ကိုယ့်ကိုယ်ကိုယ် ပြဌာန်းခြင်း

ကိုယ့်ကိုယ်ကိုယ် ပြဌာန်းခြင်း

🖊 စာရေးဆရာ
📖 စာပေအမျိုးအစား
စာမြည်းဖတ်ရန် ----
🗒 စာမျက်နှာ 128
ပုံနှိပ်မှတ်တမ်း ဒုတိယကြိမ်
အရွယ်အစား 5.3x8.3
💸 တန်ဖိုး Ks 7,000
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384

In stock

ဆရာ(ဦး)အောင်သင်းရဲ့ ကိုယ့်ကိုယ်ကိုယ်ပြဋ္ဌာန်းခြင်း စာအုပ်မှာ ခေါင်းစဉ်နှစ်ဆယ့်လေးခုကို အခြေခံပြီး ရေးသားထားတဲ့ ဆရာ့အာဘော်တွေ၊ ဗဟုသုတရဖွယ်ရာတွေကို တစ်ဝကြီး ဖတ်ရှုရမှာပါ။ ပထမဆုံးဖြစ်တဲ့ လွမ်းမောဖွယ်စာပေခရီးထဲမှာတော့ ဆရာမြသန်းတင့်ကို သတိရစိတ်နဲ့စတင်ရေးဖွဲ့ပြီး လူငယ်တွေကို နေရာပေးဖို့ အဓိက ပြောပြချင်ပုံပါပဲ။ ဆရာဟာ သူ့ထုံးစံအတိုင်း ရေးဖွဲ့သမျှထဲမှာ လူငယ်တွေကို အလေးထားစိတ်က ပေါ်လွင်လှပါတယ်။ လူငယ်နဲ့အနာဂတ်ကို အမြဲတမ်း ယှဉ်ထိုးကာ ပြသလေ့ရှိပါတယ်။

ဆရာအောင်သင်းဟာ တချို့သော အကြောင်းအရာတွေမှာတော့ ဘာသာရေးရဲ့ အရေးပါပုံလေးကို ချင့်ချိန်ထောက်ပြထားပါ‌သေးတယ်။ ဘာသာတရားတိုင်းမှာ ချမှတ်ထားတဲ့ စဉ်းမျဉ်းစည်းကမ်းတွေဟာ လူ့ဘောင်လောကထဲ တရားဥပဒေလိုမျိုး အရေးပါကြောင်း ရေးသားထားပုံက စိတ်ဝင်စားစဖွယ်ပါ။ သီလကြောင့် စောင့်ထိန်းရမဲ့အရာတွေဟာ စည်းဘောင်တစ်ခု ဖြစ်သွားတယ်ဆိုရင်ပဲ လူ့လောကအတွက် အကျိုးသက်ရောက်မှု ကြီးလာတယ် မဟုတ်ပါလား။ တကယ်တော့ ဘာသာတရားတိုင်းဟာ လောကကို မေတ္တာ၊ ကရုဏာနဲ့ ရှင်သန်ဖို့ သင်ကြားပေးခဲ့တဲ့ တန်ဖိုးမြင့်မားသော ဘဝနေနည်းတွေပါပဲ။

“ငါက စာကိုသင်နေတာ မဟုတ်ဘူး။ စိတ်ကိုသင်နေတာ။ စာသင်တယ်ဆိုတာ စိတ်တတ်ဖို့ သင်နေရတာ။ စာပဲတတ်ပြီး စိတ်မတတ်ရင် ပညာတတ် လူပေါကြီးတွေ ဖြစ်ကုန်မှာပေါ့ကွ”
ဆရာအောင်သင်းရေးဖွဲ့တဲ့ စာတွေထဲမှာ ခုလိုမျိုး စကားလုံးတွေကတော့ အစဉ်အမြဲ တန်ဖိုးထားမှတ်သားရမဲ့အရာပဲ ဖြစ်ပါလိမ့်မယ်။ စာကြောင်းလေးတစ်ကြောင်း၊ စကားလုံးလေးတစ်လုံးကအစ လိုက်နာသုံးစွဲမယ်ဆိုရင် စည်းကမ်းပြည့်ဝတဲ့ မိသားစုဘဝ၊ ကောင်းမွန်တဲ့ပတ်ဝန်းကျင်၊ ထိုမှတစ်ဆင့် တိုးတက်အောင်မြင်သော နိုင်ငံသားများအဖြစ် ထွန်းကားလာမှာ အသေအချာပါ။

ဆရာအောင်သင်းရဲ့ ကိုယ့်ကိုယ်ကိုယ်ပြဋ္ဌာန်းခြင်းစာအုပ်ဟာ ဆရာ့ရဲ့ အခြားသော နာမည်ကျော် စာအုပ်တွေလိုပါပဲ။ လူငယ်တွေအကြောင်း၊ ဘာသာရေးအဆုံးမတွေအကြောင်း၊ မိဘနဲ့သားသမီးအကြောင်း စသဖြင့် စုံလင်လှတဲ့ ထမင်းဝိုင်းကြီးတစ်ဝိုင်းသဖွယ်ပါ။ တစ်အုပ်လုံးဟာ ဖတ်ရှုသူကို ခံတွင်းမြိန်စေပါလိမ့်မယ်။ တစ်ပုဒ်ချင်းစီတိုင်းမှာ မှတ်သားနာယူဖွယ်ရာ၊ တန်ဖိုးထား သိမ်းဆည်းချင်စရာများလည်းအပြည့်ပါ။

ဒီစာအုပ်ထဲက ဆောင်းပါးတွေဟာ ဆရာအောင်သင်း ထိတွေ့ဆက်ဆံဖူးတဲ့ ‌လူ့ပတ်ဝန်းကျင်ထဲက ကောင်းနိုးရာရာလေးတွေကို စုပြီးသီထားတဲ့ ပုတီးကုံးလေးသဖွယ်ပါပဲ။ ဆရာ(ဦး)အောင်သင်းရဲ့ စာဖတ်ပရိသတ်တွေအတွက်သာမက စာချစ်သူအားလုံးအတွက် တန်ဖိုးထား ဆင်မြန်းချင်စရာ ကောင်းလှတဲ့ စာအုပ်လေးပါ။ စာသမားတိုင်းရဲ့ စာအုပ်စင်မှာ ရှိထားရမဲ့ စာအုပ်ဖြစ်သလို လူကြီးတွေရော လူငယ်တွေပါ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်လို့လည်း ဆိုနိုင်ပါတယ်။ အထူးသဖြင့် စာကောင်းပေမွန်များကနေ ဘဝသင်ခန်းစာတွေကို နာယူချင်သူတိုင်း ဆရာအောင်သင်းရဲ့ ကိုယ့်ကိုယ်ကိုယ်ပြဋ္ဌာန်းခြင်းကို ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

Main Menu

ကိုယ့်ကိုယ်ကိုယ် ပြဌာန်းခြင်း

ကိုယ့်ကိုယ်ကိုယ် ပြဌာန်းခြင်း

Ks 7,000

Add to Cart