အမည်ရင်း ဦးရဲလွင်၊ အဘ ဦးကျော်သန်း၊ အမိ ဒေါ်တင်ညွန့်။ မန္တလေးမြို့တွင် မွေးဖွာ။းရှမ်းပြည်နယ် တောင်ပိုင်း ရွှေညောင် အလက (ယခု အထက)နှင့် မန္တလေး အထက (၁၄) တွင် အခြေခံပညာတန်းသင်ခဲ့။ ၁၉၈၀ တွင် မန္တလေး ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်မှ ဘူမိဗေဒဘွဲ့ရခဲ့။

၁၉၇၈ မိုးဝေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ပွင့်ငုံ ကဗျာသည် ပထမဆုံး ပုံနှိပ်စာမူဖြစ်။ ၁၉၈၅ တွင် ဝတ္ထုတိုများ စတင်ရေးခဲ့။ ဝတ္ထုတို ၇အုပ်၊ အက်ဆေး ၄အုပ်၊ ပညာရေးဆောင်းပါးများ ၃ပုဒ်၊ သားရဲဝဏ္ဏသို့ပေးစာများ ၄အုပ်၊ ဝတ္ထုတို ခံစားမှုများ ၁အုပ်၊ ဘဝရသ ၁ အုပ်၊ မေတ္တာရပ်ဝန်းဆကသအအေငသညျ ၁အုပ် ထုတ်ဝေခဲ့ပြီးဖြစ်။

စာရေးသူများ၏ ရသစာဖတ်ဝိုင်း၊ ရသလမ်းဆုံ၊ မြစ်မင်းဧရာ စာဖတ် ဝိုင်းများကို ဝါသနာတူ၊ ခံယူချက်တူ စာရေးဆရာများနှင့် ကျင်းပခဲ့သည်။၂၀၁၆ တွင် တောင်ကိုရီးယားနိုင်ငံ မင်ဟေးစာပေပွဲတော်နှင့် ၂၀၁၉တွင် တရုတ်ပြည် တက္ကသိုလ်များ၏ မြန်မာစာဌာနများတွင် ရသစာရေးဆရာ၊ ဆရာမများနှင့်အတူ တက်ရောက် ဆွေးနွေးခဲ့သည်။

ဘူတာရုံကလေး ဝတ္ထုတို စုစည်းမှုဖြင့် ၂၀၁၀ခုနှစ်အတွက် အမျိုးသား စာပေဆု၊ ကျွန်တော် အချိန်သူခိုးရသစာတမ်းဖြင့် ရွှေအမြုတေစာပေဆု (၂၀၁၁) တို့ရရှိခဲ့သည်။

မီးရထား၊ ပို့ဆောင်ရေးဌာန ရုံပိုင်ချုပ် တာဝန်အထိ ထမ်းဆောင်ပြီး ၂၀၂၀ အောက်တိုဘာလတွင် အငြိမ်းစားယူခဲ့သည်။

ယခု စစ်ကိုင်းမြို့တွင် နေထိုင်လျက်ရှိ သည်။

ရဲသျှမ်း

  • ကမ္ဘာမြေ၏ ဝင်ရိုးတစ်ချောင်း

    မီးရထားကြီးတစ်စီး ဥဩတွေဆွဲရင်း ဘူတာထဲက ထွက်ခွာသွားသည်ဖြစ်စေ .. ဘူတာထဲ ဝင်လာသည်ဖြစ်စေ .. အဲ့ဒီမြင်ကွင်းတွေကို အများစု မြင်ဖူးကြမှာပါ။ မီးရထားကြီးပေါ်မှာ ပါသွားတဲ့ ချစ်သူနဲ့ ဝေးရလို့ လွမ်းရတာ၊ ရထားနဲ့ အလုပ်က ပြန်လာတဲ့ ဖခင်က မုန့်ဝယ်လာလို့ ပျော်တာ၊ စသဖြင့် မီးရထားတွေဟာ လူသားတွေကို ခံစားမှုတွေ ပေးစွမ်းနိုင်ပါတယ်။

    တကယ်တော့ မီးရထားတွေ အချိန်မှန်မှန် ဘူတာတွေက ထွက်ခွာပြီး အချိန်မှန်မှန် ဆိုက်ဖို့၊ ခရီးလမ်းတစ်လျှောက် ဘေးကင်းဖို့၊ ရထား အတွင်းအပြင် သန့်ရှင်းမှုနဲ့ စီးနင်းသူတို့ သက်သောင့်သက်သာရှိမှုတို့အတွက် ရထားနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အဆင့်ဆင့်မှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ တစ်နည်း မီးရထားလုပ်ငန်းခွင်က သူတို့တွေရဲ့ ရင်ထဲမှာလည်း ခံစားချက်တွေ ရှိသလို သူတို့ရဲ့ ဘဝအဖြစ်အပျက်တွေ၊ အတွေးအမြင်တွေမှာလည်း စိတ်ဝင်စားစရာတွေ ရှိပါတယ်။ ဒါတွေကို ထုံးလိုချေ ရေလိုနှောက် သိရှိ နားလည်တဲ့ စာရေးဆရာကောင်းတစ်ဦးက ဇာတ်လမ်းအဖြစ် စာစီလိုက်တဲ့အခါ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်လာပါတယ်။

    ဘူတာကြီးရဲ့ အနီးတဝိုက် ဝန်းကျင်က ဝန်ထမ်းဘဝတွေ၊ ဘူတာနဲ့ ရထားတွေကို အမှီပြုပြီး ဝမ်းစာရှာ နေထိုင်ရှင်သန်သူတွေ အကြောင်းကို ဆရာရဲသျှမ်းက “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ ရသမြောက်စွာ ပုံဖော်ခဲ့တယ်။ ဆရာဟာ ရန်ကုန်ဘူတာကြီးမှာ ကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် ရေးသားလိုက်တဲ့ စာများဟာ ကြွရွလှပနေခဲ့တယ်။ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦး ဖြစ်ရုံသာမက ရသစာပေဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာဟာ “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ မီးရထားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေတင်မက ကိုယ်တိုင်ဖြတ်သန်းကြုံတွေခဲ့ရတဲ့ စာပေလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ရသစာဖတ်ဝိုင်းအကြောင်းကို ရသမြောက်စွာ မှတ်တမ်းပြုရေးသားထားတာ ဖတ်ရှုရပါမယ်။

    “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”က ဆရာရဲသျှမ်းရဲ့ ပထမဆုံး ပင်ကိုရေး လုံးချင်းဝတ္ထုရှည်ဖြစ်ပါတယ်။ ခေတ် ကာလ အဖြစ်အပျက် နေရာ အခင်းအကျင်းတွေမှာ ချစ်ခြင်း၊ မုန်းခြင်း၊ မေတ္တာတရားတို့ ရှိကြတဲ့ ဇာတ်ကောင်များကို ဖွဲ့တည်ထားသည် လို့ အမှာစာမှာ ဖော်ပြထားပြီး စာဖတ်သူ၏ ခံစားမှုသည် အမှန်တရားလို့ ဆိုတဲ့ ဒီဝတ္ထုရှည်မှာ စာဖတ်သူတို့ မီးရထားတစ်စင်းကို နောက်ကွယ်က ခုတ်မောင်းစေသူတို့ရဲ့ ဘဝတွေနဲ့ ပတ်သက်တာတွေကို ခံစားရမှာပါ။

    Ks 4,000

Main Menu