-
အတိတ်စိုက်ခင်း
ခတ္တာခင်ou reap what you sow (ကိုယ်စိုက်တာ ကိုယ်ပြန်ရိတ်သိမ်းရမယ်) ဆိုတဲ့ ကမ္ဘာကျော်စကားပုံ ရှိပါတယ်။ ဒီစာအုပ်မှာ ဆရာမခတ္တာခင်ရဲ့ အတိတ်စိုက်ခင်းကို ဖတ်ရှုရမှာပါ။ စာရေးဆရာမ ခတ္တာခင်ရဲ့ အတိတ်စိုက်ခင်းဆီ စာဖတ်သူတွေကို ဘယ်လို ခေါ်ဆောင်သွားမလဲ?အတိတ်စိုက်ခင်းကို စစချင်း မျိုးစေ့ချတဲ့ဆီကနေ ဖတ်ရှုရမယ်။ မွန်ကျော်ဆိုတဲ့ အဓိက ဇာတ်ကောင် မမွေးဖွားမီ မွန်ကျော့်အဖေ(ဖြစ်လာမယ့်သူ)က ဟိုဘက်ရွာက အမေ(ဖြစ်လာမယ့်သူ)ကို သွားခိုးတဲ့ ဇာတ်လမ်းက အသည်းတယားယားနဲ့ပေါ့။ ဒီလိုနဲ့ … ရခိုင်ပြည်နယ် တစ်နေရာ၊ မြစ်ကမ်းဘေး ရွာတစ်ရွာက မွန်ကျော် ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အတိတ်စိုက်ခင်းလေး အစပျိုးခဲ့တယ်။မြစ်ကမ်းဘေးရွာလေးတစ်ရွာက အသံချဲ့စက် ဆောင်းဘောက်စ်ပိုင်ရှင်ရဲ့ သမီးလေး မွန်ကျော်ရဲ့ ငယ်ဘဝစိုက်ခင်းက အရောင်အသွေး စိမ်းစိုလှပလတ်ဆတ်တာကို မြင်ရမယ်။ ငယ်စဉ်ကတည်းက နှစ်ခြိုက်ခဲ့တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေ၊ သူငယ်ချင်း အမွန်နဲ့ ရွာရိုးကိုးပေါက် လျှောက်သွားတာ၊ လှေသမားဖြစ်တာကြောင့် တစ်လ ကိုးသီတင်းနေမှ အိမ်ကိုလာပြီး မွန်ကျော့်ကို စာအုပ်တွေ၊ အကောင်လေးတွေ သယ်သယ်လာတဲ့ ဦးလေးဖြစ်သူ မိခင်ရဲ့ မောင် ဦးဦးဝင်းမြင့်၊ ရွာမှာ သူစိမ်းတွေ များလာတာနဲ့အညီ ဖွင့်ဖြစ်တဲ့ မွန်ကျော်တို့ အိမ်က ခနော်ခနဲ့ လက်ဖက်ရည်ဆိုင်လေး၊ ရွာထဲက မူးနေတဲ့ ကာလသားတွေနဲ့ ၎င်းတို့ရဲ့ အိမ်ရှင်မများက ဇာတ်လမ်းတွေ၊ ထိုစဉ်ကာလ ရွာတွေတိုင်းလိုလို ရှိကြတဲ့ အခပေး ကာရာအိုကေရုံ နဲ့ လူကြီးတွေ ကာရာအိုကေမှာ သီချင်းဆိုတာ သွားသွားနားထောင်တဲ့ မွန်ကျော်နဲ့ အထွေး၊ ဦးဦးဝင်းမြင့် လှေဆိုက်တော့ သယ်လာတဲ့ ဝက်မကလေး ဖြူလုံးမ၊ ဖြူလုံးမနဲ့ မွန်ကျော့်ကြား သံယောဇဉ်၊ စတာတွေနဲ့ အခြားအခြားသော မွန်ကျော်ရဲ့ ဘဝ စိုက်ခင်းလေးကို ဖတ်ရှုရင်း ဆရာမ ခတ္တာခင် ရေးခြယ်ဖန်တီးတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ကို ဖတ်ရှုရပါမယ်။မွန်ကျော်ရဲ့ ဘဝ စိုက်ခင်းလေးဟာ ဆရာမခတ္တာခင်ရဲ့ ဖြစ်ရပ်မှန် အတိတ်စိုက်ခင်းလား ဆိုတာကိုတော့ ဒီဝတ္ထုလေးကို ခံစားဖတ်ရှုပြီး အဖြေထုတ်ကြည့်စေချင်ပါတယ်။ ဆရာမ ခတ္တာခင်ကလဲ “ကျွန်မအတွက်တော့ အတိတ်ဟာ ခံစားမှုပေါင်းစုံ ရောပြွမ်းနေတဲ့ စိုက်ခင်းတစ်ခု၊ အဲ့ဒီ ခံစားမှုတွေကို စာဖတ်သူဆီ ဆင့်ပွားပေးလိုက်ရတဲ့အခါ စာဖတ်သူတို့ ခံစားမှုက ဘယ်သူဖြစ်လာမလဲ မျှော်လင့်နေပါတယ်” လို့ ဆိုပါတယ်။Ks 6,000အတိတ်စိုက်ခင်း
Ks 6,000 -
အတိတ်ရဲ့အခြားတစ်ဖက်မှာ
သဲဆုမွန်မိန်းမတစ်ယောက်ဟာ တစ်ချိန်ချိန်မှာတော့ အိမ်ထောင်ရေးဆိုတဲ့အရာကြီးနဲ့ ထိပ်တိုက်တွေ့ဆုံရမှာပါပဲ။ သာယာချိုမြိန်တဲ့ အိမ်ထောင်တစ်ခုဟာ လုံခြုံနွေးထွေးတဲ့ အရပ်ဒေသနဲ့ တူပါတယ်။ လူအရွေးမှားခဲ့ရင်တော့ အဲဒီအိမ်ထောင်ရေးဟာ နွံအိုင်တစ်အိုင် ဖြစ်ခဲ့ပြီပေါ့။ ခြေတစ်လှမ်း မှားလိုက်တဲ့အချိန်ကစပြီး တစ်ဘဝလုံး နစ်တော့တာပါ။
ဆရာမသဲဆုမွန်ရဲ့ အတိတ်ရဲ့အခြားတစ်ဖက်မှာဆိုတဲ့ ဝတ္ထုဇာတ်လမ်းဟာ သမီးတစ်ယောက်ရဲ့စိတ်ကို နားလည်လိုတဲ့ မိခင်များ၊ မိခင်ရဲ့ဖြတ်သန်းမှုကို ကိုယ်ချင်းစာ ခံစားပေးလိုတဲ့သမီးများ ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးလို့ ဆိုလိုက်ပါရစေ။
“သမီး ယောကျ်ားအရမ်းလိုချင်လို့ မဟုတ်ဘူး။ အမေ့ဆီက မရဖူးတာတွေ ကိုအောင်က ပေးလို့ …”
ဒါဟာ မေလွင်ဆိုတဲ့ မိန်းကလေးက သူ့အမေကိုပြောတဲ့ စကားလုံးပါ။ သမီးမိန်းကလေး မွေးထားတဲ့မိဘတွေ၊ အုပ်ထိန်းသူတွေဟာ ကိုယ့်ဆီကပေးရမယ့် မေတ္တာတွေကို အပြည့်အ ဝပေးထားရမှာဖြစ်ပြီး လုပ်သင့်လုပ်ပေးထိုက်တဲ့ တာဝန်တွေကိုလည်း အထိုက်အလျောက်လေးတော့ လုပ်ပေးရမှာပါ။ ဘာကြောင့်လဲဆိုရင် အရွယ်ရောက်လာတဲ့ မိန်းကလေးအများစုဟာ ကိုယ့်အိမ်ကမပေးနိုင်တဲ့အရာတွေကို သူစိမ်းယောက်ျားတစ်ယောက်ဆီက ရလိုက်တဲ့အခါ အိမ်ထောင်ရေးဆိုတဲ့နွံကြီးထဲ ခုန်ဆင်းဖို့ အဆင်သင့် ဖြစ်သွားတတ်ကြပါတာကို ဒီစာအုပ်မှာ အတိုင်းသား မြင်တွေ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
အိမ်တစ်အိမ်မှာ အိမ်သားတွေမြဲချင်တဲ့အခါ အကြောက်တရားတွေ၊ စကားလုံးတွေနဲ့ ထိန်းချုပ်ပိတ်လှောင်ရမှာ မဟုတ်ပါဘူး။ အခိုင်ဆုံးကြိုးဟာ မေတ္တာပါပဲ။ မေတ္တာတရားနဲ့ နွေးထွေးလုံခြုံစေတဲ့ အိမ်တံခါးပေါက်ကနေ ဘယ်ခြေထောက်ကမှ ဝေးဝေး ထွက်မသွားနိုင်ပါဘူး။
ထိန်းချုပ်မှုပုံစံမှားယွင်းမှသာ မိန်းကလေးတစ်ယောက်ဟာ လမ်းအမှားကို ဇွတ်တိုးဝင်မိတာပါ။ တစ်လှမ်း၊ နှစ်လှမ်း၊ ပြီးတော့ တစ်ဘဝလုံး။ ဒီစာအုပ်ထဲက ဇာတ်ကောင်မေလွင်ကရော ဘယ်လိုဘဝမျိုးကို ရွေးခဲ့မိတာလဲ။ ရုန်းထွက်မှာလား၊ ရှေ့ဆက်မှာလားဆိုတာကိုတော့ ဆရာမသဲဆုမွန်ရဲ့ အတိတ်ရဲ့အခြားတစ်ဖက်ကို ဖတ်ကြည့်ရင်း ထပ်တူခံစားပေးစေချင်ပါတယ်။Ks 12,000အတိတ်ရဲ့အခြားတစ်ဖက်မှာ
Ks 12,000 -
အရှက်သည်းသည်း
ကိုပေါက် (မန္တလေး)“ရှက်ဖူးကြသလား …”
မြန်မာအဘိဓာန်မှာ အရှက် ကို ‘အထင်သေးခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်သော စိတ်ခံစားမှု’ လို့ ဖွင့်ဆိုပါတယ်။
ပြောရမယ်ဆို အရှက်ရတယ်၊ ရှက်စရာကြုံတယ်၊ အရှက်ကွဲတယ် ဆိုတာ ဘာအတွက်မှ သိပ်မကောင်းတဲ့အတွက် ဘယ်သူမှ ကြုံတွေ့လိုခြင်း မရှိမှာ အသေအချာပဲ မဟုတ်လား။ ဒါပေမဲ့လည်း လူတော်တော်များများ .. လူတိုင်းနီးနီးလောက်ဟာ ဘဝမှာ ရှက်စရာ ကြုံဖူးကြတာပါပဲ၊ တိတိကျကျ ဆိုရရင် သေးသေးနဲ့ ကြီးကြီးနဲ့ ရှက်ဖူးတာပဲ ကွာကြပါမယ်။ဒီတော့ ရှက်ဖူးတာတော့ ဟုတ်ပါပြီ။ အရှက်ကွဲဖူးတဲ့ဖြစ်ရပ်တွေ ပြောစတမ်းဆို ဘယ်သူမှ ပြန်ပြောချင်မှာ မဟုတ်ပါဘူး။ ကိုယ့်အရှက်ကွဲထားတဲ့အကြောင်း၊ လူမသိလေ ပိုကောင်းလေပဲ။ ဒါပေမဲ့လည်း ကိုယ့်အကြောင်းသာ မပြောချင်တာ၊ သူများ အရှက်ရခဲ့တဲ့ ကိစ္စမျိုးကို စပ်စပ်စုစုနဲ့ သိချင်ကြတာလည်း လူ့သဘာဝပါပဲ။
အရှက်သည်းသည်းမှာ စာရေးဆရာ ကိုပေါက် (မန္တလေး) ရဲ့ ဘဝတစ်လျှောက် မိသားစုတွင်းမှာ၊ သူငယ်ချင်းတွေကြားမှာ၊ အလုပ်ခွင်မှာ၊ စသဖြင့် ကြုံတွေရတဲ့ ကိုယ်တွေ့ဖြစ်ရပ် အရှက်ရခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း ရေးထားတာ ဖတ်ရှုရပါမယ်။
“စားပါဦးလား လို့ ခေါ်လို့ ဝင်စားမိတာ နည်းနည်းမှ အားမနာတတ်တဲ့ကောင် …. (အရှက်ကို မရှိဘူးလို့ ကွယ်ရာမှာ အပြောခံရတာ)”
“ခဏလောက်ထင်လို့ ကူညီတာ၊ မပြောင်းကြတော့ဘူးလား မသိဘူး … (အရှက်လည်း မရှိကြဘူးလို့ မကြားတကြား အပြောခံရတာ)”
“မျက်နှာ အငယ်ခံပြီး အကူအညီတောင်းမိတာ တွေးမိတိုင်း ရှက်ပါရဲ့ … (အကူအညီပေးတုန်းက ယူပြီး ပြန်တောင်းတော့ အရူးကွက် နင်းကြတာ)”ဘဝလမ်းတစ်လျှောက် ဘွားအေနဲ့ နေစဉ် ကျောင်းတက်တုန်း ကာလ၊ အိမ်ထောင်ရှင် နေ့ရက်များ ကာလ၊ အစိုးရဝန်ထမ်းဘဝ ကြုံတွေရ ကာလ၊ ပြင်ပဝန်ထမ်းဘဝ ဖြတ်သန်းရ ကာလ စသဖြင့် ဘဝနေ့ရက်တွေ ဖြတ်သန်းစဉ် မျက်မှောက်ကြုံခဲ့ရတဲ့ အရှက်ရစရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) က လူစုံတုန်း ရှင်းပြတယ် ဆိုသလိုပဲ ‘အရှက်သည်းသည်း’ မှာ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဘွင်းဘွင်းရှင်းရှင်း ဖွင့်ချပြထားတယ်။
“ပြန်တွေးကြည့်ရင် ကျွန်တော့်ဘဝမှာ ရှက်စရာတွေက အများသား” ဆိုတဲ့ ကိုပေါက်ရဲ့ ရှက်စရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) ရဲ့ “အရှက်သည်းသည်း” မှာ ဖတ်ရှုရပါမယ်။
Ks 3,500အရှက်သည်းသည်း
Ks 3,500 -
အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော
ခတ္တာခင်“အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော” လုံးချင်းဝတ္ထုမှာ မတူညီတဲ့ လူ့စရိုက်တွေကို အခြေခံထားတဲ့ အိမ်ထောင်ရေးနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို စာရေးဆရာမ ခတ္တာခင်က အလှပဆုံးဖြစ်အောင် ရေးဖွဲ့ထားတယ်။ ချစ်ခြင်းတရားနဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုဟာ ကွဲလွဲတဲ့ စိတ်အခြေအနေတွေ၊ ခြားနားတဲ့ ဘဝနေထိုင်မှုတွေကြောင့် တဖြည်းဖြည်း ပြိုလဲသွားနိုင်တာကို ဒီဝတ္ထုထဲမှာ ရသစာပေချစ်သူတို့ တွေ့မြင်ရမှာပါ။
လူသားအချင်းချင်း အနီးကပ်ဆုံး နေထိုင်ကြတဲ့အခါ မိသားစုဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေ၊ အလွန်ချစ်မြတ်နိုးရတဲ့ ဇနီးမောင်နှံပဲဖြစ်ပါစေ၊ စိတ်နှလုံးသားနဲ့ အတွေးအခေါ် မညီမျှရင် ဝေးကွာသွားကြရမှာပါ။ ဒီစာအုပ်ထဲမှာ အဓိက တွေ့မြင်ခံစားရမှာကတော့ ယောကျ်ားတစ်ယောက်ရဲ့ စိတ်အခြေအနေပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဝေခွဲမရတဲ့ စိတ်ခံစားမှုကြားမှာ ချောင်ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးပေါ့။ စာရေးဆရာမခတ္တာခင်က ဇာတ်လမ်းဇာတ်ကြောင်းထက် ဇာတ်ကောင်စရိုက် အရေးအဖွဲ့ သရုပ်ဖော်ပြခြင်းကို ပိုအားသန်သူ ဖြစ်တာကြောင့် အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော မှာ အသက် ၃၈ နှစ်အရွယ် ပန်းချီဆရာ အောင်လွင်ဦး ကို သေသေချာချာ မြင်မိစေမှာပါ။
အောင်လွင်ဦးရဲ့ အမျိုးသမီးဟာ အောင်လွင်ဦးကို အကြောင်းပြချက် မရှိဘဲ စွန့်ပစ်သွားတယ်။ ဒီအပေါ် အမျိုးသမီးစာဖတ်သူတွေ အနေနဲ့ဆိုရင် ဇာတ်ကောင်အမျိုးသားကို အားမလိုအားမရ ဖြစ်လေမလား၊ ဒါမှမဟုတ် မုန်းတီးမိလေမလား။ တဦးတယောက်ရဲ့ ပြတ်သားမှုကြောင့် ကိုယ်တိုင် နာကျင်ခံစားရတယ်ဆိုရင် ကိုယ့်ရဲ့မပြတ်သားမှုကြောင့် တခြားသူ နာကျင်ခံစားနေရတာကလည်း မဖြစ်သင့်ဘူး မဟုတ်လား။
“ဖန်ခွက်ထဲမှာ အမြဲတစေ ဖြည့်တင်းထားတဲ့ ရေတွေ ပျောက်ရှသွားသလို … ရုတ်တရက် အလွတ် ဖြစ်သွားတဲ့ ဖန်ခွက်ထဲကို ရေထပ်ဖြည့်ဖို့ အားထုတ်လိုက်၊ လဲကျလိုက် ဖြစ်နေတဲ့ အောင်လွင်ဦးရဲ့ ဘဝကို ပဲ့ကိုင်ပြီးချိန်မှာတော့ အောင်လွင်ဦးကို ကြည့်ပြီး ကျွန်မ တကယ်ရင်မောသွားပါတယ်” လို့ စာရေးဆရာမက ဆိုထားပါတယ်။
ချစ်ခြင်းမေတ္တာဆိုတာဟာ ဘယ်တော့မှ မသေဆုံးတဲ့ သစ်ပင်တစ်ပင်လား။ သေဆုံးသွားတဲ့ သစ်ပင်နေရာမှာ အစားထိုး ပြန်ပျိုးခံရတဲ့ မျိုးစေ့တစ်စေ့လား။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဆိုတာ စတင်ပြီးရင် အဆုံးသတ်ကလေး လှပနေဖို့တော့ လိုအပ်ပါတယ်။ နာကျင်ခံစားရမယ့် အရာတွေကိုတော့ အစမပျိုးမိဖို့ အကောင်းဆုံးပါပဲလေ။ ဆရာမခတ္တာခင် ဖန်တီးထုဆစ်လိုက်တဲ့ အလွမ်းမြစ်ရိုး တစ်လျှောက်မှာ စာဖတ်သူတို့ စီးမျောရင်း ဘယ်လိုခံစားကြရမလဲ … နစ်မြုပ်သွားတဲ့ အကြောင်းအရာတွေကကော စာဖတ်သူတို့ကို ဘယ်လို စိတ်ဝင်စားစေမလဲ …
အားကောင်းလွန်းတဲ့ ဇာတ်ကောင်စရိုက် ဖန်တီးမှုတို့နောက်မှာ မျောပါရင်းနဲ့ စိတ်ကျေနပ်မှု ရရှိသွားစေမယ့် စာအုပ်တစ်အုပ်ပါပဲ။
Ks 6,000