၁၉၈၄ ခု၊ နိုဝင်ဘာလ၊ ၁၅ ရက် ကြာသပတေးနေ့ နံနက်ခင်းတွင် ရန်ကုန်မြို့ ဂျာမခါနာ၌ အဘ ဦးမြသိန်း၊ အမိ ဒေါ်လှိုင်လှိုင်တင်ဝင်းတို့မှ ဖွားမြင်သည့် မွေးချင်းမရှိ တစ်ဦးတည်းသော သမီးဖြစ်၏။

အမည်အရင်း မြတ်သော်ခိုင်မင်း ဖြစ်ပြီး မိဘများ အစိုးရဝန်ထမ်းတာဝန်ဖြင့် အောင်လံမြို့နယ်(ယခုမြေထဲမြို့နယ်)မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ကမ်းနဖူးရှိ အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံတွင် တာဝန်ကျသဖြင့် ငယ်စဉ်ဘဝကို အညာဒေသတွင်ကုန်ဆုံးခဲ့ ၏။

ငယ်စဉ်ကပင် စာဖတ် စာရေးဝါသနာကြီးလှပြီး မိခင်သင်ကြားမှုဖြင့် အသက် ၇ နှစ်အရွယ် ဒုတိယတန်း၌ပင် မြန်မာစကားပြေဝါကျများအား သဒ္ဒါအထားအသို ကောင်းစွာ တည်ဆောက်ရေးသားနိုင်ခဲ့လေသည်။ မိဘများကား ပညာရေး မျှော်လင့်ချက် ကြီးမားလေရာ အနေအစား ခြိုးခြံစုဆောင်း၍ ထိုစဉ်ခေတ်၌ အခေါင်အဖျားအညာဒေသနေ သာမန်ဝန်ထမ်းလူတန်းစားအနေဖြင့် ဝယ်ယူရန်ခက်ခဲသော နိုင်ငံခြား Comic Book များ၊ English ဘာသာ သင်ကြားရေးစာစောင်များ၊ ဗီဒီယိုတိတ်ခွေများအစရှိသည်တို့အား ရန်ကုန်ရှိ သင်္ဘောသားမိတ်ဆွေများမှတစ်ဆင့် ငွေကုန်ကြေးကျခံမှာယူကာ ကြည့်မြင်ဖတ်ရှု လေ့လာစေခဲ့၏။

အခြေခံပညာမူလတန်းအား စက်ရုံတွင်းရှိ အစိုးရကျောင်းတွင် တက်ရောက်ခဲ့ပြီး ၎င်းဝန်ထမ်းအိမ်ရာအခြေစိုက် ကတ်သလစ်ခရစ်ယာန်သာသနာပြုများထံ၌ အစဉ်မပြတ် English အရေး၊ အဖတ်၊ အပြော၊အကြား စသည်တို့အား အပတ်တကုတ်သင်ယူခဲ့ရ၏။အသက် (၁၁) နှစ်အရွယ်မှစ၍ မိဘများဇာတိဖြစ်သော ရန်ကုန်တိုင်း၊ သန်လျင်မြို့နေ ဖခင်၏နှမရင်းဖြစ်သူ အဒေါ်မှ ခေါ်ယူကျွေးမွေးစောင့်ရှောက်ခဲ့သဖြင့် အခြေခံပညာ အထက်တန်းအထိ အ-ထ-က (၁) သန်လျင်၌ သင်ယူခဲ့၏။

၂၀ဝ၁ ခုနှစ်တွင် ၎င်းကျောင်းမှပင် ဂုဏ်ထူး (၂) ဘာသာဖြင့် ဒသမတန်း အောင်မြင်ကာတိုင်းအဆင့် English အမှတ်အများဆုံးရရှိခဲ့လေသည်။ သို့သော် သင်္ချာ ဘာသာရပ်၌ အလွန်ဝါသနာနည်းကာ မြန်မာစာနှင့် English သမိုင်းဘာသာရပ်စသည် တို့၌သာ စိတ်ပါဝင်စားထွန်းပေါက်သဖြင့် စိတ်ပညာအထူးပြု၍သော်လည်းကောင်း၊ English စာအထူးပြုသော်လည်းကောင်း တက္ကသိုလ်တက်ရောက်ရန် ဆန္ဒရှိခဲ့သော်ငြား မိဘများ၏ဆန္ဒအရ သန်လျင်နည်းပညာကောလိပ်သို့သာ ဆက်လက်တက်ရောက်ခဲ့ရ၏။

ကောလိပ်တက်ရောက်စဉ်ကာလ၌ အထက်တန်းစာမေးပွဲဝင်မည့် ကျောင်းသား များအား ကျူရှင်သင်ကြားခြင်း၊ မူလတန်းကျောင်းသားငယ်များအား English စာသင်ကြားခြင်းစသည်ဖြင့် အပိုဝင်ငွေရရှိရန် လုပ်ကိုင်ခဲ့၏။

စိတ်ပါဝင်စားခြင်းမရှိသဖြင့် ကောလိပ်၌ စာစောင်များရေးခြင်း ကဗျာစာအုပ် များထုတ်ခြင်း စသည်တို့၌သာအချိန်ကုန်လျက် အလွန်ညံ့ဖျင်းခဲ့ပြီး ဒုတိယနှစ် ဗွွှှု စာမေးပွဲ ကျရှုံးသောကြောင့် ကျောင်းထွက်ကာ ပြင်ပကျူရှင်သင်ကြားခြင်းအလုပ်အား အချိန်ပြည့် လုပ်မည်ဟုဆိုရာ ဖခင်မှ ]ကိုယ့်ဆုံးဖြတ်ချက်ကိုယ် တာဝန်မယူနိုင်သူ}ဟု ရှုံ့ချဆူပူသည်ကို မခံချင်စိတ်ဖြင့် ၎င်းစာမေးပွဲအား နောက်တစ်နှစ်ထပ်မံဖြေဆိုခဲ့၏။ ထိုနှစ်၌ သင်တန်းသား ၁၀ဝ ကျော်၌ အဆင့် ၃ ဖြင့်အောင်မြင်လေသည်။

စာတိုပေစများ စာရေးတတ်စကပင် ရေးသားခဲ့သော်ငြား အကျိုးအကြောင်း မတိုက်ဆိုင်သဖြင့် လွန်စွာဝါသနာကြီးသော စာရေးခြင်းအလုပ်၊ English ၀တ္ထုများအား ဘာသာပြန်ခြင်းအလုပ်တို့ဖြင့် အသက်မွေးရန်အခြေအနေကား မပေးခဲ့ချေ။

၂၀ဝ၇ ခုနှစ်တွင် မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိကာ ၎င်းနှစ်၌ပင် စင်ကာပိုနိုင်ငံသို့ အလုပ်လုပ်ကိုင်ရင်း ပညာဆက်လက်သင်ယူရန် ထွက်ခွာခဲ့ပြီး ၂၀ဝ၈ ခုနှစ်၌ Nangyang Technological University ၌ M.Sc ဘွဲ့ရယူရန်လျောက်ထားရာ တက်ရောက်ခွင့်ရရှိခဲ့ သော်ငြား ကျောင်းစရိတ်အခက်အခဲကြောင့် တစ်နှစ်အကြာတွင် ကျောင်းမှထွက်ခဲ့ပြီး အချိန်ပြည့်လုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့လေသည်။ လုပ်ငန်းခွင်တစ်ဖက်ဖြင့် Building & Construction Academy Singapore မှ ၂၀၁၂ ခုနှစ်တွင် Construction Contract Management ဘာသာရပ်ဖြင့် ဒီပလိုမာဘွဲ့ ရရှိခဲ့၏။ ၎င်းကာလများ၌ Forum များ၊ Blog များ ၌အပျော်တမ်းဝတ္ထုတိုများ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဆောင်းပါးများ အား အချိန်အားသည်နှင့် ရေးသားခဲ့လေသည်။

စင်ကာပိုနိုင်ငံ၌ အိမ်အကူစသော အခြေခံအလုပ်အကိုင်များ လာရောက် လုပ်ကိုင်ကြရသည့် မြန်မာအမျိုးသမီးငယ်များ၏ လူမှုဘဝအခက်အခဲများအား သရုပ်ဖော် ရေးသားသည့် ]ခုနစ်ထပ်မှာနေသည်} ဟူသော ဝတ္ထုတိုမှာ ထိုကာလတွင် ြူသါ ဖတ်သူများအကြား အလွန်လူကြိုက်များ ရေပန်းစားခဲ့ပြီး အခြားနာမည်ရ စာရေးသူတစ်ဦးမှ ကူးယူဖော်ပြနာမည်ခံခဲ့သဖြင့် အချေအတင်ငြင်းခုံခဲ့ရသောကြောင့် စိတ်ပျက်ကာ စာရေးခြင်း အားရပ်နား၍ မိမိ ြူသါ များအား ပိတ်သိမ်းခဲ့၏။

စင်ကာပိုနှင့် ဒူဘိုင်းတွင် Multinational Company များ၌ အချိန်ပိုင်းနှင့် အချိန်ပြည့် Site Engineer, Project Engineer, Quantity Surveyor အဖြစ် ၉ နှစ် လုပ်ကိုင်ခဲ့ပြီး ၎င်းဘဝပုံစံတွင်မပျော်ပိုက်သဖြင့် ၂၀၁၅ ခုနှစ်၌ မြန်မာပြည်သို့ပြန်ရန် ဆုံးဖြတ်ကာ ရန်ကုန်ဆောက်လုပ်ရေးလောက၌ ရင်းနှီးမြှုပ်နှံ၍ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး စာပေရေးသားခြင်းနှင့် နှစ်အတန်ကြာအဆက်ပြတ်ခဲ့လေသည်။

၂၀၁၀ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်၌ သမီးကြီးကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်၌ သားအငယ်ကိုလည်းကောင်း ဖွားမြင်၍ ယခုအခါ သန်လျင်မြို့၌ အခြေချနေထိုင်လျက်ရှိ၏။ သားအငယ်မှာ ဖွံ့ဖြိုးမှုနှောင့်နှေးသော ှစနခငေူ နြနိ ရှိသည့် ကလေးဖြစ်သဖြင့် ၂၀၂၂ ခုနှစ်မှစတင်ကာ အချိန်ပြည့် မိခင်အဖြစ် သားသမီးများ အားစောင့်ရှောက်ရင်း တစ်ဖက်တစ်လမ်းမှ အလွန်မြတ်နိုးလှသော စာပေရေးသားခြင်း အလုပ်အား ဆက်လက်လုပ်ကိုင်လျက်ရှိလေသည်။

မဧကံ

  • ဂေဟာ

    ပထမစာမျက်နှာကို ဖတ်ပြီး အဆုံးထိ ဆွဲခေါ်သွားမယ့် ဝတ္ထုမျိုးမှ ဖတ်ချင်တယ် ဆိုရင်တော့ မဧကံရဲ့ Shelter ဟာ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်။ ကေတီဗွီမှာ အလုပ်လုပ်ပြီး မေတ္တာအထားမှားမိလို့ ကိုယ်ဝန်ရသွားတဲ့ ရဲနွယ်လွင် အမည်ရှိ အမျိုးသမီးလေးတစ်ယောက်ကို ဇာတ်အိမ်တည်ထားတယ်။ ဒီလို အခင်းအကျင်းမှာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်အဖြစ် Shelter ဝတ္ထု အစကနေ အဆုံး လက်ကမချနိုင်အောင် စာရေးဆရာမ မဧကံက ဘယ်လိုရေးဖွဲ့ထားမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှတယ်။

    မိဘဆွေမျိုး ကျောထောက်နောက်ခံမရှိဘဲ မိခင်မေတ္တာတစ်ခုတည်းနဲ့ လွယ်ထားရတဲ့ကလေးကို မရရအောင် မွေးဖို့ဆုံးဖြတ်ခဲ့တဲ့ ရဲနွယ်လွင်။

    ရဲနွယ်လွင်တစ်ယောက် ရှမ်းပြည်နယ်ထဲက ဂေဟာတစ်ခုကို အားကိုးတကြီး ရောက်သွားမိတဲ့အခါ ထင်မှတ်မထားတဲ့ အရာတွေကို ဘယ်လိုရင်ဆိုင်ရမှာလဲ။
    တွေ့ဆုံရင်းနှီးမိတဲ့ ကားသမားလေး ထူးမြတ်နောင်နဲ့ကော ဘာတွေဆက်ဖြစ်သွားကြမလဲ။
    အပင်မရှိဘဲ မွှေးနေတဲ့ စန္နကူးနံ့တွေကတစ်ဆင့် အမှတ်မထင် သိရှိလိုက်ရတဲ့ စောမြဝေ။
    သည်မိန်းကလေးရဲ့အဖြစ်အပျက်တွေကိုရော ရဲနွယ်လွင်တစ်ယောက် သိခွင့်ရလာမှာလား။
    ဂေဟာက ဆရာမကြီးဒေါ်သက်ဝေကိုရော ရဲနွယ်လွင် ယုံကြည်အားကိုးရပါ့မလား။
    ရဲနွယ်လွင်ဟာ သူလွယ်ထားရတဲ့ ကလေးကိုရော အပြည့်အဝကာကွယ်နိုင်ပါ့မလား။
    ဒီဂေဟာထဲမှာ ရဲနွယ်လွင်ရဲ့အနာဂတ်ဟာ ဘယ်လိုတွေရှေ့ဆက်ဖြစ်လာမလဲ။

    သူခိုလှုံဖို့ရောက်လာမိတဲ့ ဂေဟာကြီးဟာ လျှို့ဝှက်ချက်တွေပြည့်နေလေတော့ ရဲနွယ်လွင်တစ်ယောက် ဘယ်လို ရင်ဆိုင် ကျော်လွှားသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြက်သီးထအောင် ဖတ်ရှုရပါလိမ့်မယ်။

    စာရေးဆရာမ မဧကံဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအချိုးအကွေ့တစ်ခုကို အခြေခံပြီး ဇာတ်လမ်းတစ်ခုလုံးကို သည်းထိတ်ရင်ဖိုဖြစ်အောင် ဖန်တီး ရေးသားသွားပါတယ်။ စဖတ်မိကတည်းက စာဖတ်သူကို တောက်လျှောက် ဆွဲခေါ်သွားမယ့် ဇာတ်အိမ်ဖြစ်ပြီး ဖတ်နေတဲ့လူကိုပါ ဂေဟာထဲ ဆွဲခေါ်သွားနိုင်တဲ့ အရေးအသားမျိုးဖြစ်တယ်။

    Shelter ဝတ္ထုဟာ ဇာတ်လမ်းအဆုံးထိကို ဖတ်ပြီးမှ စိတ်ကျေနပ်ရမယ့် စာအုပ်ဖြစ်ပါတယ်။ ရင်ထိတ် အံ့ဩဖွယ်များ ဖတ်ရှု ခံစားလိုသူတိုင်း လက်မလွတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။

    Ks 8,000

    ဂေဟာ

    Ks 8,000
  • ညီမလေး

    ညီမလေး …

    မီးမီးရဲ့ ညီမလေး ငယ်ငယ်။

    ပရလောကကို ရောက်နေတဲ့ ငယ်ငယ်။ မတော်တဆမှုကြောင့် အသက်ဆုံးရှုံးပြီး ဘဝခြားနေပေမဲ့ မီးမီးရဲ့ အနားမှာပဲ နေချင်နေတဲ့ ငယ်ငယ်။ ညီမလေး ငယ်ငယ် ပေါ့။

    မီးမီးတို့က အမြွာလေ။ Identical Twins. ညီအစ်မနှစ်ယောက်က အရာရာထပ်တူလိုကို ဖြစ်တဲ့အထိ တူတာ။

    ငယ်ငယ်က သိပ်သနားဖို့ ကောင်းတယ်။ အရှိန်နဲ့ သွားနေတဲ့ မြင်းလှည်းပေါ်ကနေ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျသွားတာ … မီးမီးတို့ မိသားစုတွေ စီးလာတဲ့ မြင်းလှည်းကို ကုန်ကားက ဝင်တိုက်တာလေ။ မီးမီးက အသက်အန္တရာယ် မရှိခဲ့ပေမဲ့ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျတဲ့ ညီမလေး ငယ်ငယ်က အဲ့ဒီနေရာမှာတင် ပွဲချင်းပြီးပေါ့။

    ငယ်ငယ်လား … သူများတွေအတွက်တော့ ငယ်ငယ်က ကွယ်လွန်ချင် ကွယ်လွန်ပြီး ဖြစ်ပေမဲ့ မီးမီး အနားမှာ ငယ်ငယ်က ရှိနေတာ။ မီးမီးတို့ မတော်တဆမှု ဖြစ်တော့ မီးမီး ခြေကျိုး၊ နံရိုးကျိုးတော့ ဆေးရုံတက်ရတယ်။ ဆေးရုံပေါ်မှာ သတိပြန်ရကတည်းက ငယ်ငယ်က ခုတင်ဘေးမှာ ငိုင်ငိုင်လေး ရပ်နေတာ မီးမီး တွေ့နေရတာပဲကို။

    ငယ်ငယ်က သူ့အစ်မ မီးမီးကို သိပ်ချစ်တယ်။ အမြွာညီအစ်မတွေ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတာ။ ငယ်ငယ် ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီး အနားမှာ သူရှိနေပါတယ်။ မီးမီး ကလဲ သူငယ်ချင်း အပေါင်းအသင်း မရှိသလောက် နည်းတယ်။ ချောင်တစ်ချောင်မှာ တိတ်တိတ်လေး ငြိမ်နေပြီး မီးမီးပြောတဲ့ စကားတွေ နားထောင်နေတဲ့ ညီမလေး ငယ်ငယ်နဲ့ပဲ မီးမီး ကျောင်းသူဘဝတစ်ခုလုံး နေထိုင်ရှင်သန်ခဲ့တာ။ ညီမလေးဟာ ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီးနဲ့ပဲ ရှိနေပြီး မီးမီး အသက်ကြီးသွားတဲ့ ကာလအတိုင်း ညီမလေးပါ လိုက်လံကြီးထွားလာခဲ့တာ။ ငယ်ငယ့်အကြောင်း ဘယ်သူ့ကိုပဲ ပြောပြော မယုံကြဘဲ မီးမီးကို အရူးတစ်ယောက်လိုသာ အကြည့်ခံရတာသာ အဖတ်တင်တာ။ မီးမီးလဲ အပေါင်းအသင်း နည်းတဲ့ ဘဝမှာ အနားမှာ အမြဲလိုလိုရှိနေတဲ့ ငယ်ငယ့်ကို စကားတွေ ပြောလိုက်၊ ရင်ဖွင့်လိုက်နဲ့ပေါ့။ ထူးခြားတာက ငယ်ငယ်က ပြောသမျှကို နားထောင်ပေးပေမဲ့ ဘာမှ ပြန်မပြောဘူး။ တိတ်တိတ်လေးပဲ အမြဲနေနေတာ။

    ဒီလိုနဲ့ ငယ်ငယ် နဲ့ မီးမီး တို့ ခွဲရမဲ့ နေ့ရက်အချိန်တစ်ခုကို ရောက်လာခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်တွေကလဲ မီးမီးရဲ့ ဘဝထဲကို ချစ်သူ ကိုဦး ရောက်လာတာကနေ စခဲ့တာပါပဲ။

    မမနားကို ငယ်ငယ်မလာပါနဲ့တော့၊ မကြာခင် မမလဲ အိမ်ထောင်ပြုတော့မယ်၊ မမ ပုံမှန်ဘဝမှာ ရှင်သန်ပါရစေတော့၊ မမကို လူတွေက အရူးလို့ ထင်နေကြမှာ ငယ်ငယ် မြင်ချင်တာလားလို့ မီးမီးလဲ အော်ဟစ်ပြောဆိုလိုက်မိတယ်။

    ညီမလေးဟာ ဘာမှ ပြန်မပြောဘူး။ မျက်ရည်တွေပဲ ကျလို့။ မီးမီးလဲ သူ့ကို သနားတာ တစ်ဖက်၊ ကိုယ့်ဘဝကို ရှေ့ဆက်ရမှာ တစ်ဖက်နဲ့ ဘာလုပ်လို့ လုပ်မိမှန်း မသိဘဲ …ငယ်ငယ် အခုထွက်သွား လို့ ကြုံးအော်လိုက်မိတယ်။ ငယ်ငယ်ကလေ ဝမ်းနည်းလွန်းတဲ့ ပုံနဲ့ စိုက်ကြည့်ပြီး လှေကားကနေ တဒုန်းဒုန်း ပြေးဆင်းသွားတော့တယ်။ အဲ့ဒီအချိန်မှာပဲ မီးမီးလေ .. မှားသွားပြီလို့ တွေးပြီး ညီမလေးစိတ်နဲ့ မူးမေ့ သတိလစ်ခဲ့တဲ့အထိပါပဲ။

    ဒီလိုနဲ့ ကိုဦးနဲ့ မီးမီးတို့ မင်္ဂလာပွဲနေ့ ကျင်းပမဲ့ နေ့ရက်ကို ရောက်ရှိလာခဲ့တယ်။

    ငယ်ငယ်ရယ် … မီးမီးနဲ့ အိမ်ထောင်ပြုတော့မဲ့ အမျိုးသားကိုမှ ကိုယ်ထင်ပြ ခြောက်လှန့်ရသလား။

    ဒီလိုနဲ့ ကိုဦးနဲ့ မီးမီး အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ မီးမီး ဇာတိ သန်လျင် ကနေ ကိုဦးနဲ့အတူ ၈ မိုင်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ငယ်ငယ့်ကိုလဲ မီးမီး မတွေ့တော့ဘူး။ မီးမီးလဲ ဘဝသစ်မှာ အရာရာဟာ အသားတကျနဲ့ အဆင်ပြေတော့မယ့်ဟန်နဲ့ နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ တစ်ရက်။ မီးမီး မေ့မရမဲ့ တစ်ရက်ပေါ့။

    ညီမလေးရဲ့ စူးစူးဝါးဝါး အော်သံကို ကြားတယ်။ အိမ်တံခါးမကို ဆောင့်တွန်းဖွင့်လိုက်တော့ အပေါ်ထပ်ကနေ ‘မမ’ လို့ အာခေါင်ခြစ် အော်သံကို ကြားလိုက်ရပြန်တယ်။ အပေါ်ကို ပြေးတက်ရင်း အခန်းဝ ရောက်တော့ ပိတ်ထားတဲ့ အခန်းထဲကနေ ကြားရတာက ကြာပွတ်သံတွေ တရွှမ်းရွှမ်း နဲ့ ငယ်ငယ့် ငိုသံတွေ။

    “ငါ့ကို ကယ်ပါဦး မမရယ်” တဲ့။

    “ငါ့ကို ကယ်ပါဦး မမရယ်” ဆိုတာ ခုနက အိပ်မက်ထဲမှာပဲ မီးမီး ကြားခဲ့တာ မဟုတ်ဘူး။ ချွေးစေးတွေနဲ့ အိပ်မက် လန့်နိုးပြီးတဲ့အထိ အပြင်မှာပါ ဆက်ကြားနေတာ။ အိပ်မက်က ပီပြင်လိုက်တာ။ ညီမလေးနဲ့ ပတ်သက်ပြီး မမက်တာ မကြားတာ ကြာပြီ။ ဒါဆို သန်လျင်အိမ်မှာ ညီမလေး ဘာဖြစ်နေပြီလဲ … မီးမီး သိရမှ ဖြစ်မယ်။

    Ks 4,500

Main Menu