ဖိအားအောက်မှ ရုန်းထွက်ခြင်း
ဖိအားအောက်မှ ရုန်းထွက်ခြင်း |
|
🖊 စာရေးဆရာ | နေထွန်းလင်း |
---|---|
📖 စာပေအမျိုးအစား | အောင်မြင်ရေးနှင့်စိတ်ခွန်အား |
စာမြည်းဖတ်ရန် | View PDF |
🗒 စာမျက်နှာ | 80 |
ပုံနှိပ်မှတ်တမ်း | ပထမအကြိမ် |
အရွယ်အစား | 5.3 x 8.3 |
💸 တန်ဖိုး | Ks 4,500 |
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384 |
လူအများ ကြုံနေရတဲ့ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်း ၂၁ သွယ်။
ယနေ့ကမ္ဘာဟာ သမိုင်းတစ်လျှောက် အတိုးတက်ဆုံး ကာလကို ဖြတ်သန်းနေရတယ် ဆိုရင် မမှားပါဘူး။ ယခင့်ယခင်က အိပ်မက်ပင် မမက်ခဲ့ဖူးတဲ့ အံ့မခန်း တိုးတက်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင် ကြုံနေရပြီး အချိန်နဲ့အမျှ အသစ်အဆန်းတွေ တီထွင်ပေါ်ပေါက်လျက် ရှိနေတာပါ။ ဒီလို အရှိန်အဟုန် မြင့်မားစွာ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ ရှင်သန်နေရတဲ့ လူသားတွေဟာ အသစ်အသစ်သော ဆွဲဆောင်မှုတွေ၊ တောင်းဆိုမှုတွေ နောက်ကို အမှီလိုက်ရင်း၊ အမှီလိုက်ဖို့ ကြိုးစားရင်း ဖိအားတွေ အောက်ကျရောက်ကာ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေကို ရင်ဆိုင်ကြုံတွေ့လာရပါတော့တယ်။
ဖိအားတွေကတစ်ဆင့် ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေဟာ ဘာအတွက်မှ ကောင်းကျိုးမရှိပါဘူး။ ရုပ်ဝတ္ထု အသစ်အဆန်းတွေရဲ့ လှည့်ဖြားမှု မာယာနောက် လိုက်ရင်းလိုက်ရင်း ဇောနဲ့ အရှိန်တွေကို မသတ်နိုင်တဲ့အခါ မိမိရဲ့ စိတ်မှာ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေ ဝင်ရောက်လာမယ်။ အဲ့ဒီကနေ စိတ်ကျရောဂါအထိ ဖြစ်လာနိုင်ပြီး အသက်ဘေးကို ကြုံတဲ့အထိ အန္တရာယ် ရှိနိုင်လာပါတယ်။
ဒီအတွက် နေ့စဉ်ဘဝကို ရှင်သန်နေထိုင်ရင်း တိုးတက်အောင်မြင်ဖို့ ကြံစည်ရမှာ ဖြစ်သလို ဖိအားတွေအောက်က ရုန်းထွက်ဖို့လည်း လုပ်ဆောင်ရပါမယ်။ စိတ်ကျရောဂါ ဆိုတာဟာ ကျန်းမာရေးအခြေအနေ တစ်ရပ်ဖြစ်တာမို့ ဖိအားအောက်က ရုန်းထွက်တယ် ဆိုတာမှာလည်း စနစ်တကျနဲ့ နည်းမှန်လမ်းမှန် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ လမ်းလွဲနောက်ကို လိုက်မိရင် ပိုဆိုးသွားနိုင်တာမို့လို့ပါ။
ဒီစာအုပ်လေးမှာ စိတ်ဖိစီးမှုတွေကို ဖြစ်လာနိုင်စေတဲ့ ဖိအားအောက်က ရုန်းထွက်နည်း ၂၁ နည်းကို ဖော်ပြထားတာ ဖတ်ရှုလေ့လာရပါမယ်။ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေက လွယ်လွယ်ကူကူတွေပဲ ဖြစ်တာမို့ လုပ်ရတာ မခက်မခဲဘဲ ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်ပါတယ်။ ဥပမာအချို့ကို ဖော်ပြရရင် ပန်းချီဆွဲပါ၊ ဖိုင်တွေကို ပြန်စီပြီး ပြုံးလိုက်ပါ၊ မိမိကိုယ်ကို အားပေးပါ၊ နောက်ကျမှ ရေချိုးကြည့်၊ ကော်ဖီသောက်ချိန်လေး ပေးပါ၊ နံရံမှာ ပုံအသစ်တွေ ပြောင်းချိတ်ပါ၊ အိပ်ရာသိမ်းပါ၊ ဆံပင်ညှပ်လိုက်ပါ … စတာမျိုးလေးတွေဖြစ်ပြီး လုပ်ဆောင်သင့်တဲ့ အချက် ၂၁ ချက်ပါဝင်ကာ ဘာကြောင့် ဒါတွေကို လုပ်သင့်တယ် ဆိုတာကို ရှင်းလင်းလွယ်ကူစွာ ရေးသားထားတာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်လ်ဒိုက ပြောခဲ့ပါတယ် “ဘဝဆိုတာ ရှေ့ဆက်သွားနေတာ … အတိတ်ကအတိတ်ပဲ၊ ပြီးခဲ့တာတွေက ဘယ်တော့မှ ပြန်မဖြစ်လာနိုင်တော့ဘူး။ အခု လက်ရှိအချိန်က အကောင်းဆုံးအချိန်။ ပစ္စုပ္ပန်ဆိုတာ ငါတို့ဘဝရဲ့ အကောင်းဆုံး လက်ဆောင်ပဲ” တဲ့။ ဒါကြောင့်မို့ လက်ရှိအချိန်ဟာ စိတ်ထွက်ပေါက်ပေးဖို့နဲ့ စိတ်ကိုအကောင်းဆုံးပြင်ဆင်ဖို့ အလိုအပ်ဆုံး အချိန်ဖြစ်တာမို့ ဒီစာအုပ်လေးထဲက နည်းလမ်းတွေကို အခုပဲ လက်တွေ့လိုက်လုပ်ကြည့်ပြီး ဖိအားတွေ အောက်က ရုန်းထွက်ကြဖို့ ဘာသာပြန်သူ စာရေးဆရာ နေထွန်းလင်းက တိုက်တွန်းထားပါတယ်။
စာအုပ်ရဲ့ အဆုံးသတ်မှာ (မူရင်းစာအုပ်မှာ မပါဝင်ဘဲ ဘာသာပြန်သူ စာရေးဆရာ နေထွန်းလင်း ကိုယ်တိုင်ရေးသားထားတဲ့) ‘ဘဝအတွက် အကောင်းဆုံး ပြန်လည်ပြင်ခြင်း’ ဆိုတဲ့ အခန်းတစ်ခန်း ပါဝင်ပါတယ်။ အဲ့ဒီအခန်းမှာ ဖိအားတွေအောက်က ရုန်းထွက်လာနိုင်တဲ့ အခြေအနေ ဖြစ်လာပြီဆိုရင် လူသစ်၊ စိတ်သစ်နဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အချက်အလက်တွေကို တင်ပြထားပါတယ်။ ဒါကြောင့်မို့ မိတ်ဆွေတို့ရဲ့ ဘဝမှာ ကြုံနေရတဲ့ ဖိအားတွေအောက်က ရုန်းထွက်ဖို့ ဒီစာအုပ်လေးက အကောင်းဆုံး အကြံဉာဏ်တွေကို ပေးသွားမှာပါ။