နာမည်အရင်းမှာ ဒေါက်တာဝင်းထိုက် ဖြစ်သည်။ မကွေးတိုင်းဒေသကြီးတွင် အဖ ဦးသာဂျမ်း နှင့် အမိ ဒေါ်မြဆယ်တို့မှ မွေးဖွားသော သားသမီး (၅) ဦးအနက်မှ အငယ်ဆုံးသား ဖြစ်သည်။
၂၀၀၁ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ် – မန္တလေးမှာ ဆေးပညာဘွဲ့ ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်ဧပြီလထုတ် ဇီဝက ကျန်းမာရေးမဂ္ဂဇင်းမှာ ဖော်ပြခံရသည့် မေတ္တာနှောင်ကြိုး( ဝတ္ထုတို) ဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်တွင် နှင်းဆွတ်လေပြည် (လုံးချင်း) ၂၀၁၉ ခုနှစ်တွင် တိမ်ဝှက်ခံရတဲ့ကြယ် (လုံးချင်း) ၂၀၂၀ ခုနှစ်တွင် ကျားဖောင် (လုံးချင်း) ၂၀၂၂ ခုနှစ်တွင် တောင်မှာမိုးတွေညို့ရင် (မဂ္ဂဇင်းဝတ္ထုတို စုစည်းမှု) ၂၀၂၃ ခုနှစ်တွင် အလွမ်းများငြိမ်းစေ (လုံးချင်း) စာအုပ်များ ထုတ်ဝေခဲ့သည်။ ယခုအချိန်တွင် ဇနီးဒေါ်ယဉ်မေသိန်း နှင့် သား မောင်မင်းမြတ်ထူးသာတို့နှင့်အတူ အေးချမ်းစွာနေထိုင်လျက် ရှိသည်။
![]() | အာကာခေတ်ပိုင်နာမည်အရင်းမှာ ဒေါက်တာဝင်းထိုက် ဖြစ်သည်။ မကွေးတိုင်းဒေသကြီးတွင် အဖ ဦးသာဂျမ်း နှင့် အမိ ဒေါ်မြဆယ်တို့မှ မွေးဖွားသော သားသမီး (၅) ဦးအနက်မှ အငယ်ဆုံးသား ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ် – မန္တလေးမှာ ဆေးပညာဘွဲ့ ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်ဧပြီလထုတ် ဇီဝက ကျန်းမာရေးမဂ္ဂဇင်းမှာ ဖော်ပြခံရသည့် မေတ္တာနှောင်ကြိုး( ဝတ္ထုတို) ဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် နှင်းဆွတ်လေပြည် (လုံးချင်း) ၂၀၁၉ ခုနှစ်တွင် တိမ်ဝှက်ခံရတဲ့ကြယ် (လုံးချင်း) ၂၀၂၀ ခုနှစ်တွင် ကျားဖောင် (လုံးချင်း) ၂၀၂၂ ခုနှစ်တွင် တောင်မှာမိုးတွေညို့ရင် (မဂ္ဂဇင်းဝတ္ထုတို စုစည်းမှု) ၂၀၂၃ ခုနှစ်တွင် အလွမ်းများငြိမ်းစေ (လုံးချင်း) စာအုပ်များ ထုတ်ဝေခဲ့သည်။ ယခုအချိန်တွင် ဇနီးဒေါ်ယဉ်မေသိန်း နှင့် သား မောင်မင်းမြတ်ထူးသာတို့နှင့်အတူ အေးချမ်းစွာနေထိုင်လျက် ရှိသည်။ |
-
ကျားဖောင်
အာကာခေတ်ပိုင်ကျားဖောင်ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ပင်လယ်ပြင်က ငရဲခန်းလို့ ပြေးမြင်မိကြမှာပါ။
လူတွေဟာ ပင်လယ်ထဲက သတ္တဝါတွေကို ကုန်းပေါ်ဆယ်ယူပြီး စီးပွားရေးလုပ်ကြတယ်။ တချို့ကတော့ ပိုက်ဆံအတွက် ပင်လယ်ထဲကို ပြန်ဆင်းပြီး အသက်ပေးသွားရပြန်တယ်။
ကျားဖောင်ကို လူနဲ့သတ္တဝါ၊ လူနဲ့ငွေကြေး၊ အလဲအထပ်လုပ်ကြတဲ့နေရာလို့ ဆိုရင်လည်း မမှားပါဘူး။ ပင်လယ်ပြင်ကြီးကပေးတဲ့ ဝေဒနာ၊ လူလူချင်းကပေးတဲ့ ဒုက္ခတွေကြား ကုန်းပေါ်ပြန်တက်မယ့်ရက်ကို လက်ချိုးစောင့်နေရပြီး ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းရတဲ့ လူ့ငရဲတွင်းတစ်ခုပါပဲ။
ဆရာအာကာခေတ်ပိုင်က ဒီဖြစ်ရပ်တွေကို ကျားဖောင်ဆိုတဲ့စာအုပ်အဖြစ် ပုံဖော် ရေးဖွဲ့ထားပါတယ်။ ဒီစာအုပ်ထဲမှာ ပင်လယ်မှာ အသက်မွေးပြီး စီးပွားရှာကြတဲ့ ကျားဖောင်လုပ်ငန်းအကြောင်းကို ဗဟုသုတရစရာအဖြစ် သိခွင့်ရပါလိမ့်မယ်။
ဒါ့အပြင် ဖောင်ဦးစီးချုပ်တွေ၊ ဖောင်ဦးစီးတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ၊ ဖောင်နောက်လိုက်တွေအပေါ် ကိုယ်ချင်းမစာနာစွာ ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း မြင်တွေ့ရပြန်ပါတယ်။
လူပွဲစားတွေရဲ့ ငွေရလိုမှုတစ်ခုတည်းအတွက် လူလူချင်းအမြတ်ထုတ်ပုံတွေကို ဖတ်ရတဲ့အခါမှာလည်း ဒေါသထွက်ပြီး ခံပြင်းစရာပါ။ ကိုယ့်နိုင်ငံထဲမှာတင် ကိုယ့်လူမျိုးအချင်းချင်းက လူကုန်ကူးတဲ့ဖြစ်ရပ်တွေဟာ နေရာတိုင်းမှာ လူမသိသူမသိဘဲ အများကြီးရှိနေနိုင်ပါတယ်။ ဒီလိုအကြောင်းအရာတွေကို စာရေးဆရာက စာရေးခြင်းအတတ်ပညာနဲ့ ဝတ္ထုတစ်အုပ်ထဲမှာ လှလှပပ အကွက်ဆင်ကာ ထည့်သွင်းပုံဖော်ထားပါတယ်။
ကျားဖောင်စာအုပ်ထဲမှာ ဖောင်ဦးစီးမှတ်ကြီး၊ ဦးခင်ဝင်း၊ မိုးစည်နဲ့ရဲထက်တို့ လေးဦးရဲ့ မတူညီတဲ့ ဘဝဖြစ်စဉ်တွေကို တွေ့ရပါလိမ့်မယ်။ ဒီလူလေးဦးဟာ အန္တရာယ်များပြားလှတဲ့ ကျားဖောင်ပေါ်ကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာကြသလဲ၊ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆရာအာကာခေတ်ပိုင်က စိတ်ဝင်စားဖွယ်ရေးသားထားပါတယ်။ ဒီလူတွေဟာ ကုန်းပေါ်ကိုရော ပြန်ရောက်ခွင့်ရပါ့မလား။ ပင်လယ်ထဲမှာ အချိန်မရွေး အစပျောက်သွားမလား။ ကိုယ့်နိုင်ငံအတွင်းမှာပဲ နေထိုင်ရင်း ကျားဖောင်ပေါ်က လုံခြုံမှု မရှိတဲ့ဘဝတွေအတွက် ရင်လေးစရာပါပဲ။
ကျားဖောင်စာအုပ်ထဲက ဇာတ်ကောင်တစ်ဦးဖြစ်သူ ရဲထက်ပြောတဲ့ စကားလေးတစ်ခွန်းက စာဖတ်သူတို့ကို မှတ်မှတ်ထင်ထင် ရှိစေမှာ ဖြစ်ပါတယ်။
“ပင်လယ်ရေတွေ ခန်းသွားရင်ကောင်းမယ်” တဲ့။
တချို့တွေအတွက် အိမ်ပြန်နိုင်ဖို့ အခွင့်အရေးဟာ ပင်လယ်ကြီး ခန်းခြောက်သွားမှတဲ့လား … ။
Ks 9,000ကျားဖောင်
Ks 9,000