်းထွဋ်ဖြစ်ပါသည်။

ပဉ္စမတန်းမှ နဝမတန်းအထိ ရွှေနတ်တောင် အ.ထ.က(မော်လမြိုင်မြို့)တွင် ပညာသင်ကြားခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က. (၃) ဗဟန်း ရန်ကုန်မြို့မှ အောင်မြင်ခဲ့ပါသည်။ အခြေအနေအကြောင်းတရား အမျိုးစုံကြောင့် ရန်ကုန်၊ မော်လမြိုင် ပြောင်းရွှေ့ပညာသင်ကြားခဲ့ရပြီး ၁၉၉၄ ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်မှ B.Sc(Maths) ဘွဲ့ကို ရရှိခဲ့ပါသည်။

၂၀ဝ၈ ခုနှစ်၊ ဧပြီလထုတ် ရွှေအမြုတေမဂ္ဂဇင်း၊ ရွှေအသစ်ကဏ္ဍ တွင်ဖော်ပြခဲ့သော အနွမ်းပန်းရှိုက်သံ သန်းခေါင်ယံဝယ် ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ပါသည်။ စာရေးသက် ၁၄ နှစ်တာကာလ အတွင်း ရွှေအမြုတေ၊ မဟေသီ၊ ကလျာ၊ ပေဖူးလွှာ၊ ရုပ်ရှင်တေးကဗျာ၊ ပိတောက်နွယ်၊ ရတီ၊ ဖြစ်ရပ်မှန်၊ Faces ၊ Look ၊ Teen ၊ International ၊ Potential ၊ Treasure Land ၊ Peace ၊ မေတ္တာရှင်မဂ္ဂဇင်း များတွင် ဝတ္ထုတို၊ ဝတ္ထုရှည် အပုဒ်ရေတစ်ရာကျော် ရေးသားခဲ့ပြီး အလင်းတန်းဂျာနယ်၊ ပေါ်ပြူလာဂျာနယ်၊ Hello ဂျာနယ်တို့တွင် ဆောင်းပါးနှင့် တစ်မျက်နှာဝတ္ထုတိုအပုဒ်ရေ ၃၀ ကျော် ရေးသားခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အစိမ်းစားစုန်းပြူး ဝတ္ထုတို စုစည်းမှုစာအုပ်ကို ပိတောက်ရနံစာပေမှ ထုတ်ဝေခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် အတ္တလောင်းရိပ် ချွေးသိပ်မဖြေနိုင် မဂ္ဂဇင်းဝတ္ထုရှည် စုစည်းမှုစာအုပ်ကို ရွှေယောမြေစာပေမှထုတ်ဝေခဲ့ပါသည်။

ယခုအခါ မဂ္ဂဇင်းဝတ္ထုတို၊ ဝတ္ထုရှည်နှင့် လုံးချင်းဝတ္ထုများ ဆက်လက်ရေးသားလျှက်ရှိပြီး ရန်ကုန်မြို့တွင် ညီအစ်ကို မောင်နှမများနှင့်အတူ နေထိုင်လျှက်ရှိပါသည်။

ထွန်းတောက်ထွဋ်

  • ခေတ္တ…နာကျင် ကြေကွဲခြင်း

    “ဒီစာအုပ်ဖတ်ပြီးမှ နိုင်ငံခြားသွား အလုပ်လုပ်ပါ” လို့တော့ မပြောဝံ့ပါဘူး၊
    လူတိုင်း လူတိုင်းရဲ့ ဘဝအခြေခံက မတူညီတာမို့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ ဘဝနောင်ရေးအတွက် နိုင်ငံခြားသွား အလုပ်လုပ်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီဆိုရင် ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ခေတ္တ…နာကျင် ကြေကွဲခြင်း ကို ဖတ်ထားဖူးသင့်ပါတယ်။

    ဘာကြောင့်လဲဆို …
    ဒီစာအုပ် (ခေတ္တ..နာကျင် ကြေကွဲခြင်း) ဟာ အမိမြေကိုစွန့်ခွာပြီး တိုင်းတပါးမှာ စီးပွားရှာထွက်ခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ မျှော်လင့်ချက်၊ ယုံကြည်ကိုးစားမှု၊ စိတ်ကူးအိပ်မက်တွေက လက်တွေ့မှာ ဘာတွေ ဖြစ်လာခဲ့လဲ၊ ဘယ်လိုကြုံတွေ့ရသလဲ စတာတွေကို .. အရှိကို အရှိအတိုင်း ချပြထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဝတ္ထုစာအုပ် တစ်အုပ်မို့ပါပဲ။

    ၁၉၉၀ ကျော် နှစ်ကာလတွေမှာ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို သွားရောက်အလုပ်လုပ်ကိုင်သူ လူငယ် လူရွယ်များစွာ ရှိခဲ့ကြပြီး မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူ ကိုဝင်းထွဋ်လည်း အပါအဝင်ပါ။ ကိုဝင်းထွဋ်ဟာ နေထိုင်ရာ မော်လမြိုင်မြို့ကနေ ရန်ကုန်ကို လာရောက် အလုပ်လုပ်ကိုင်ရင်း အားမရဘဲ နိုင်ငံခြားသွားပြီး ငွေရှာဖို့ မျှော်လင့်ချက် ကြီးမားခဲ့သူပါ။ သူ့ရဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေနောက် လိုက်ရင်း မလေးရှားနိုင်ငံဆီ ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ သူကြုံတွေ့ခဲ့ရတာတွေက မျှော်လင့်ခဲ့တဲ့အတိုင်းလား၊ အိပ်မက်ထဲကနဲ့ ဘယ်လိုကွဲခြားနေမလဲ။ စာရေးဆရာ ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ခေတ္တ…နာကျင် ကြေကွဲခြင်းမှာ ရသမျိုးစုံကို ခံစားရင်း ဖတ်ရှုရပါမယ်။

    ဒီမှတ်တမ်းထဲက ဦးဝင်းထွဋ်ကတော့ “အဲဒီအချိန်ကာလတုန်းက ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ဘဝ အတွေ့အကြုံအတိုင်း၊ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း၊ ကျွန်တော် အင်မတန်ထည့်ချင်တဲ့ သတင်းစာကြော်ငြာ ထည့်ဖြစ်ခဲ့မယ်ဆိုရင် ကိုဝင်းထွဋ် ရဲ့(ခေတ္တ ကြေကွဲခြင်းနိုင်ငံ၊ နာကျင်ခြင်းမြို့တော်) လို့ ခေါင်းစဉ်တပ်မှ သဘာဝကျမယ် ထင်ပါတယ်” လို့ ဆိုပါတယ်။

    Ks 5,000
  • ညို

    နဂို background က မကောင်းရတဲ့ကြား ယောက်ျား စွန့်ပစ်ခြင်းကိုပါ ခံရတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝလမ်းခရီးဟာ ဘယ်လိုတွေ ကြမ်းတမ်းနေမလဲ? ဘယ်အခြေအနေထိ ရောက်သွားနိုင်လဲ?

    ဆရာထွန်းတောက်ဋ် (သင်္ချာ) ဟာ ပထမဆုံး လုံးချင်း ‘ခေတ္တ နာကျင်ကြေကွဲခြင်း’ မှာ နိုင်ငံရပ်ခြား တိုင်းတစ်ပါးရောက် အမျိုးသားတို့ရဲ့ ဘဝကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့သူဖြစ်ပြီး ယခု ဒုတိယစာအုပ်မှာတော့ ခက်ခဲတဲ့ ဘဝလမ်းကြောင်းပေါ်က ဓနအင်အား ကင်းမဲ့၊ background မကောင်းရှာတဲ့ လင်ပစ်မလေးတစ်ဦးဖြစ်သူ ညိုမီမီခင် ရဲ့ အကြောင်းကို ညို အမည်နဲ့ ရေးဖွဲ့ပါတယ်။ ညို ဆိုတာ အသက် ၂၀ ကျော်အရွယ်မှာတင် အိမ်ထောင်ကျခဲ့တဲ့ ရွှေပြည်သာစက်မှုဇုန်ရောက် အလုပ်သမတစ်ဦး။ မိဘနေရပ်ကနေ ဝေးရာမှာ ဘဝလမ်းကြောင်းအတွက် အလုပ်လုပ်နေရင်း သူမလိုပဲ ဘဝတူ သိန်းသန်းမောင်နဲ့ လူငယ်သဘာဝ ချစ်ကြိုက်မိရင်း လက်မထပ်လို့ မရတဲ့ အခြေအနေတစ်ခုကြောင့် ငယ်ငယ်ရွယ်ရွယ်မှာပဲ ညို အိမ်ထောင်သားမွေးဘဝကို ရောက်ခဲ့တယ်။ အခက်အခဲတွေကြားကနေ အိမ်ထောင်တစ်ခုကို ရုန်းကန်တည်ဆောက်နေရင်းက ညို့အမျိုးသားဟာ ခြေရှုပ်လာတယ်။ စင်တင်တေးဂီတဆိုင်က ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းတွေ ဖြစ်လာတယ်။ အစစအရာရာ နိမ့်ပါးတဲ့ ညို့အတွက် ယောက်ျားကို သဝန်တိုဖို့တောင် ခက်ခဲနေဆဲမှာပဲ သိန်းသန်းမောင် ကားတိုက်မှု ဖြစ်တော့ စင်တင်က ကောင်မလေး မေဘရဏီက ငွေကြေးအကူအညီနဲ့ တခြားလိုအပ်တာတွေ ကူညီရင်း ညို့ရဲ့ မိသားစုဘဝကို ခြယ်လှယ်လာတယ်။ သိန်းသန်းမောင် အချုပ်နဲ့ ထောင်ကလွတ်ပြီး နောက်ပိုင်း မေဘရဏီနဲ့ နိုင်ငံခြားကို အတူထွက်သွားတော့ ညို့ကမ္ဘာဟာ အမှောင်ဖုံးလာတယ်။ ရရာအလုပ်တွေ ဝင်လုပ်ရင်း ကလေးတွေရဲ့ စရိတ်ပေါင်းများစွာနဲ့ ဘဝလမ်းကို ခက်ခက်ခဲခဲ လျှောက်နေရင်းက ကိုဗစ်ကာလမှာတော့ ညို့ကမ္ဘာဟာ လုံးဝ မှောင်မိုက်ထဲ ကျသွားစေခဲ့တယ်။

    အမှောင်လောကထဲက ညိုမီမီခင် ဘဝကို ဘယ်လို ဆက်လက်ရပ်တည်မလဲ။ ဘဝလမ်းကို ဘယ်လို ဆက်လျှောက်မလဲ။

    “ညိုဟာ ဘယ်လို မိန်းမစား၊ ညိုဟာ ဘယ်လို အတန်းအစား ဆိုတာထက် ညို့စိတ်၊ ညို့ဘဝ၊ ညို့ ဆုံးဖြတ်ချက်တွေနဲ့ ညို့ လုပ်ရပ်တွေအပေါ် စာနာ နားလည်ပေးနိုင်ကြမယ် ဆိုရင် ကျေနပ်ပါတယ်” လို့ စာရေးသူက ဆိုပါတယ်။

    တကယ်တော့ ညိုဟာ .. ဘာဖြစ်မလဲ ၊ ညို့ကို ဘယ်လို မြင်ရမလဲ၊ ညို့ရဲ့ ဘဝဇာတ်ကြောင်းက စာရေးသူ မျှော်လင့်သလို ခံစားရစေမှာလား။

    ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ညို ဟာ ဆရာ့စာအုပ်အသစ်ကို မျှော်လင့်နေသူတို့ စိတ်တိုင်းကျ နှစ်ခြိုက်စေမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။

    Ks 5,000

    ညို

    Ks 5,000

Main Menu