အမည်ရင်း ဦးနေသူရဦးဖြစ်ပြီး ကလောင်အမည်မှာ နေဝန်းနီ (နတ်မောက်) ဖြစ်သည်။ အဖ ဦးကျော်ဌေးဦး၊ အမိ ဒေါ်မြင့်မြင့်ကြည်က (၂၆.၄.၁၉၉၇) ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြို့မ ရပ်ကွက်၌ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး ပခုက္ကူ ပညာရေးကောလိပ် ဆက်တက်ကာ ၂၀၁၅ ခုနှစ်တွင် ဆရာအတတ်ပညာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူရင်း ၂၀၁၈ ခုနှစ်တွင် ပညာရေးဘွဲ့ (B.Ed.) ရရှိခဲ့သည်။
ထို့နောက် နတ်မောက်မြို့၊ အ.ထ.က(၂) (ယခင် တန်းလတ် ကျောင်း)တွင် အထက်တန်းပြ အဖြစ်လည်းကောင်း၊ ကျောင်းစာကြည့်တိုက် မှူးအဖြစ်လည်းကောင်း နှစ်နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် Academic Weekly Education Journal ပါ (မြန်မာစာ၊ မြန်မာစကား ကွယ်ပျောက် တော့မှာလား} ဟူသည့် ပညာရေးဆောင်းပါးဖြင့် စာပေနယ်သို့ ပထမဆုံး ခြေချခဲ့သည်။

ထို့နောက် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာတို့တွင် အက်ဆေး၊ ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် သူငယ်ချင်းများ စုပေါင်းပြီး ]ကဗျာပန်းတို့ လန်းရာမြေ} ကဗျာစာအုပ် တက္ကသိုလ်တက်ရင်း စိတ်ရူးပေါက်ပြီး ထုတ်ခဲ့ဖူးသည်။ ထို့နောက် အက္ခရာသစ်စာပေက စီစဉ် သည့် တက္ကသိုလ်ဝင်တန်း အဆိုအချေ အရေးအသားများ၊ တက္ကသိုလ် ဝင်တန်း နမူနာ စာစီစာကုံးများ၊ ကြာပွင့်ချိန် ရသစာတန်းစာအုပ်တို့တွင် အားဖြည့် ရေးသားခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် Academic Weekly ပညာရေးဂျာနယ်၌ ရေးသားခဲ့သည့် ပညာရေးဆောင်းပါးများကို စုစည်း၍ ]ပညာရေးအတွေးလက်ဆောင်} လုံးချင်းစာအုပ် ထုတ်ဝေထားပါသည်။
ယခုအခါတွင် မြန်မာပြည်၏ အရှေ့တောင်ဘက် လာအိုရွှေတြိဂံရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စားပွဲထိုးလုပ်ရင်း အသက်မွေး ဝမ်းကျောင်း လျက်ရှိသည်။

နေဝန်းနီ(နတ်မောက်)

  • ကြက်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေ

    ကြက်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေတဲ့။ ဒီစာအုပ်လေးမှာ ဆရာနေဝန်းနီ(နတ်မောက်)က နိုင်ငံရပ်ခြားကို အခက်အခဲတွေကြား အသက်စွန့်ပြီးသွားရတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝဖြစ်စဥ်ကို ဝတ္ထုဟန် ရေးဖွဲ့ထားတယ်။ ဇာတ်လမ်းအစမှာ ကတည်းက ဇာတ်ကောင်နဲ့ထပ်တူ လိုက်ပါရင်း၊ စိတ်လှုပ်ရှားရင်း၊ ပူပန်ထိတ်လန့်ပေးရင်း … တဖက်နိုင်ငံကို စာဖတ်သူပါ အတူရောက်ရှိသွားသလို ခံစားရမယ်။ တကယ်တမ်း ရောက်သွားပြန်တော့လဲ မမျှော်လင့်ထားတဲ့ အလုပ်ဖြစ်နေတဲ့အခါ ဇာတ်ကောင်တွေနဲ့အတူ ထပ်မောရပြန်တယ်။ မျှော်မှန်းထားသလို မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ ဆန့်ကျင်ဘက် အလုပ်တစ်ခုကို မဖြစ်မနေ လုပ်ရတဲ့အခါ မွန်းကြပ်ပြီး လွတ်မြောက်ချင်သူတွေက အများအပြားပါပဲ။ မခံနိုင်တဲ့အခါ လွတ်မြောက်ရာလမ်းကို ပြေးထွက်ကြရင်း ပြန်လမ်းမဲ့သွားသူတွေလဲ ရှိရဲ့။
    နိုင်ငံရပ်ခြားမှာ တိုင်းတစ်ပါးသားတွေရဲ့ လူလည်ကျမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေက ဒီစာအုပ်ကို ဖတ်နေရင်း ခံပြင်းစရာကောင်းတာကို နားလည်လာပါမယ်။ လည်ရင်လည်သလိုမျိုး မြန်မာနိုင်ငံသားတွေကို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာကြပုံဟာ ရင်နာစရာ ကောင်းလှပါတယ်။ နိုင်ငံ အကြီးအသေး ကွာဟပြီး အလုပ်အကိုင် ရှားပါးမှုအရ တက်ဖိခံထားရတဲ့ ဘဝတွေဟာ ပြားချပ်လို့။ လူလူချင်း အမြတ်ထုတ်ကြပုံတွေ၊ လူလူချင်း ချောင်ပိတ်ရိုက်ကြပုံတွေဟာ လူ့အဖွဲ့အစည်းတိုင်းမှာ ဘာမှမဟုတ်သလိုနဲ့ ကြီးထွားလာကြတယ်။ တဖြည်းဖြည်း ပျောက်ဆုံးလာတဲ့ လူသားပီသမှုတွေကို ဒီစာအုပ်ဖတ်နေရင်း ရင်ထဲမှာ ခံစား တွေ့မြင်ရပါလိမ့်မယ်။
    လူသားတိုင်းဟာ ကိုယ့်ဘဝကိုယ်တော့ ကြယ်တစ်ပွင့်လို တောက်ပချင်ကြတာပါပဲ။ မှေးမှိန်နေရာကနေ အနည်းငယ် ထွန်းလင်းမလားရယ်လို့ နိုင်ငံရပ်ခြားကို မျှော်လင့်တကြီး သွားရောက်လုပ်ကိုင်ကြတဲ့အခါ အဲ့ဒီကြယ်တွေ ဘယ်လို ဆက်ဖြစ်ကြမလဲ။ သူတို့အားကိုးမိတဲ့ အရပ်ဒေသကရော တကယ့်ကောင်းကင်မှ ဟုတ်ပါလေစ။ သူတို့ဖြစ်ချင်သလို ထွန်းလင်းတောက်ပခွင့်ရော ရှိလာပါ့မလား။ ဒီစာအုပ်လေးထဲမှာ ကြယ်ကလေးတွေ ဘဝအကြောင်း မနီးမဝေး မြင်ကွင်းအချို့၊ ကြယ်ကလေးတွေ ထွန်းလင်းဖို့ ကြိုးစားပုံ၊ ကြယ်ကလေးတွေရဲ့ယုံကြည်ရာ၊ ကြယ်ကလေးတွေရဲ့ ရုန်းကန်ရမှုတို့ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဖတ်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။
    Ks 6,500

Main Menu