နှလုံးလှဆရာဝန်
နှလုံးလှဆရာဝန် |
|
🖊 စာရေးဆရာ | ကျော်အောင် |
---|---|
📖 စာပေအမျိုးအစား | ရသစာပေ လုံးချင်း (ဘာသာပြန်), အတ္ထုပ္ပတ္တိစာအုပ်များ |
စာမြည်းဖတ်ရန် | View PDF |
🗒 စာမျက်နှာ | 338 |
ပုံနှိပ်မှတ်တမ်း | ပဉ္စမအကြိမ် |
အရွယ်အစား | 5.3 x 8.3 |
💸 တန်ဖိုး | Ks 9,000 |
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384 |
‘နှလုံးလှဆရာဝန်’ ဟာ ကနေဒီယန်း ခွဲစိတ်ကုဆရာတစ်ယောက်ဖြစ်တဲ့ နော်မန်ဗက်သွန်းရဲ့ ဘဝအကြောင်းကို ဇာတ်လမ်းပြုရေးဖွဲ့ထားတဲ့ ဘာသာပြန်ဝတ္ထုကောင်းတစ်ပုဒ်ပါ။ နော်မန်ဟာ ငယ်စဉ်ကပင် အနုပညာကို ဝါသနာပါခဲ့သူဖြစ်ပြီး ဆရာဝန် မဖြစ်မီကပင် စာပေနှင့် ပန်းချီကားများကို စွဲလန်းသူ၊ ပန်းချီကားရောင်းဝယ်ရေးလုပ်ခဲ့သူဖြစ်ပါတယ်။ ဘဝခရီးတစ်လျှောက် အောင်မြင်တဲ့ဆရာဝန်တစ်ယောက်အဖြစ်ကနေ စပိန်ပြည်တွင်းစစ် နဲ့ တရုတ် – ဂျပန် စစ်ပွဲကာလတွေမှာ ဘယ်လို သရုပ်ဆောင်သွားမလဲဆိုတာ နှလုံးလှဆရာဝန်မှာ တွေ့ရှိရပါမယ်။
အထူးသဖြင့် နော်မန်ဟာ ဖက်ဆစ်ဂျပန် ကျူးကျော်တပ်တွေကို တိုက်ထုတ်ရာမှာ ရွတ်ချွံစွာ ပါဝင်ခဲ့တာကြောင့် တရုတ်တော်လှန်ရေး သူရဲကောင်းတွေကြား “ပိုင်ချူအင်” အဖြစ် အမြတ်တနိုး ခေါ်ဝေါ်ကြတဲ့အထိ ကျော်ကြားခဲ့တယ်။ တရုတ်-ဂျပန်စစ်ပွဲကြီးစတင်ပြီး ခြောက်လခန့်အကြာမှာ တရုတ်နိုင်ငံသို့ ရောက်ခဲ့တဲ့ နော်မန်ဟာ စစ်မြေပြင်ဒဏ်ရာများ ကုသရာတွင် ဆန်းသစ်တဲ့နည်းပညာများကို မိတ်ဆက်ခြင်း ကဲ့သို့ ထူးကဲစွာ တာဝန်ကို ချဉ်းကပ်မှုကြောင့်လည်း သူဟာ ဒဏ္ဍာရီတွင်တဲ့အထိ ဖြစ်ခဲ့ရတာပါ။ မူရင်းဝတ္ထုဟာ ကမ္ဘာကျော်စာအုပ်ဖြစ်ခဲ့ပြီး ဆရာကျော်အောင်က နှလုံးလှဆရာဝန် အမည်နဲ့ ဘာသာပြန်တဲ့အခါမှာလည်း ဖတ်ရှုသူတိုင်း သဘောကျတဲ့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ် ဖြစ်လာပါတယ်။ ဘာသာပြန်စာချစ်သူတို့ လက်မလွတ်ဘဲ ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။