၁၉၈၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအရှေ့၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်၌ အဖဦးကျော်မြင့်၊ အမိ ဒေါ်ဝိုင်းတို့က မွေးဖွားခဲ့သည်။ အ.ထ.က (၁) ကညွတ်ကွင်းမှ အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည်။ ၂၀ဝ၃-ဝ၄တွင် ကညွတ်ကွင်းမြို့၊ လောကပြတင်းစာကြည့်တိုက်တွင် စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀ဝ၈ ခုနှစ်တွင် ပင်လယ်ကူးသင်္ဘောသားအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

၂၀ဝ၅ ခုနှစ်၊ စက်တင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်း၊ ရွှေအသစ် ကဏ္ဍတွင် ရွေးချယ်ဖော်ပြခံခဲ့ရသည့် နယ်နိမိတ်မရှိတဲ့နိုင်ငံ ဝတ္ထုတိုဖြင့် စာပေ လောကသို့ စတင်ရောက်ရှိခဲ့သည်။ ရန်ကုန်မြစ်၏တစ်နေရာ မဂ္ဂဇင်းဝတ္ထုတိုများ (၂၀၁၇)၊ အခန်းနံပါတ် (၆) (၂၀၁၈)၊ အို… အင်းဝ အက်ဆေးအချို့နှင့် ဆောင်းပါးအနည်းငယ် (၂၀၁၈)၊ ငါးဖမ်းသမား (၂၀၁၉)၊ ချက်ကော့၏ သေနတ် မဂ္ဂဇင်းဝတ္ထုတိုများ(၂၀၂၀)၊ လက်ဖက်ရည်ဆိုင်ထဲက အိမ် (၂၀၂၀) တို့ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် မိုးကုတ်မြို့၊ သဟာယစာကြည့်တိုက်က ပေးအပ် သည့် သဟာယစာပေဆုကို ရန်ကုန်မြစ်၏တစ်နေရာ မဂ္ဂဇင်းဝတ္ထုတိုများ စာအုပ်ဖြင့် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုကို ငါးဖမ်းသမား လုံးချင်းဝတ္ထုဖြင့် ရရှိခဲ့သည်။

ယခုအခါ ကညွတ်ကွင်းမြို့၌ ဇနီးမဆွေဇင်လင်း၊ သမီး မရွှေယဉ်မိုးတို့ နှင့်အတူနေထိုင်လျက်လူ့ဘဝကို ဆက်လက်ဖြတ်သန်းနေပါသည်။

မိုးကျော်ဇင်

  • မပျော်ရွှင်နိုင်သေးတဲ့မြို့

    မိုးကျော်ဇင်ဟာ လုံးချင်းဝတ္ထုရှည်၊ ဝတ္ထုတို၊ အက်ဆေး စတဲ့ စာပေအနုသုခုမတွေကို တီထွင် ဖန်တီးနိုင်တဲ့ လက်ရာရှင်တစ်ဦးဖြစ်ပြီး သူဖန်တီးတဲ့ အနုပညာတွေဟာ ခံစားသူတို့ ရင်တွင်းကို ထိစေပါတယ်။ မိုးကျော်ဇင်ရဲ့ ဇာတ်လမ်းတွေက ကလောင်သွားထက်မှာ မျိုးစုံ ဘယ်လိုပဲလှုပ်ရှားပါစေ၊ လူသားဘဝနဲ့ အနီးစပ်ဆုံးတွေကို ဖန်တီးထားတာဖြစ်တဲ့အတွက် ဖတ်ရှုသူတိုင်းရဲ့ သဘောကျနှစ်သက်မှုကို ရနေတယ်ဆို မမှားပါဘူး။ ယခု ထုတ်ဝေလိုက်တဲ့ မိုးကျော်ဇင် – ဝတ္ထုတိုပေါင်းချူပ်မှာ ၂၀၁၅ ကနေ ၂၀၂၁ အထိ ဆရာ့ရဲ့ ဝတ္ထုတိုလက်ရာ ၁၅ ပုဒ်ကို တစ်စုတည်း စုစည်းထားတာ ဖတ်ရှုရမှာဖြစ်ပြီး ရသဖန်တီးမှုကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ ဝတ္ထုတိုများလည်းဖြစ်ပါတယ်။

    – စိတ္တဇမြူခိုးများ အမည်ရ ဝတ္ထုတိုမှာဆို တဒင်္ဂစိတ်ထဲက ဖြစ်လာတဲ့ မသိစိတ်ရဲ့ စေခိုင်းမှုကြောင့် ရှေ့ဆက် ဘာဆက်လုပ်ရမလဲ မဝေခွဲနိုင်တဲ့ ကာလအပိုင်းအခြားလေးကို ရိုးရှင်းစွာ တင်ပြထားတာ အဆုံးထိ မဖတ်ရမနေနိုင် ဆွဲခေါ်သွားပါလိမ့်မယ်။

    – ကျပ်တစ်ထောင်တန်ထိုင်ခုံ ဝတ္ထုလေးမှာဆို မြို့ထဲကနေ မြို့ပြင်ကို အသွား တစ်ယောက်တစ်ထောင်ပေးစီးရတဲ့ ကားငယ်တစ်စီးပေါ် စာရေးဆရာ ကားစီးရင်း မြင်မိတဲ့ လူတစ်ယောက်ရဲ့ သရုပ်သကန်ကို တိကျစွာ ဖော်ညွှန်းထားတာကို ဖတ်ရှုရပါမယ်။

    – နာရီကြည့်သော မိုးတိမ်များမှာက ဆိုင်ကယ်စီးရင်း ဒဏ်ငွေဆောင်ဖို့ အဖမ်းခံရတဲ့ ဘဝခရီးသည်တွေအကြောင်းကို ဖတ်ရင်း ပြုံးမိရာက နောက်ဆုံးတော့ ဪ လို့ ရေရွတ်တ်မိစေမယ့် ဝတ္ထုလေးပါ။

    – ထိုင်ခုံမဲ့ မနက်ခင်းမှာဆို ဇာတ်လမ်းက ရထားတွဲမှာ ခုံနေရာ ရဖို့ ကြိုးစားသော်လည်း မရတဲ့အခါ စိတ်ညစ်ပြီး တခြားနည်း အလွယ်လမ်းကိုပဲ ရွေးသွားတာကို ဖတ်ရမှာဖြစ်ပေမယ့် စာရေးဆရာက လူ့စရိုက် လူ့မနော လူ့သဘောကို လှစ်ခနဲဖော်ပြလိုက်တာမို့ ငါဆိုလည်း ဒီလိုပဲလုပ်မိမလား တွေးမိစေမှာ ဖြစ်ပါတယ်။

    – ပူဖောင်းများ မှာဆို နယ်မြို့လေးတစ်မြို့က လက်ဖက်ရည်အိုလေးမှာ ပုံမှန်ထိုင်ရင်း ငြင်းကြခုံကြ လေကန်ကြတဲ့ လူကြီးတွေအကြောင်းကို စိတ်ဝင်စားစဖွယ် ဖတ်ရမှာပါ။

    မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်မှာ အထက်ပါ ဝတ္ထုတိုများအပါအဝင် ကလျာ၊ ရွှေအမြုတေ၊ ကျေးရွှေတမာ၊ မိုးမခ၊ Faces၊ Fashion နဲ့ ဖြူးမြို့ အမျိုးသားကျောင်းရာပြည့်မဂ္ဂဇင်းတို့မှာ ဖော်ပြခဲ့တဲ့ ဝတ္ထုတို ၁၅ ပုဒ်ကို ပြန်လည် စုစည်း ထုတ်ဝေထားပါတယ်။ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုဇာတ်လမ်းတွေမှာ တည်နေရာတွေက နေရာစုံ၊ ပါဝင်တဲ့ ဇာတ်ဆောင်တွေက သဏ္ဌာန်မျိုးစုံ၊ ဟန်မျိုးစုံ၊ ဇာတ်လမ်း အဖုံဖုံ ဖြစ်ပေမယ့် ဖော်ပြပြီးသကဲ့သို့ လူသားတို့နဲ့ အနီးစပ်ဆုံး ဇာတ်လမ်းတွေ ဖြစ်တာကြောင့် ဖတ်ရှုသူတိုင်း နှစ်သက် သဘောကျစေမှာ အမှန်ပါပဲ။

    ခေတ်ကာလတစ်ခုရဲ့ ဖြတ်သန်းရာ အချိန်ကာလပေါ်မှာ ရေးဖွဲ့ထားတဲ့ လူ့သဘာဝဇာတ်လမ်းများ စုစည်းမှုလည်း ဖြစ်တာကြောင့် စာပေဆုရ စာရေးဆရာ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်ဟာ ခေတ်ကာလရဲ့ တစ်စိတ်တစ်ဒေသကို မှတ်ကျောက်တင်မယ့် စာအုပ်တစ်အုပ်လို့လည်း ဆိုနိုင်ပါတယ်။

    Ks 4,500

Main Menu