၁၉၈၂ ခုနှစ်တွင် ရန်ကုန်မြို့၊မင်္ဂလာဒုံ၊၂/ကရပ်ကွက်တွင် မွေး ဖွား၊ရန်ကုန်မြို့တွင်ပင် ကြီးပြင်းနေထိုင်၊ အသက်ဇီဝမွေးမြူမှုအတွက် စာပေ ဆိုင်ရာမှတစ်ပါး အခြားအလုပ်များ တတ်နိုင်သမျှမလုပ်ဘဲ နေနိုင်အောင် အပတ်တကုတ်ကြိုးစားလျက်ရှိ။ ယခုအချိန်ထိ ပင်ကိုရေးဝတ္ထုတိုနှင့် ဝတ္ထုတစ်အုပ်အပါအဝင် ခြောက်အုပ်နှင့် ဘာသာပြန်ဝတ္ထုစာအုပ် နှစ်ဆယ်၊ စုစုပေါင်း နှစ်ဆယ်ခြောက်အုပ် ရေးသားထုတ်ဝေထားကာ၊ နောက်နောင်တွင် လည်း စာအုပ်များဆက် လက်ထွက်ရှိရန် ရေးသားလျက်ရှိ။ လက်ရှိတွင် ရန်ကုန်မြို့တွင်နေထိုင်ကာ စာပေရေးသားခြင်းကို ပြုလုပ်လျက်ရှိ။
လက်ရှိအချိန်ထိ စာစုစာရင်း ထုတ်ဝေပြီးစာအုပ်များ
ဘာသာပြန်စာအုပ်များ
———————
၁. ဗလာမိုးကောင်းကင်ရဲ့ အစွန်းတစ်ဖက်မှာ ( Astonishing the gods by Ben Okri)
၂. သိုးကျောင်းသားရဲ. အနတ္တလွင်ပြင် (The Alchemist by Paulo Coelho)
၃. နိုင်ငံတကာ ပို့စ်မော်ဒန်ဝတ္ထုတိုများ
၄. နော်ဝေတောအုပ် (Norwegian Wood by Haruki Murakami)
၅. လန်ဇာရိုတီ (Lanzarote by Michel Houellebecq)
၆. နိုင်ငံတကာ လျှပ်တစ်ပြက်ဝတ္ထုတိုများ
၇. ကမ်းခြေပေါ်မှာ ကပ်ဖကာ (Kafka on the Shore by Haruki Murakami)
၈. ကလေးစစ်သား (Bamboo People by Metali Perkins)
၉. နယ်ခြားတောင်ဘက်၊ နေမင်း အနောက်ဘက် (South of the Border, West of the Sun by Haruki Murakami)
၁၀. ပလက်ဖောင်း (Platform by Michel Houelllebecq)
၁၁. ပင့်ကူလူသားများ (Translation Book of Several International Women Writers)
၁၂. ပင်ပေါင် (Pinball by Haruki Murakami)
၁၃. ဘာဖြစ်ဖြစ် (Whatever by Michel Hoellebecq)
၁၄. ဟာကူလိုင်းဘာဘင် (Herculine Barbin by Michel Foucault)
၁၅. အလှပဆုံးဒဏ်ရာ (Beauty is a Wound by Eka Kurniawan)
၁၆. ဒေါက်တာနာဇီနှင့် အခြားဝတ္ထုတိုများ (ချားလ်ဘူကောစကီးဝတ္ထုတိုများ) (Short Stories by Charles Bukowski)
၁၇. ချစ်သူ (L’Amant by Marguirite Duras)
၁၈. ပြာလွင်လဲ့လဲ့ (Almost Transparent Blue by Ryu Murakami)
၁၉. ရှင်နာဂါဝါမှ မျောက်တစ်ကောင်နှင့် ဝတ္ထုတိုများ (Short Stories Collection by Haruki Murakami)
၂၀. တိုကျိုကျဆုံးခန်း (Tokyo Decadence Short Stories Collection by Ryu Murakami )
ပင်ကိုရေးစာအုပ်များ
——————–
၁. ငါတွေးသည်၊ ထို့ကြောင့် ဒေးကားမရှိ ဝတ္ထုတိုစုစည်းမှု (၂၀၁၀)
၂. ကမ္ဘာအတု၊ ကောင်းကင်အတု (၂၀၁၁)
၃. တစ်သက်တစ်ကျွန်း (အခြားစာရေးဆရာတစ်ဦးနှင့်တွဲဖက်၍)(၂၀၁၃)
၄. မပျော်ရွှင်ခြင်းနိုင်ငံ (၂၀၁၄)
၅. သီးခြားနယ်နိမိတ် (၂၀၁၈)
၆. လူကိုသတ်ခြင်း (၂၀၂၀)
![]() | မိုးသက်ဟန်၁၉၈၂ ခုနှစ်တွင် ရန်ကုန်မြို့၊မင်္ဂလာဒုံ၊၂/ကရပ်ကွက်တွင် မွေး ဖွား၊ရန်ကုန်မြို့တွင်ပင် ကြီးပြင်းနေထိုင်၊ အသက်ဇီဝမွေးမြူမှုအတွက် စာပေ ဆိုင်ရာမှတစ်ပါး အခြားအလုပ်များ တတ်နိုင်သမျှမလုပ်ဘဲ နေနိုင်အောင် အပတ်တကုတ်ကြိုးစားလျက်ရှိ။ ယခုအချိန်ထိ ပင်ကိုရေးဝတ္ထုတိုနှင့် ဝတ္ထုတစ်အုပ်အပါအဝင် ခြောက်အုပ်နှင့် ဘာသာပြန်ဝတ္ထုစာအုပ် နှစ်ဆယ်၊ စုစုပေါင်း နှစ်ဆယ်ခြောက်အုပ် ရေးသားထုတ်ဝေထားကာ၊ နောက်နောင်တွင် လည်း စာအုပ်များဆက် လက်ထွက်ရှိရန် ရေးသားလျက်ရှိ။ လက်ရှိတွင် ရန်ကုန်မြို့တွင်နေထိုင်ကာ စာပေရေးသားခြင်းကို ပြုလုပ်လျက်ရှိ။ လက်ရှိအချိန်ထိ စာစုစာရင်း ထုတ်ဝေပြီးစာအုပ်များ ဘာသာပြန်စာအုပ်များ ပင်ကိုရေးစာအုပ်များ ၁. ငါတွေးသည်၊ ထို့ကြောင့် ဒေးကားမရှိ ဝတ္ထုတိုစုစည်းမှု (၂၀၁၀) |
-
အမရဌာနေ
မိုးသက်ဟန်လူတို့ဟာ ဘဝချုပ်ငြိမ်းခြင်းတရားက လွတ်မြောက်မယ့် အိပ်မက်ကို အမြဲ စွဲလမ်းခဲ့ကြပါတယ်။ ထာဝရ အသက်ရှင်သန်နိုင်မယ်ဆိုတဲ့ အိပ်မက်ဟာ အမှန်ဖြစ်လာခဲ့ရင် … ?
အမရဌာနေဟာ ပေါ်တူဂီ စာရေးဆရာ ဆာရာမာဂိုးရဲ့ Death with Interruptions ကို ဆရာမိုးသက်ဟန် ဘာသာပြန်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဆာရာမာဂိုးဟာ စာပေပညာရှင်လို့ သတ်မှတ်ခံထားရတဲ့ ကမ္ဘာကျော်စာရေးဆရာကြီးတစ်ဦးဖြစ်ပြီး ၁၉၉၈ မှာ စာပေနိုဘယ်လ်ဆု ချီးမြင့်ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ အမရဌာနေမှာ ဘဝနေဝင်ချိန်နဲ့ လူ့အဖွဲ့အစည်း မည်သို့ဆက်စပ်သနည်း ဆိုတာကို စာရှုသူတို့ မြင်တွေ့ရပါမယ်။
ဒီစာအုပ်မှာ အဓိကအားဖြင့် အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းအနေနဲ့ နှစ်တစ်နှစ်ရဲ့ အစမှာ မရဏမယ်တော်ကြီးဟာ အားလပ်ရက် ခွင့်ယူသွားတယ်။ (အနောက်တိုင်းမစ်သ်တွေရဲ့ အလိုအရ မရဏမင်းဟာ လိင်အနေနဲ့ အမ ဖြစ်တယ်) လူတွေရဲ့ ဘဝနေချိန်ကြီး ရုတ်တရက် ရပ်တန့်သွားတယ်။ ထာဝရရှင်သန်မှု ရသွားတဲ့လူတွေဟာ ပျော်ရွှင်စွာ နေရင်းနေရင်းနဲ့ ရှင်သန်ခြင်းဟာ ပြဿနာဆိုတာကို သိရှိလာခဲ့တယ်။ သုဘရာဇာတွေ အလုပ်မရှိတော့ဘူး။ လူတွေက အမြဲ ရှင်သန်နေတော့ ဝန်ထမ်းတွေကို ပင်စင်လစာ တစ်သက်လုံး ပေးနေရရော။ လူတွေရဲ့ ဘဝနေဝင်ချိန်သာ ရပ်တန့်သွားတယ်။ အိုခြင်း နာခြင်းက ရှိနေတော့ ဘိုးဘွားရိပ်သာနဲ့ ဆေးရုံတွေမှာ လူတွေ ပြည့်လျှံလာတယ်။ အိုခြင်းရဲ့ နောက်ဆုံးအချိန်ထိ ရောက်နေလို့ လောကကြီးကို နှုတ်ဆက် ထွက်ခွာချင်ပေမယ့် မရဏမယ်တော်ကြီးဟာ ခွင့်ယူနေတော့ ဘဝနေဝင်ချိန်ကို သွားဖို့အတွက် သူတို့အဖို့ အဆင်မပြေဘူး။
စာအုပ်ရဲ့ ဒုတိယပိုင်းမှာတော့ မရဏမယ်တော်ကြီးဟာ အလုပ်ပြန်လုပ်လာတယ်။ ဘဝနေဝင်ဖို့ အချိန်စေ့တဲ့သူတွေဆီကို စာပို့ပြီး တစ်ပတ်ပြည့်ရင် ဘဝနေဝင်ပြီဆိုတဲ့ ပုံစံနဲ့ နတ္ထိတရားကို ပုံစံတစ်မျိုးနဲ့ ပြန်စတယ်။ စာရပြီး တစ်ပတ်နေမှ လောကကြီးကို နှုတ်ဆက်ရမှာဆိုတော့ ဘဝရဲ့ နောက်ဆုံးလက်ကျန်တစ်ပတ်ကို လူတွေ ဘယ်လိုဖြတ်သန်းလဲဆိုတာ ဆာရာမာဂို တင်ပြထားတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ အဲဒီမှာမှ မရဏမယ်တော်ကြီးဟာ တစ်ပတ်ပြည့်ရဲ့သားနဲ့ သူစာပို့လို့ မရတဲ့သူတစ်ဦး ပေါ်လာတယ်။ သူက အသက် ၅၀ အရွယ် တကိုယ်ရည် ဂီတသမားကြီး။ သူ့ကို ဘဝကြီးကို အဆုံးသတ်ပေးဖို့ မရဏမယ်တော်ကြီးဟာ မျိုးစုံ ကြိုးစားပါတော့တယ်။
ဆာရာမာဂိုးဟာ ဒီဇာတ်လမ်းရဲ့ အဖြစ်အပျက်တွေကို အပေါစီး မြင်ကွင်းကျယ်ကနေ မြင်တွေ့နေရသလို ပုံဖော်ထားပါတယ်။ ပို့စ်မော်ဒန် အရေးအသားဖြစ်တဲ့ ဝတ္ထုအကြောင်းပြောပြတဲ့ ဝတ္ထုမျိုးဖြစ်ပြီး ဂျိမ်းဂျွိုက်စ်ရဲ့ ရေးဟန်မျိုးလို့ လေ့လာသူတို့ ဆိုကြတယ်။ စာဖတ်သူတို့ ဝတ္ထုထဲ ရောက်စဉ်မှာ ဘာဖြစ်နိုင်လဲ ခန့်မှန်းခိုင်းတာမျိုး၊ စာရေးသူက ဝတ္ထုထဲဝင်ပြီး ဇာတ်ကြောင်းထဲမှာ စီးမျောတာမျိုး၊ စကားလုံးပင်လယ်ထဲ စာဖတ်သူရဲ့ အာရုံစူးစိုက်မှုကို အရယူတာမျိုး စတဲ့ အဆင့်မြင့်စာရေးဟန်နည်းတွေနဲ့ ဆာရာမာဂိုးဟာ အမရဌာနေကို ရေးဖွဲ့ပါတယ်။ နိုင်ငံတကာက စာဖတ်ပရိသတ်တို့က ဒီစာအုပ်ကို နှစ်ခြိုက်စွာ ဖတ်ရှုပြီး ကောင်းမွန်တဲ့ Review များစွာလည်း ရရှိထားပါတယ်။ ဘာသာပြန်သူ ဆရာမိုးသက်ဟန်က “ဒီဝတ္ထုဟာ ဖတ်ရ ခက်ပါတယ်။ ဆိုတော့ ဘာသာပြန်ရတာလည်း ခက်ခဲလှပါတယ်။ မြန်မာဘာသာစကားကို ပြန်ဆိုရာမှာ အဆီလျော်ဆုံး၊ အချောမွေ့ဆုံးဖြစ်အောင် အားထုတ်ထားပါတယ်” လို့ အမှာစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
Ks 5,000အမရဌာနေ
Ks 5,000